ရည်းစားထားတယ်ဆိုတာ သင်စရာမလိုတဲ့ လူ့ဖြစ်စဉ်တစ်ခုလို့ ပြောရမှာပါပဲ။ အရွယ်ရောက်လာတဲ့အခါ ချစ်စိတ်ဝင်ပြီး အဖော်ရှာတတ်တာ ဓမ္မတာပဲမဟုတ်လား။ ဒါပေမယ့်လည်း ရည်းစားထားဖို့ထက် ကိုယ်တကယ်ချစ်ရတဲ့သူ ဖြစ်ဖို့ ၊ ချစ်သူအရွေးမှန်ဖို့က ပိုအရေးကြီးပါတယ်။

ကောင်မလေးတစ်ယောက်ကို ရုပ်လှရုံသက်သက် ၊ ပညာတတ်ရုံ အမျိုးကောင်းရုံလောက်နဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးတာဟာ အမြဲတမ်း မမှန်နိုင်ပါဘူး။ တကယ်တော့ တစ်ဘဝလုံးအတူလက်တွဲရမယ့် လူတစ်ယောက်ကို ရွေးချယ်ရာမှာ စဉ်းစားစရာတွေ အများကြီး ရှိတာပါပဲ။ ဒီထဲကမှ အရေးကြီးဆုံးအရာတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) ကြင်နာတတ်လား

Couple in Date

Photo; Pexels

ကောင်မလေးတစ်ယောက်ကို ကြည့်တဲ့အခါ ကြင်နာတတ်သူဖြစ်ရဲ့လားဆိုတာကို ဦးစားပေးကြည့်ဖို့ ပြောချင်ပါတယ်။ ကြင်နာတတ်တဲ့ အမျိုးသမီးဟုတ်မဟုတ် တခြားသူတွေကို ဘယ်လို ဆက်ဆံသလဲ ၊ အယုတ်အလတ်အမြတ်မရွေး ဆက်ဆံတဲ့ပုံပေါ် ကြည့်ပြီး အကဲဖြတ်လို့ ရပါတယ်။ အသိအကျွမ်းတွေဆီက အသံလည်း နားထောင်နိုင်ပါတယ်။

(၂) EQ မြင့်သလား

Two Toys

Photo; Pexels

ယေဘုယျအားဖြင့် အမျိုးသမီးတွေဟာ ယောင်္ကျားတွေထက် EQ မြင့်ကြပါတယ်။ ဒါပေမယ့်လည်း ဒါက မိန်းကလေးတိုင်းကို ပြောတာ မဟုတ်ပါဘူး။ EQ မြင့်တယ်ဆိုတာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တာ ၊ ကိုယ့်စိတ်သဘောကို သိတာ လူမှုဆက်ဆံ‌ရေးကောင်းတာကို ဆိုလိုတာပါ။ အကျဉ်းရုံးပြောရရင် သဘောထားမှန်တာဟာ EQ ကောင်းတာပါပဲ။

(၃) ရည်မှန်းချက်တစ်ခုခု ရှိတဲ့လူ

Hands

Photo; Pexels

ပြောချင်တာက Passion တစ်ခုခု ရှိတဲ့ မိန်ကလေးမျိုးဖြစ်လားဆိုတာ ကြည့်ဖို့ပါ။ ဘဝနဲ့ပတ်သက်ပြီး ရည်မှန်းချက်ရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ဘဝအတွက် လက်တွဲဖော်ကောင်းတစ်ယောက်အနေနဲ့ရော စိတ်ခွန်အားဖြည့် လမ်းပြကြယ်တစ်စင်းလိုပါ ဖြစ်လာနိုင်ပါတယ်။

Featured Photo: huffpost