ပါးနှစ်ဖက်က အမြဲလိုလိုခြောက်သွေ့နေတတ်ပြီး မျက်နှာရဲ့ T Zone နေရာမှာ အဆီတွေပြန်နေတတ်တဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုရင် အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်လုပ်ကြည့်ရင်း အသားအရေကို ထိန်းသိမ်းပြုပြင်ကြဖို့ အကြံပေးချင်ပါတယ်။ ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေအတွက် ဘယ်လိုနည်းလမ်းတွေက အသားအရေ ထိန်းသိမ်းဖို့ အကောင်းဆုံးလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

Anti Bacterial Cleanser မျက်နှာသစ်ဆေးရည်ကိုသာ သုံးပါ

Source: poptamil.com/

ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေအနေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Anti Bacterial Cleanser ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာ ရေအေးအေးလေးကို အသုံးပြုသင့်ပါတယ်။ ထူးထူးကဲကဲ ခံစားမှုကို လိုချင်ရင်တော့ မျက်နှာသစ်မယ့်ရေထဲမှာ သံပုရာရည် ၂ စက်လောက် ထည့်လိုက်ပါ။ ကြည်လင်ရှင်းသန့်တဲ့ ခံစားမှုကို ရရှိပါလိမ့်မယ်။

Hydrating Sunscreen အမျိုးအစားကို သုံးပါ

Source: careforface.co.

အပြင်ထွက်တော့မယ်ဆိုရင် နေလောင်ဒဏ်ကို ကာကွယ်ဖို့အတွက် မဖြစ်မနေ Sunscreen ကို လိမ်းပေးသင့်ပါတယ်။ Sunscreen လိမ်းတဲ့အခါမှာလည်း SPF 30 ပါဝင်တဲ့ Hydrating Sunscreen အမျိုးအစားကို ရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မျက်နှာအတွက် ဆံပင်ကိုလည်း အထူးဂရုပြုပါ

Source: d2v9y0dukr6mq2.cloudfront.net

မျက်နှာလည်းပြောသေး ဆံပင်ကိုလည်း ဂရုစိုက်ခိုင်းသေးဆိုပြီး ရောထွေးမသွားပါနဲ့ ။ ဆံပင်ကို သေချာဂရုမစိုက်နိုင်ဘူးဆိုရင် ဂျေးတွေ ၊ အဆီတွေ နောက် ဗောက်တွေ ရှိတဲ့ ဆံပင်တွေဟာ မျက်နှာကို သွားရောက်ထိတွေ့နိုင်ပါတယ်။ ဒီအခါမှာတော့ မျက်နှာပြင်ပေါ် ၀က်ခြံတွေပေါက်လာနိုင်ပါတယ်။

ပေါင်းစပ်အသားအရေအတွက် ပေါင်းတင်နည်း

Source: storage.googleapis.com

ပေါင်းစပ်အသားအရေအတွက် မျက်နှာပေါင်းတင်ဖို့ အဆင်ပြေဆုံး အကောင်းမွန်ဆုံးအရာကတော့ စတော်ဘယ်ရီပါ။ စတော်ဘယ်ရီ အေးအေးလေးကို ခွက်တစ်ဝက်စာ ၊ ဒိန်ချဉ် ၂ ခွက် ပျားရည် လက်ဖက်ရည်ဇွန်း ခွဲတို့ကို ရောကြိတ်ချေပြီး သမသွားပြီဆိုရင် မျက်နှာအနှံ့လိမ်းပါ။ ဒါဆိုရင်တော့ နူးညံ့ချောမွေ့တဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အထူးဂရုပြုစရာ တစ်ခုအနေနဲ့  မျက်နှာကို ရေခဲနဲ့ တစ်နေ့ တစ်ကြိမ် သို့ နှစ်ကြိမ် ပွတ်ပေးဖို့ သတိပေးပါရစေ။