လူတိုင်းလူတိုင်း ကိုယ့်ရဲ့တစ်နေ့တာကို လန်းဆန်းမှုအပြည့် Energyအပြည့်နဲ့ဖြတ်သန်းချင်ကြပါတယ်။ တစ်နေ့လုံးလန်းဆန်းမှုမရှိပင်ပန်းနွမ်းနယ်သလိုခံစား နေရရင်အလုပ်ခွင်မှာလည်း အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရနိုင်သလိုကိုယ့်ရဲ့စွမ်းဆောင်ရည်တွေဟာလည်းတဖြေးဖြေးကျဆင်းလာနိုင်ပါတယ်။ ဒါဆိုရင်တစ် နေ့တာလုံးလန်းဆန်းနေစေဖို့အိပ်ယာနိုးနိုးချင်းလုပ်ဆောင့်သင့်တဲ့အလေ့အကျင့်ကောင်းများကိုပြောပြချင်ပါတယ်။

(၁) ရေသောက်ပါ

Source : Unlockmen

အိပ်ယာနိုးချင်းရေတစ်ဖန်ခွက်ကနေတစ်ဖန်ခွက်နီးပါးသောက်ပေးဖို့လိုအပ်ပါတယ်။မနက်ခင်းရေသောက်ခြင်းဟာရောဂါဘယကင်းဝေးစေတဲ့အပြင်ကင်ဆာရောဂါဖြစ်နိုင်မှုကိုပါကာကွယ်ပေးပါတယ်။အစာအိမ်လမ်းကြောင်းကိုလည်းသန့်စင်စေပြီးအစာအိမ်နဲ့ပတ်သတ်တဲ့ရောဂါတွေဖြစ်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။သင်သောက်မယ့်ရေတစ်ဖန်ခွက်ထဲ သံပရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီးသောက်ပေးမယ်ဆိုရင်ပိုကောင်းပါတယ်။

(၂) စိတ်ရဲ့အမှိုက်တွေရှင်းထုတ်ပါ

Source : Adventist.no

တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေဖို့ဆိုရင်နေ့တစ်နေ့ရဲ့အစပျိုးမှုကောင်းဖို့အများကြီးလိုအပ်ပါတယ်။မနက်ခင်းမှာတင်စိတ်ရှုပ်စရာစိတ်ညစ်စရာကြုံတွေ့ရပြီဆိုရင်အဲ့ဒီနေ့တစ်နေ့လုံးကောင်းကောင်းဖြတ်သန်းနိုင်ဖို့ဆိုတာမလွယ်ကူတော့ပါဘူး။ဒါကြောင့်မနက်အိပ်ယာနိုးတာနဲ့သင့်ရဲ့စိတ်ကိုကြည်လင်နေစေဖို့မကောင်းတဲ့အရာတွေအဝင်မခံဖို့ဂရုပြုသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

Source : The Cheat Sheet

ကိုယ်လက်လေ့ကျင်းခန်းလုပ်ပေးချင်းကလည်းကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတစ်ခုပါ။မနက်စောစောလမ်းလျောက်ချင်း,စက်ဘီးနင်းချင်း,Aerobicကစားချင်းစသည်ဖြင့်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်တစ်ခုခုပုံမှန်လုပ်ပေးသင့်ပါတယ်။ဒီလိုလေ့ကျင့်ခန်းတွေမလုပ်နိုင်ရင်တောင်အိမ်မှာပဲ၁၅မိနစ်ခန့်လောက်သွေးပူလေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးလို့ရပါတယ်။

(၄) မနက်စာစားပါ

Source : saludenvidiable.com

သန့်ရှင်းလတ်ဆတ်ပြီးအဟာရပြည့်ဝတဲ့မနက်စာတစ်ခွက်စားသုံးပေးပါ။မနက်စာစားချင်းဟာသင့်ကိုဉာဏ်ရည်ထက်မြက်စေတဲ့အပြင်ကောင်းမွန်တဲ့Energyတွေကိုလည်းပေးစွမ်းပါတယ်။အစာအိမ်ဟာတစ်ညလုံးအစာချက်လာပြီးတဲ့နောက်ကုန်သလောက်ဖြစ်နေတဲ့မနက်ခင်းမှာအဟာရပြည့်ဝတဲ့အစားအစာတွေကိုပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်။စက်အင်ဂျင်တစ်လုံးကောင်းကောင်းလည်ပတ်ဖို့အင်ဂျင်ဝိုင်ကောင်းကောင်းလိုအပ်သလိုပေါ့။