[Zawgyi]

တစ္ခါတစ္ေလမွာ ကိုယ္ေလ်ာက္လွမ္းေနတဲ့ လမ္းေၾကာင္းတစ္ခုအေပၚလက္ေလ်ာ့အရံႈးေပးခ်င္တဲ့စိတ္ေတြျဖစ္ေပၚလာတက္ပါတယ္။တကယ္ေတာ့လူအမ်ားစုမေအာင္ျမင္ဘူးဆိုတာလည္း လမ္းခရီးတစ္ဝက္မွာလက္ေလ်ာ့အရံႈးေပးလိုက္ၾကလို႔ ပါ။ကိုယ့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္တစ္ခုကိုေရာက္ဖို႔ဆိုတာ လြယ္ကူတဲ့အရာေတာ့မဟုတ္ပါဘူး။ဒါေၾကာင့္သင့္အေနနဲ႔ တစ္ ခါတစ္ေလမွာစိတ္ဓာတ္ေတြက်ၿပီး အရံႈးေပးခ်င္စိတ္ျဖစ္လာတိုင္းလုပ္ေဆာင္သင့္တဲ့နည္းလမ္းေကာင္းေလးေတြကိုေျပာျပ ေပးခ်င္ပါတယ္။

(၁) ခိုင္မာတဲ့ဦးတည္ခ်က္ရွိပါေစ


ကိုယ့္အေနနဲ႔ ဘယ္ေလာက္ပဲ လက္ေလ်ာ့အရံႈးေပးခ်င္ျဖစ္ေနပါေစ ခိုင္မာတဲ့ဦးတည္ခ်က္တစ္ခုရွိထားမယ္ဆိုပါက လက္ေလ်ာ့အရံႈးေပးခ်င္တဲ့စိတ္ေတြကုိ ေဖ်ာက္ဖ်က္ေပးႏိုင္မွာျဖစ္ပါတယ္။ေလာကမွာ ဘယ္အရာမွေတာ့လြယ္ကူတယ္ဆိုတာမရွိပါဘူး။အခက္အခဲအတားအဆီးေတြဆိုတာရွိၾကစျမဲပါ။သင့္ အေနနဲ႔ ကိုယ္ေရာက္ခ်င္တဲ့ပန္းတိုင္ကိုေရာက္ဖို႔ဆိုရင္ ခိုင္မာတဲ့ဦးတည္ခ်က္တစ္ခုခ်မွတ္ထားဖို႔ အေရးႀကီးပါတယ္။

(၂) လဲက်တိုင္းျပန္ထႏိုင္ပါေစ

Source : Shutterstock

ကမာၻေပၚမွာေအာင္ျမင္ေနတဲ့လူတိုင္း က်ရံႈးမႈေတြ စိတ္ဓာတ္ က်စရာအေျခအေနေတြနဲ႔ ႀကံဳေတြ႕ၾကရဖူးတယ္ဆိုတာ ေသခ်ာပါတယ္။ဒါေပမယ့္ သူတို႔ဟာ လဲက်တိုင္းၿပီးဆံုးသြားၿပီလို႔ မသတ္မွတ္ၾကပါဘူး။၅ႀကိမ္လဲက်ရင္ ၆ ႀကိမ္ေျမာက္ျပန္ထဖို႔ ႀကိဳးစားၾကသူေတြျဖစ္ပါတယ္။ဒါေၾကာင့္သင့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ေလ်ာက္လွမ္းရာလမ္းမွာ က်ရံႈးမႈေတြျဖစ္လာရင္ေတာင္ အရံႈးေပးဖုိ႔စိတ္မကူးပါနဲ႔။အမွားကေနသင္ယူၿပီးေနာက္တစ္ႀကိမ္ထပ္ႀကိဳးစားဖို႔ တိုက္တြန္းလိုပါတယ္။

 

(၃) ျဖတ္သန္းခဲ့တဲ့ခရီးတစ္ေလ်ာက္ကို ျပန္သံုးသပ္တက္ပါေစ

Source : Shutterstock

လူတိုင္းလူတိုင္း ကိုယ့္ေလ်ာက္ေနတဲ့လမ္းေၾကာင္းတစ္ခုအတြက္ ပန္းတိုင္မေရာက္ခင္မွာပဲ အရံႈးေပးခ်င္စိတ္ေတြျဖစ္ေပၚ လာတက္ပါတယ္။ဒါေပမယ့္အရံႈးေပးမယ္လို႔ စဥ္းစားမိတိုင္း ကိုယ္ျဖတ္သန္းခဲ့တဲ့ ခရီးတစ္ေလ်ာက္က ႀကိဳးစားခဲ့မႈေတြ ပင္ပန္းခဲ့မႈေတြအားလံုးကိုျပန္လည္ျမင္ေယာင္ၾကည့္ပါ။ဒီေလာက္ေတာင္ပင္ပန္းဆင္းရဲစြာႀကိဳးစားခဲ့သမွ် လြယ္လြယ္နဲ႔ လက္ မေလ်ာ့မိေစဖို႔ အတိတ္ကကိုယ့္ရဲ႕ ႀကိဳးစားမႈေတြက ဟန္႔တား ေနမွာျဖစ္ပါတယ္။ဒါေၾကာင့္ကိုယ္ႀကိုးစားခဲ့မႈေတြကိုျပန္လည္ျမင္ေယာင္ၿပီး အားကုန္သံုးကာ အနာဂတ္ပန္းတိုင္စီ ဆက္လက္ေလ်ာက္လွမ္းပါ။

(၄) အားေပးတက္တဲ့သူတစ္ေယာက္အနားမွာရွိပါေစ

Source : Shutterstock

တစ္ခါတစ္ေလမွာ ကုိယ္အေနန႔ဲ လမ္းေလ်ာ့အရံႈးေပးဖို႔ ျဖစ္ လာတဲ့အခါတိုင္း ကိုယ့္ရဲ႕ စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္ သူတစ္ေယာက္ ဥပမာသူငယ္ခ်င္းျဖစ္ေစ ကိုယ့္ရဲ႕ ခ်စ္သူ ျဖစ္ေစ ေနာက္ဆံုးမိသားစုဝင္ေတြျဖစ္ေစ တစ္ေယာက္ေယာက္ေတာ့ရွိ ေနသင့္ပါတယ္။ဒီလိုကိုယ့္အေပၚစိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္သူတစ္ေယာက္ေယာက္ရွိေနျခင္းက ကိုယ့္အတြက္အားသစ္ေတြကို ျဖစ္ေစႏိုင္သလို အႀကံဥာဏ္ေကာင္းေတြကိုလည္းေပးစြမ္းမွာျဖစ္ပါတယ္။ဒါေၾကာင့္အရံႈးေပးခ်င္စိတ္ေပၚလာတိုင္း အားေပးတက္တဲ့ ကိုယ့္ပတ္ဝန္းက်င္တစ္စံုတစ္ေယာက္နဲ႔ စကားေျပာပါ။ခြန္အားေတြျပန္လည္စုေဆာင္းပါ။

[Unicode]

တစ်ခါတစ်လေမှာ ကိုယ်လျောက်လှမ်းနေတဲ့ လမ်းကြောင်းတစ်ခုအပေါ်လက်လျော့အရှုံးပေးချင်တဲ့စိတ်တွေဖြစ်ပေါ်လာတက်ပါတယ်။တကယ်တော့လူအများစုမအောင်မြင်ဘူးဆိုတာလည်း လမ်းခရီးတစ်ဝက်မှာလက်လျော့အရှုံးပေးလိုက်ကြလို့ ပါ။ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုကိုရောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ဒါကြောင့်သင့်အနေနဲ့ တစ် ခါတစ်လေမှာစိတ်ဓာတ်တွေကျပြီး အရှုံးပေးချင်စိတ်ဖြစ်လာတိုင်းလုပ်ဆောင်သင့်တဲ့နည်းလမ်းကောင်းလေးတွေကိုပြောပြ ပေးချင်ပါတယ်။

(၁) ခိုင်မာတဲ့ဦးတည်ချက်ရှိပါစေ


ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ လက်လျော့အရှုံးပေးချင်ဖြစ်နေပါစေ ခိုင်မာတဲ့ဦးတည်ချက်တစ်ခုရှိထားမယ်ဆိုပါက လက်လျော့အရှုံးပေးချင်တဲ့စိတ်တွေကို ဖျောက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။လောကမှာ ဘယ်အရာမှတော့လွယ်ကူတယ်ဆိုတာမရှိပါဘူး။အခက်အခဲအတားအဆီးတွေဆိုတာရှိကြစမြဲပါ။သင့် အနေနဲ့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဆိုရင် ခိုင်မာတဲ့ဦးတည်ချက်တစ်ခုချမှတ်ထားဖို့ အရေးကြီးပါတယ်။

(၂) လဲကျတိုင်းပြန်ထနိုင်ပါစေ

Source : Shutterstock

ကမ္ဘာပေါ်မှာအောင်မြင်နေတဲ့လူတိုင်း ကျရှုံးမှုတွေ စိတ်ဓာတ် ကျစရာအခြေအနေတွေနဲ့ ကြုံတွေ့ကြရဖူးတယ်ဆိုတာ သေချာပါတယ်။ဒါပေမယ့် သူတို့ဟာ လဲကျတိုင်းပြီးဆုံးသွားပြီလို့ မသတ်မှတ်ကြပါဘူး။၅ကြိမ်လဲကျရင် ၆ ကြိမ်မြောက်ပြန်ထဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ဒါကြောင့်သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်လျောက်လှမ်းရာလမ်းမှာ ကျရှုံးမှုတွေဖြစ်လာရင်တောင် အရှုံးပေးဖို့စိတ်မကူးပါနဲ့။အမှားကနေသင်ယူပြီးနောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။

 

(၃) ဖြတ်သန်းခဲ့တဲ့ခရီးတစ်လျောက်ကို ပြန်သုံးသပ်တက်ပါစေ

Source : Shutterstock

လူတိုင်းလူတိုင်း ကိုယ့်လျောက်နေတဲ့လမ်းကြောင်းတစ်ခုအတွက် ပန်းတိုင်မရောက်ခင်မှာပဲ အရှုံးပေးချင်စိတ်တွေဖြစ်ပေါ် လာတက်ပါတယ်။ဒါပေမယ့်အရှုံးပေးမယ်လို့ စဉ်းစားမိတိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ ခရီးတစ်လျောက်က ကြိုးစားခဲ့မှုတွေ ပင်ပန်းခဲ့မှုတွေအားလုံးကိုပြန်လည်မြင်ယောင်ကြည့်ပါ။ဒီလောက်တောင်ပင်ပန်းဆင်းရဲစွာကြိုးစားခဲ့သမျှ လွယ်လွယ်နဲ့ လက် မလျော့မိစေဖို့ အတိတ်ကကိုယ့်ရဲ့ ကြိုးစားမှုတွေက ဟန့်တား နေမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ကြိုးစားခဲ့မှုတွေကိုပြန်လည်မြင်ယောင်ပြီး အားကုန်သုံးကာ အနာဂတ်ပန်းတိုင်စီ ဆက်လက်လျောက်လှမ်းပါ။

(၄) အားပေးတက်တဲ့သူတစ်ယောက်အနားမှာရှိပါစေ

Source : Shutterstock

တစ်ခါတစ်လေမှာ ကိုယ်အနေနဲ့ လမ်းလျော့အရှုံးပေးဖို့ ဖြစ် လာတဲ့အခါတိုင်း ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သူတစ်ယောက် ဥပမာသူငယ်ချင်းဖြစ်စေ ကိုယ့်ရဲ့ ချစ်သူ ဖြစ်စေ နောက်ဆုံးမိသားစုဝင်တွေဖြစ်စေ တစ်ယောက်ယောက်တော့ရှိ နေသင့်ပါတယ်။ဒီလိုကိုယ့်အပေါ်စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်သူတစ်ယောက်ယောက်ရှိနေခြင်းက ကိုယ့်အတွက်အားသစ်တွေကို ဖြစ်စေနိုင်သလို အကြံဉာဏ်ကောင်းတွေကိုလည်းပေးစွမ်းမှာဖြစ်ပါတယ်။ဒါကြောင့်အရှုံးပေးချင်စိတ်ပေါ်လာတိုင်း အားပေးတက်တဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်စုံတစ်ယောက်နဲ့ စကားပြောပါ။ခွန်အားတွေပြန်လည်စုဆောင်းပါ။