အသားအရေကို ဂရုတစိုက် အမြဲထိန်းသိမ်းလေ့ရှိတဲ့ ကိုကိုတို့အတွက် အသားအရေဆိုင်ရာ အထူးသဖြင့် မျက်နှာနဲ့ပတ်သက်ပြီး ရှောင်ကြဉ်သင့်တဲ့ အချက်ကလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီအချက်ကလေးတွေကို သတိထားပြီး ရှောင်ကြဉ်ကြမယ်ဆိုရင် ဝက်ခြံ တင်းတိပ် အမည်းစက် စတဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

အရက်နဲ့ ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းရှောင်ပါ

Source i.kinja-img.com

ယောကျာ်းလေးတွေ ဖြစ်တဲ့အတွက် အရက် ဆေးလိပ်တို့ကို မကင်းနိုင်ဘူးဆိုလည်း အလွန်အကျွံ မသောက်သုံးမိအောင် ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အရက်နဲ့ ဆေးလိပ်တွေကို အလွန်အကျွံသောက်သုံးခဲ့မယ်ဆိုရင် အိုမင်းရင့်ရော်ခြင်းတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ ဒါ့ကြောင့် လစ်မစ်တစ်ခုကိုထားပြီး သောက်သုံးပါ။ အလွန်အကျွံကတော့ ဘယ်အရာမှ မကောင်းပါဘူး။

ဓာတုဆေးဝါးပြင်းထန်တဲ့ အလှကုန်ပစ္စည်းတွေကိုရှောင်ပါ

Source: timesofindia.indiatimes.com

ယောကျာ်းလေးဆိုပေမယ့်လည်း ကိုယ့်မျက်နှာပြင်အတွက်သုံးမယ့် အလှကုန်တွေကို ဝယ်ယူတဲ့အခါမှာ ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးသင့်ပါတယ်။ မျက်နှာပြင်မှာ အသုံးပြုမယ့် ဥပမာ မျက်နှာသစ်ဆေးရည်ကို တတ်နိုင်သမျှ ဓာတုဆေးဝါးပြင်းလွန်းတဲ့ မျက်နှာသစ်ဆပ်ပြာတွေ ဝယ်မသုံးမိပါစေနဲ့။ ပျော့ပြောင်းတဲ့ မျက်နှာသစ်ဆေးမျိုးကိုသာ ရွေးချယ်ဝယ်ယူပါ။

အလှကုန်ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းမသုံးပါနဲ့

Source: cdn.needish.com

အလှကုန်ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးတာမျိုးလည်း မလုပ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုနဲ့တစ်ခု ဓာတ်မတည့်တဲ့အခါ ထိခိုက်မှာက ကိုယ့်အသားအရေပါပဲ။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိနဲ့သင့်တော်ကိုက်ညီတဲ့ အမျိုးအစားတစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲသုံးစွဲပါ။

မျက်နှာကို မသန့်ရှင်းတဲ့လက်နဲ့ မကြာခဏ မထိပါနဲ့

Source: images.askmen.com

လက်ဆိုတဲ့အမျိုးဟာ တစ်နေ့တာအတွင်းမှာ အလုပ်ရှုပ်ဆုံး အလုပ်များဆုံးအရာပါ။ ကွန်ပျူတာထိတွေ့ကိုင်တွယ်မယ်၊ စားပွဲ ကုလားထိုင်တွေနဲ့ မကြာခဏ ထိတွေ့မယ် စသဖြင့် ဘက်တီးရီးယား ပိုးမွှားပေါင်းစုံဟာ လက်ထဲမှာရှိလွယ်ပါတယ်။ အဲဒီလက်နဲ့ မကြာခဏ မျက်နှာကို ထိတွေ့ကိုင်တွယ်နေမယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံနဲ့ အရေပြားဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။