[Zawgyi]

တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕ အျပဴအမူေတြက လူေတြအတြက္ စိတ္အေႏွာက္ယွက္ျဖစ္စရာ စိတ္ပ်က္စရာျဖစ္ေနတက္ပါတယ္။ဒါေပမယ့္လည္းတစ္ခ်ဳိ႕လူေတြကေတာ့ ကိုယ့္ရဲ႕လုပ္ရပ္ေတြကို မသိၾကပါဘူး။ဒီေန႔မွာေတာ့ ကိုယ့္ပတ္ဝန္းက်င္ကလူေတြ စိတ္ပ်က္သြားေစမယ့္ အျပဳအမူေတြကို သတိထားေရွာင္ က်ဥ္မိေစဖို႔ အေရးႀကတဲ့အခ်က္ေလးေတြကိုေျပာျပေပးခ်င္ပါတယ္။

(၁) ၾကြားဝါတက္ျခင္း

Source : San Francisco AIDS Foundation

ဘယ္သူမွၾကြားဝါတက္တဲ့အက်င့္ကိုမႀကိဳက္ၾကပါဘူး။ကိုယ္ မွာလူအထင္ႀကီးစရာအရာေတြျဖစ္ေတြ ကားအေကာင္းစား ေနာက္ဆံုးေပၚဖုန္း ေငြေၾကးဥစၥာစသည့္ျဖင့္ ဒီလိုအရာေတြရွိေနရင္ေတာင္ သိုသိုသပ္သပ္ပဲေနသင့္ပါတယ္။ေလးႀကီးေလက်ယ္နဲ႔ ၾကြားဝါတဲ့စကားလံုးအႀကီးႀကီးေတြက ကိုယ့္ပတ္ဝန္းမွာရွိတဲ့လူေတြကို စိတ္ပ်က္သြားေစမွာအမွန္ပါပဲ။

(၂) အခ်ိန္တိုင္းၿငီးျငဴေနျခင္း

Source : Covenant Hills Treatment Center

လူတိုင္းမွာပူပင္ေသာကဆိုတာရွိၾကစျမဲပါ။ဒါေပမဲ့ သူတစ္ေယာက္ထဲမွာပဲ ပူပင္ေသာကေတြရွိေနသလိုမ်ဳိး အခ်ိန္တိုင္းမၿငီးျငဴေနသင့္ပါဘူး။ဘယ္အခ်ိန္ေတြ႔ေတြ႕ျပႆနာေတြနဲ႔ပဲ ရင္ဆိုင္ေနသလို ၿငီးျငဴေနျခင္းဟာ တျခားသူေတြအတြက္လည္း စိတ္အေႏွာက္အရွက္ျဖစ္ေစသလို ကိုယ္နဲ႔လည္းေနာက္ထပ္ ပတ္သတ္ဆက္ဆံခ်င္ေတာ့မွာမဟုတ္ပါဘူး။

(၃) ဆိုရွယ္မီဒီယာကုိအထာက်က်မသံုးျခင္း

Source : Cell Phone Gps Tracker

ယေန႔ေခတ္မွာလူတစ္ေယာက္နဲ႔တစ္ေယာက္ခင္မင္သိကြ်မ္းလာတာနဲ႔ အမွ် ဆိုရွယ္မီဒီယာအေကာင့္ေတြလည္းအျပန္အလွန္အပ္လာၾကပါတယ္။ဆိုရွယ္မီဒီယာဆိုတာကလည္းကိုယ့္ရဲ႕ Profile တစ္ခုျဖစ္တာေၾကာင့္ ကိုယ့္အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္းသံုးသင့္ပါတယ္။ဆိုရွယ္မီဒီယာေပၚမွာစာေတြအမ်ားႀကီး ေရးျခင္း သူမ်ား Post ေတြေအာက္မွာအဆိုးျမင္ဝါဒီေတြပါတဲ့ Comment ေတြေရးသားျခင္းစတဲ့ ပေရာ္ဖက္ရွင္နယ္မဆန္ တဲ့လုပ္ရပ္ေတြကိုအတက္ႏိုင္ဆံုးေရွာင္က်ဥ္သင့္ပါတယ္။

(၄) အတင္းေျပာျခင္း

Source : 123rf.com

လူတစ္ေယာက္ရဲ႕ေနာက္ကြယ္မွာ အဲ့ဒီလူအေၾကာင္းေျပာဆိုျခင္းကတကယ့္ကိုအထင္ေသးစရာပါ။သင့္အေနနဲ႔ တျခားသူကိုသူမ်ားအေၾကာင္းအတင္းအေနန႔ဲေျပာမယ္ဆိုရင္သင္ေျပာလိုက္တဲ့လူတစ္ေယာက္ကအားနာပါးနာနားေထာင္ေပးေကာင္းေပးပါလိမ့္မယ္။ဒါေပမယ့္သူမ်ားအေၾကာင္းေနာက္ကြယ္ မွာေျပာေနတဲ့သူတစ္ေယာက္အျဖစ္နဲ႔သင့္ကိုအမ်ားႀကီးစိတ္ပ်က္အထင္ေသးသြားႏိုင္ပါတယ္။ဒါေၾကာင့္အတင္းေျပာျခင္းကိုလည္းအတက္ႏိုင္ဆံုးေရွာင္က်ဥ္တာအေကာင္းဆံုးပါ။

[Unicode]

တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အပြူအမူတွေက လူတွေအတွက် စိတ်အနှောက်ယှက်ဖြစ်စရာ စိတ်ပျက်စရာဖြစ်နေတက်ပါတယ်။ဒါပေမယ့်လည်းတစ်ချို့လူတွေကတော့ ကိုယ့်ရဲ့လုပ်ရပ်တွေကို မသိကြပါဘူး။ဒီနေ့မှာတော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စိတ်ပျက်သွားစေမယ့် အပြုအမူတွေကို သတိထားရှောင် ကျဉ်မိစေဖို့ အရေးကြတဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ကြွားဝါတက်ခြင်း

Source : San Francisco AIDS Foundation

ဘယ်သူမှကြွားဝါတက်တဲ့အကျင့်ကိုမကြိုက်ကြပါဘူး။ကိုယ် မှာလူအထင်ကြီးစရာအရာတွေဖြစ်တွေ ကားအကောင်းစား နောက်ဆုံးပေါ်ဖုန်း ငွေကြေးဥစ္စာစသည့်ဖြင့် ဒီလိုအရာတွေရှိနေရင်တောင် သိုသိုသပ်သပ်ပဲနေသင့်ပါတယ်။လေးကြီးလေကျယ်နဲ့ ကြွားဝါတဲ့စကားလုံးအကြီးကြီးတွေက ကိုယ့်ပတ်ဝန်းမှာရှိတဲ့လူတွေကို စိတ်ပျက်သွားစေမှာအမှန်ပါပဲ။

(၂) အချိန်တိုင်းငြီးငြူနေခြင်း

Source : Covenant Hills Treatment Center

လူတိုင်းမှာပူပင်သောကဆိုတာရှိကြစမြဲပါ။ဒါပေမဲ့ သူတစ်ယောက်ထဲမှာပဲ ပူပင်သောကတွေရှိနေသလိုမျိုး အချိန်တိုင်းမငြီးငြူနေသင့်ပါဘူး။ဘယ်အချိန်တွေ့တွေ့ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေသလို ငြီးငြူနေခြင်းဟာ တခြားသူတွေအတွက်လည်း စိတ်အနှောက်အရှက်ဖြစ်စေသလို ကိုယ်နဲ့လည်းနောက်ထပ် ပတ်သတ်ဆက်ဆံချင်တော့မှာမဟုတ်ပါဘူး။

(၃) ဆိုရှယ်မီဒီယာကိုအထာကျကျမသုံးခြင်း

Source : Cell Phone Gps Tracker

ယနေ့ခေတ်မှာလူတစ်ယောက်နဲ့တစ်ယောက်ခင်မင်သိကျွမ်းလာတာနဲ့ အမျှ ဆိုရှယ်မီဒီယာအကောင့်တွေလည်းအပြန်အလှန်အပ်လာကြပါတယ်။ဆိုရှယ်မီဒီယာဆိုတာကလည်းကိုယ့်ရဲ့ Profile တစ်ခုဖြစ်တာကြောင့် ကိုယ့်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းသုံးသင့်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာစာတွေအများကြီး ရေးခြင်း သူများ Post တွေအောက်မှာအဆိုးမြင်ဝါဒီတွေပါတဲ့ Comment တွေရေးသားခြင်းစတဲ့ ပရော်ဖက်ရှင်နယ်မဆန် တဲ့လုပ်ရပ်တွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။

(၄) အတင်းပြောခြင်း

Source : 123rf.com

လူတစ်ယောက်ရဲ့နောက်ကွယ်မှာ အဲ့ဒီလူအကြောင်းပြောဆိုခြင်းကတကယ့်ကိုအထင်သေးစရာပါ။သင့်အနေနဲ့ တခြားသူကိုသူများအကြောင်းအတင်းအနေနဲ့ပြောမယ်ဆိုရင်သင်ပြောလိုက်တဲ့လူတစ်ယောက်ကအားနာပါးနာနားထောင်ပေးကောင်းပေးပါလိမ့်မယ်။ဒါပေမယ့်သူများအကြောင်းနောက်ကွယ် မှာပြောနေတဲ့သူတစ်ယောက်အဖြစ်နဲ့သင့်ကိုအများကြီးစိတ်ပျက်အထင်သေးသွားနိုင်ပါတယ်။ဒါကြောင့်အတင်းပြောခြင်းကိုလည်းအတက်နိုင်ဆုံးရှောင်ကျဉ်တာအကောင်းဆုံးပါ။