ယောကျ်ားတစ်ယောက် စမတ်ကျခြင်းဟာ သူ့ရဲ့ ရုပ်ရည်ပုံပန်းသဏ္ဍာန်ထက် ပိုပြီး အရာရောက်ပါတယ်။ စမတ်ကျတယ်ဆိုတာ ထက်မြက်သပ်ရပ်ပြီး အဆင့်အတန်းပိုရှိတဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ရိုးရိုးလေး လိုက်နာနိုင်တဲ့ နည်းလမ်း ၃ မျိုး ရှိပါတယ်။

(၁) ဖက်ရှင်

Source: ShutterStock

အရင်ဆုံး အကြံပေးချင်တာက ခန့်ညားတည်ကြည်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်ဖို့ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင် နေထိုင်ဖို့ပါပဲ။ ဒီနေရာမှာ ဖက်ရှင်ဟာ အများကြီး တာသွားပါတယ်။ နေရာဒေသအချိန်အခါနဲ့လိုက်တဲ့ ဖက်ရှင်ဆင်ယင်တာ ၊ သပ်သပ်ရပ်ရပ်နေပြီး လှုပ်ရှားသွားလာတဲ့ပုံစံက အစ စမတ်ကျအောင် နေရင် မြင်သူတိုင်းက Impressive ဖြစ်မှာပါ။

(၂) ယုံကြည်မှု တည်ဆောက်ပါ

Source: ShutterStock

Self-Confidence ဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို တိုးပြီး တန်စေတဲ့ အရာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးမှာ ဖြစ်စေ ၊ လုပ်ငန်းခွင်မှာ ဖြစ်စေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူကို လူတိုင်း အားကျကြပါတယ်။ ယောကျ်ားတစ်ယောာက်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်းဟာ သူ့ကိုသူ တန်ဖိုးမြှင့်ထားတာ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

(၃) ပညာရပ်တစ်ခုခုမှာ ထူးချွန်ပါစေ

Source: ShutterStock

အတတ်ပညာဟာ သင့်ကို ရဲရဲရင့်ရင့် လူတောတိုးအောင် လုပ်ပေးနိုင်တဲ့ လက်နက် ဖြစ်ပါတယ်။ ပညာတတ်တစ်ယောက်ဟာ သူ့ရဲ့ အတတ်ပညာကြောင့် ဘဝမှာ ဂုဏ်သိက္ခာနဲ့တည်တည်ကြည်ကြည်နေနိုင်ပါတယ်။ ပညာရဲ့ စွမ်းအားကြောင့် လူတန်းစေ့နေနိုင်တဲ့အပြင် ဒီပညာကြောင့်ပဲ ဘဝကို ပိုပြီး အချိုးကျကျ လက်ခံကျင့်သုံး နားလည်နေထိုင်သွားနိုင်ပါတယ်။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်ပဲ လူပုံအလယ်မှာ ခန့်ညားတည်ကြည်တဲ့ ယောကျ်ားတစ်ယောက်အဖြစ် နေနိုင်သွားမှာပါ။