Relationship ကွီးတို့အနေနဲ့ ကိုယ်ချစ်သူကောင်မလေးက ကွီးတို့စီကနေဘယ်အရာတွေလိုချင်လည်းဆိုတာတော့ သိထားဖို့လိုပါမယ်။အကယ်၍ မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကိုဆက်ဖတ်ကြည့်လိုက်ပါ။တစ်ချို့အရာတွေက အရေးမကြီးဘူးထင်ရပေမယ့် မိန်းကလေးတွေအတွက်တော့ အရမ်းကိုအရေးပါနေတဲ့ အရာတွေဖြစ်နေတက်ပါတယ်။

(၁) ဖုန်းစခေါ်ခံရသူဖြစ်ချင်တယ်

Source : Sylvie Collection

ကွီးတို့အနေနဲ့ ချစ်သူတွေစဖြစ်ချိန်မှာ ဖုန်းတွေဆက်မယ် စာတို့ တွေပို့မယ် စသည့်ဖြင့်လုပ်ဆောင်ကြပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ ဖုန်းတွေအရင်လိုမပြောဖြစ်တာမျိုး အလုပ်တွေမအားတာကြောင့် Sms ပို့ဖို့မေ့လျော့နေတာမျိုးဖြစ်တက်ပါတယ်။ကောင်မလေးတွေအနေနဲ့ကတော့ အချိန်တွေဘယ်လောက်ပဲကြာကြာ သူမကိုကွီးတို့ဘက်ကနေ ဖုန်းတွေစခေါ်တာ မျိုးကိုပဲလိုချင်ကြတာဖြစ်ပါတယ်။ဒါကြောင့် ချစ်သူကောင်မလေးကို အချိန်မှန်ဖုန်းဆက်ပေးပါ။ဖုန်းပြောဖို့ မအားမလပ်ဖြစ်နေရင်တောင် Smsလေးပို့ပြီး သတိရကြောင်းစာလေးတွေပို့ပေးပါ။

(၂) စိတ်ချလုံခြုံမှုရချင်တယ်

Source : Shutterstock

Relationship တစ်ခုမှာ စိတ်ပူပင်နေရတာမျိုး ကြောက်လန့် နေရတာမျိုးနဲ့ စိတ်လုံခြုံမှုအပြည့်အဝမရရင် ဘယ်မိန်းကလေးမှ ပျော်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သင့်အနေနဲ့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေ ဥပမာသင့်ဘယ်သူနဲ့ အတူရှိနေလဲ ဘာတွေလုပ်နေလဲဆိုတာသူမကိုအမြဲပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။သင်ကိုယ်တိုင်လည်းသူမအပေါ် လိမ်ညာတာ ဖောက်ပြန်တာမျိုးတွေမရှိပဲ ရိုးသားဖြူစင်ဆုံးဆက်ဆံပေးပါ။ဒါဆိုရင်တော့ သူမကိုစိတ်ချလုံခြုံမှုပေးနိုင်မှာဖြစ်ပါတယ်။

(၃) သည်းခံပေးတက်မှုကိုလိုချင်တယ်

Source : Shutterstock

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်သူကောင်မလေးကို ဆိုးချင်နွဲ့ချင်ကြတာသဘာဝပါ။သူတို့ဆိုးသမျှ နွဲ့သမျှဟာသင့်ကိုချစ်လို့ဖြစ်တာကြောင့် သင့်အနေနဲ့ သူမကိုချော့တာ စိတ်ကောက်ပြေအောင်လုပ်ပေးတာမျိုးလေးတွေကိုပဲလိုချင်ကြတာပါ။ဒါကြောင့်ကိုယ်ချစ်သူဆိုးတာနွဲ့တာလေးတွေကို အတက်နိုင်ဆုံးသည်းခံပေးပါ။စိတ်မရှည်သလို စိတ်တိုသလိုပုံစံမျိုးတွေနဲ့ မတုန့်ပြန်ပါနဲ့။

(၄) ရေရာတဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ချင်တယ်

Source : Shutterstock

ကောင်မလေးတွေဟာသူတို့တကယ်ချစ်တဲ့ အမျိုးသားနဲ့ ပဲ အနာဂတ်ကိုအတူတူဖြတ်သန်းချင်ကြတာပါ။ကိုယ့်အနေနဲ့ သူမနဲ့ အတူဖြတ်သန်းမယ့်အနာဂတ်အတွက်ဘားမှပြင်ဆင်မှု မရှိဘူး Plan ချထားခြင်းမရှိဘူး စသည့်ဖြင့် ရေရာသေချာတဲ့ အနာဂတ်မရှိတဲ့ဘဝမှာနေပျော်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ်လည်းတစ်ကယ်ချစ်တယ်ဆိုရင် သူမနဲ့ အတူတူဖြတ်သန်းမယ့်အနာဂတ်အတွက် သေချာတဲ့အခြေအနေလေးတစ်ခုတော့ စီစဉ်ချထားသင့်ပါတယ်။