သင် အခုတွဲနေတဲ့ ကောင်မလေးကို အမှန်တကယ်ချစ်မြတ်နိုးရဲ့လား။ ဒါဆိုရင်တော့ လက်ရှိတွဲနေတဲ့အချိန်မှာရော နှစ်ယောက်သားလက်ထပ်ပြီးလို့ နှစ်ယောက်တစ်ဘဝထူထောင်နေတဲ့အချိန်မှာရော ရှောင်ကြဉ်သင့်တဲ့အပြုအမူတစ်ချို့ရှိပါတယ်။ ဘယ်လိုအပြုအမူတွေဖြစ်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

မာနကြီးလွန်းခြင်း

Source: Elitedaily.com

မိန်းကလေးတွေရဲ့သဘာဝ သူတို့ကို အလျော့ပေးတာကို ကြိုက်နှစ်သက်ကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ချစ်သူက သူတို့ကို အလျော့ပေးရင် ပိုသဘောကျကြပါတယ်။ မာနလုံးဝမထားရမှာကို ဆိုလိုတာမဟုတ်ပါဘူး။ မလိုအပ်တဲ့နေရာမှာ မာနမထားပါနဲ့။ ဥပမာ နှစ်ယောက်သား စကားများရန်ဖြစ်တဲ့အခါ သင့်ဘက်ကအလျော့ပေးပြီး သူမစိတ်ပြေအောင် ချော့တဲ့အကျင့်လေးမွေးမြူထားပါ။

စိတ်ကောက်ချင်ကောက် မကောက်ချင်နေ၊ ငါကတော့ လုံးဝမချော့ဘူးဆိုပြီး ပစ်ထားမယ်ဆိုရင် တစ်ခေါက် နှစ်ခေါက်တော့ သူမသည်းခံပါလိမ့်မယ်။ ဒါပေမဲ့ သည်းခံရတာကြာလာရင်တော့ သင်တို့သမီးရည်းစားဆက်ဆံရေးက စိုးရိမ်ရေးအမှတ်သို့ ရောက်ရှိနိုင်ချေရှိပါတယ်။

ကျန်းမာရေးနဲ့သက်ဆိုင်သော သဘာဝတရားကို ရွံရှာတဲ့ပုံသဏ္ဍာန် ပြသခြင်း

Source: Istockphoto.com

မိန်းကလေးတွေ တစ်လတစ်ခါ ဓမ္မတာလာခြင်းကို ရွံရှာတဲ့ပုံသဏ္ဍာန်ပြသခြင်းကိုလည်း သူမက ကြိုက်မှာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့နောက်မှာလည်း သူမက ခြေသလုံးမွှေးရိတ်ခြင်း၊ ဂျိုင်းမွှေးရိတ်ခြင်း စတဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ပတ်သက်တဲ့အရာတွေပြုလုပ်တဲ့အခါ ရွံရှာတဲ့ပုံ မပြုလုပ်မိဖို့ အရေးကြီးပါတယ်။

သင့်ရဲ့မိခင် (သို့) သင့်ရဲ့ ရည်းစားဟောင်းနဲ့ သူမကို နှိုင်းယှဉ်ခြင်း

Source: Crosswalk.com

ငါ့ရည်းစားဟောင်းတုန်းက တစ်ခွန်းဆိုတစ်ခွန်းပဲ ငါပြေသမျှနားထောင်တယ်ဆိုပြီး နှိုင်းယှဉ်ပြောဆိုခြင်း၊ မင်းရဲ့ ဟင်းချက်လက်ရာကလည်း ဆိုးရွားလိုက်တာ ငါ့အမေ ငါ့ကိုချက်ကျွေးနေကျက ဒီ့ထက် ဆယ်ဆသာတယ် စသည်ဖြင့် နှိုင်းယှဉ်ခြင်းတွေက သင်တို့နှစ်ယောက်ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေဖြစ်သွားနိုင်ပါတယ်။ သူမဆီမှာ မကောင်းတဲ့အချက်လေးတွေရှိရင် တခြားသူနဲ့နှိုင်းယှဉ်မယ့်အစား စိတ်ရင်းစေတနာနဲ့ပြုပြင်ပေးလိုက်ပါ။

စက်ပစ္စည်းများနဲ့ အခြားကိရိယာများကို စွဲလမ်းခြင်း

Source: Thoughtco.com

မိန်းကလေးတွေ ငယ်ငယ်တုန်းက အရုပ်မတွေနဲ့ ဆော့ကစားချိန်မှာ ယောကျာ်းလေးတွေကတော့ မော်တော်ကားအရုပ်၊ ဆိုင်ကယ်အရုပ်တွေနဲ့ ဆော့ကစားလေ့ရှိကြပါတယ်။ ကြီးလာတဲ့အခါမှာလည်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စတဲ့စက်ပစ္စည်းတွေကို ကြိုက်နှစ်သက်လာကြပါတယ်။ သင်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ သူမအတွက် အချိန်မပေးဘဲ ဂိုဒေါင်ထဲမှာပဲ အချိန်ဖြုန်းပြီး ကားတို့၊ ဆိုင်ကယ်တို့ကိုပဲ အားအားရှိကလိနေတာကိုတော့ သူမက ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။ သူမကို နံပါတ်တစ်နေရာမှာမထားဘူး၊ ဦးစားမပေးဘူး အလေးမထားဘူးဆိုပြီး အထင်လွဲသွားပါလိမ့်မယ်။

သူမရှေ့မှာ အလွန်အကျွံလေချဉ်တက်ခြင်း၊ လေလည်ခြင်း

Source: Huffingtonpost.ca

ကိုယ့်မျက်နှာရှေ့တည့်တည့်လာပြီး လေချဉ်တက်တာကို သင့်ကောင်မလေးမပြောနဲ့ လူတိုင်းကြိုက်ကြမှာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ၊ မတော်တဆမဟုတ်ဘဲ တမင်တကာရည်ရွယ်ပြီး သူမရှေ့တည့်တည့်မှာ လေချဉ်တက်ခြင်း၊ လေလည်ခြင်းစတဲ့ အပြုအမူမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။