[Zawgyi]

Gentleman ကို လူၾကီးလူေကာင္းလို ့ျမန္မာမႈျပဳထားပါတယ္။ အသက္မၾကီးေသးေပမယ့္ Gentle Guy ျဖစ္ႏိုင္ပါတယ္။ ဒီအတြက္ Gentleman ေတြဆီက ဒီအေလ့အက်င့္ေတြ သင္ထားဖို ့ေတာ့ လိုမွာပါ။

(၁) သပ္သပ္ရပ္ရပ္ ဝတ္စားျခင္း

Source: ShutterStock

တန္ဖိုးၾကီး Brand ေတြ ဝတ္ဖို ့ခ်ည္း လိုတာေတာ့ မဟုတ္ပါဘူး။ ကိုယ္ဝတ္လိုက္တဲ့ အဝတ္အစားဟာ လူမႈစံေတြနဲ ့လဲြေနတဲ့ သရုပ္ပ်က္ဝတ္စားမႈ မျဖစ္ဖို ့နဲ ့သန္ ့ရွင္းသပ္ရပ္ျပီး စမတ္က်ေနဖို ့ပါပဲ။ ဝတ္စားဆင္ယင္တတ္ျခင္းဟာ လူတစ္ေယာက္ကို ပံုေျပာင္းေပးႏိုင္ရံုတင္မဟုတ္ဘဲ လူရဲ့ အေနအထိုင္ကိုပါ တည္ၾကည္သြားေစပါတယ္။

(၂) ယဥ္ေက်းမႈရိွျခင္း

Source: ShutterStock

လူမ်ိဳးတိုင္းမွာ တန္ဖိုးထားၾကတဲ့ ယဥ္ေက်းမႈ ဓေလ့နဲ ့ထံုးစံေကာင္းေတြ ရိွပါတယ္။ ဒီယဥ္ေက်းမႈေတြကို သိနားလည္ျပီး လိုက္နာတဲ့သူဟာ လူၾကီးလူေကာင္းပါပဲ။ ဒီလို က်င့္ဝတ္ထံုးစံကို သိကြ်မ္းက်င္ျခင္းဟာ လူအခ်င္းခ်င္းအၾကား ေလးစားတန္ဖိုးထားမႈ ျမင့္မားေစသလို ကိုယ့္ပံုရိပ္ကိုလည္း ျမွင့္တင္ရာေရာက္ပါတယ္။

(၃) နားေထာင္ေကာင္းသူ ျဖစ္ျခင္း

Source: ShutterStock

စကားေျပာေကာင္းျခင္းဟာ သိပ္အေရးပါပါတယ္။ ဒါေပမယ့္ နားေထာင္သူေကာင္း ျဖစ္ျခင္းက ပိုျမင့္တဲ့ အရည္အခ်င္းပါ။ ေဒါသထြက္စရာပဲ ျဖစ္ျဖစ္ ျငင္းခုန္စရာပဲ ျဖစ္ျဖစ္ ၾကံဳလာခ်ိန္မွာ ေအးေဆးတည္ၾကည္စြာနဲ ့နားေထာင္ေျဖရွင္းတတ္သူဟာ ဆရာက်ပါတယ္။ ဒါဟာ Gentleman ေတြရဲ့ ထူးျခားတဲ့ အရည္အခ်င္းလည္း ျဖစ္ပါတယ္။

(၄) စကားတည္ၾကည္ျခင္း

Source: ShutterStock

အလုပ္နဲ ့အေျပာဟာ တစ္ထပ္တည္းက်ပါေပတယ္ဆိုတဲ့ သူကို ဘယ္သူမဆို သေဘာက်ပါတယ္။ လူၾကီးလူေကာင္းေတြက ကတိေပး မလြယ္ေပမယ့္ ဆိုခဲေစျမဲေစ သမားေတြ ျဖစ္လို ့သူတို ့ေပးတဲ့ ကတိကို အျမဲေစာင့္ထိန္းပါတယ္။

[Unicode]

Gentleman ကို လူကြီးလူကောင်းလို့မြန်မာမှုပြုထားပါတယ်။ အသက်မကြီးသေးပေမယ့် Gentle Guy ဖြစ်နိုင်ပါတယ်။ ဒီအတွက် Gentleman တွေဆီက ဒီအလေ့အကျင့်တွေ သင်ထားဖို့တော့ လိုမှာပါ။

(၁) သပ်သပ်ရပ်ရပ် ဝတ်စားခြင်း

Source: ShutterStock

တန်ဖိုးကြီး Brand တွေ ဝတ်ဖို့ချည်း လိုတာတော့ မဟုတ်ပါဘူး။ ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားဟာ လူမှုစံတွေနဲ့လွဲနေတဲ့ သရုပ်ပျက်ဝတ်စားမှု မဖြစ်ဖို့နဲ့သန့်ရှင်းသပ်ရပ်ပြီး စမတ်ကျနေဖို့ပါပဲ။ ဝတ်စားဆင်ယင်တတ်ခြင်းဟာ လူတစ်ယောက်ကို ပုံပြောင်းပေးနိုင်ရုံတင်မဟုတ်ဘဲ လူရဲ့ အနေအထိုင်ကိုပါ တည်ကြည်သွားစေပါတယ်။

(၂) ယဉ်ကျေးမှုရှိခြင်း

Source: ShutterStock

လူမျိုးတိုင်းမှာ တန်ဖိုးထားကြတဲ့ ယဉ်ကျေးမှု ဓလေ့နဲ့ထုံးစံကောင်းတွေ ရှိပါတယ်။ ဒီယဉ်ကျေးမှုတွေကို သိနားလည်ပြီး လိုက်နာတဲ့သူဟာ လူကြီးလူကောင်းပါပဲ။ ဒီလို ကျင့်ဝတ်ထုံးစံကို သိကျွမ်းကျင်ခြင်းဟာ လူအချင်းချင်းအကြား လေးစားတန်ဖိုးထားမှု မြင့်မားစေသလို ကိုယ့်ပုံရိပ်ကိုလည်း မြှင့်တင်ရာရောက်ပါတယ်။

(၃) နားထောင်ကောင်းသူ ဖြစ်ခြင်း

Source: ShutterStock

စကားပြောကောင်းခြင်းဟာ သိပ်အရေးပါပါတယ်။ ဒါပေမယ့် နားထောင်သူကောင်း ဖြစ်ခြင်းက ပိုမြင့်တဲ့ အရည်အချင်းပါ။ ဒေါသထွက်စရာပဲ ဖြစ်ဖြစ် ငြင်းခုန်စရာပဲ ဖြစ်ဖြစ် ကြုံလာချိန်မှာ အေးဆေးတည်ကြည်စွာနဲ့နားထောင်ဖြေရှင်းတတ်သူဟာ ဆရာကျပါတယ်။ ဒါဟာ Gentleman တွေရဲ့ ထူးခြားတဲ့ အရည်အချင်းလည်း ဖြစ်ပါတယ်။

(၄) စကားတည်ကြည်ခြင်း

Source: ShutterStock

အလုပ်နဲ့အပြောဟာ တစ်ထပ်တည်းကျပါပေတယ်ဆိုတဲ့ သူကို ဘယ်သူမဆို သဘောကျပါတယ်။ လူကြီးလူကောင်းတွေက ကတိပေး မလွယ်ပေမယ့် ဆိုခဲစေမြဲစေ သမားတွေ ဖြစ်လို့သူတို့ပေးတဲ့ ကတိကို အမြဲစောင့်ထိန်းပါတယ်။