လုပ်ငန်းခွင်ဟာ လူတိုင်း နေ့စဉ် အချိန်အများကြီး ကုန်ဆုံးရတဲ့ နေရာတစ်ခုပါ။ မနက်အိပ်ယာက နိုးတာနဲ့ ရေမိုးချိုး၊ ကိုယ်လက်သန့်စင်ပြီး လုပ်ငန်းခွင်ကို ဝင်ကြရပြီး ညမိုးစုန်းစုန်းချုပ်ချိန်ကျမှ အိမ်ကိုပြန်ရောက်ကြရတာပါ။ ဒီလို နေ့စဉ်နဲ့အမျှ ကိုယ့်ရဲ့အချိန်တွေကို မြှုပ်နှံထားရတဲ့ လုပ်ငန်းခွင်မှာ လုံးဝမလုပ်သင့်တဲ့ ဥပဒေသတွေလည်း ရှိနေပါတယ်။
သူများအကြောင်းပတ်ပြောခြင်း
Source: http://www.cheatsheet.com/
လူတွေက သူတို့ မကောင်းကြောင်းပြောတာကို ကြိုက်ကြမယ်မထင်ပါဘူး။ ပြီးတော့ ဒီလိုစကားတွေ လျှောက်ပြောနေတဲ့အတွက် ကိုယ်လုပ်ရမယ့်တာဝန်တွေ လစ်ဟင်းကုန်ပါတယ်။ နောက်ပြီး ဒီအပြုအမူဟာ တခြားသူတွကိုလည်း စိတ်အနှောင့်အယှက်ပေးနေတာပါပဲ။
နေရာတကာ စပ်စပ်စုစုဝင်ပါခြင်း
Source: https://www.incimages.com/g
ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ပါလေရာ ငါးပိချက်တွေကိုလည်း လူတွေက ကြည့်မရကြပါဘူး။ လုပ်ငန်းခွင်ဟာ လူစုံပါတယ်။ ကိုယ်ရေးကိုယ်တာအကြောင်းတွေနဲ့အတူ အပူတွေ ပြသနာတွေလည်း စုံပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် သူများအတွင်းရေးတွေ လိုက်မေးနေခဲ့ရင်တော့ အလုပ်မလုပ်သူတစ်ယောက်အဖြစ် သူဌေးက သတိထားမိသွားပါလိမ့်မယ်။
လုပ်ချင်ရာလုပ်၊ နေချင်သလိုနေခြင်း
Source: https://pilbox.themuse.com
အလုပ်ဆိုတာမျိုးက အသင်းအဖွဲ့နဲ့ လုပ်ရတာပါ။ ဒီလို အသင်းအဖွဲ့နဲ့ လုပ်ရတဲ့နေရာမျိုးမှာ သင်က လုပ်ချင်ရာလုပ် နေချင်သလိုနေမယ်ဆိုရင်လည်း မရပါဘူး။ လုပ်ငန်းခွင်အတွင်း အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လုပ်မှသာ အရာရာအဆင်ပြေချောမွေ့နိုင်မှာပါ။
အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရောစွက်တတ်ခြင်း
အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစတွေ ရောစွက်တတ်သူကိုလည်း လုပ်ငန်းခွင်က လူတွေကရှောင်ပါတယ်။ ဒီလိုလူမျိုးတွေကလည်း လုပ်ငန်းခွင်အတွင်း အရမ်းစိတ်အနှောင့်အယှက်ပေးတတ်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။