ဒီဖက်ခေတ်ကြီးထဲမှာ ယောက်ျားလေးပဲ၊ အသားအရေ ဘာဖြစ်ဖြစ်ပေါ့လို့ ပြောလို့မရတော့ပါဘူး။ အစစအရာရာ လူနေမှုအဆင့်အတန်းမြင့်တက်လာတာနဲ့အမျှ ယောက်ျားလေးတွေလည်း ကိုယ့်ရဲ့အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာပါပြီ။ ဒီဖက်ခေတ် ပုရိသတော်တော်များများကလည်း တကယ်ကို အသားအရေနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား၊ ဂရုတစိုက်လုပ်လာတာကို တွေ့ရပါတယ်။

ကဲ ကိုယ်လည်း အသားအရေကို ဂရုစိုက်ချင်ပါရဲ့၊ ဒါပေမယ့် ဘယ်ကစရမယ်မှန်း မသိဘူးဆိုရင်တော့ ခုဖော်ပြမယ့် အချက်ကလေးတွေကို လိုက်လုပ်ကြည့်ပါ။

ရေဓာတ်ကို လုံးဝမမေ့ပါနဲ့။

Source: thesun.co.uk

ရေဓာတ်ဟာ ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့ပြင် အသားအရေ စိုပြေလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံး စွမ်းဆောင်နိုင်သူပါ။ အသားအရေထိန်းသိမ်းစောင့်ရှောက်ရမှာ ပျင်းတဲ့ ကိုကိုတို့အတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ ရေဓာတ်ကို လုံးဝမမေ့ကြပါနဲ့။

အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီ

Source: allaboutvision.com

ဗီတာမင်စီကိုလည်း မေ့ထားလို့မရပါဘူး။ ဗီတာမင်စီဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသောက်ပေးရမှာဖြစ်သလို Skin Care ဝယ်ယူတဲ့အခါမျိုးမှာလည်း ပါဝင်ပစ္စည်းထဲ ဗီတာမင်စီဓာတ် ပါဝင်မှုရှိမရှိ စစ်ဆေးကြည့်ရှူပြီး ဗီတာမင်စီပါဝင်တဲ့ Skin Care ကို ရွေးချယ်ဝယ်ယူပါ။ အသားအရေ စိုပြေချင်တယ်ဆိုရင်တော့  ဗီတာမင်စီဓာတ်ကိုလည်း မမေ့သင့်ပါဘူး။

မျက်နှာပေါင်းတင်ကပ်ခွာ အသုံးပြုပါ

Source: theidleman.com

အချို့ယောက်ျားလေးတွေဟာ မျက်နှာပေါင်းတင်ကပ်ခွာသုံးဖို့ ရှက်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ယောက်ျားလေးကော မိန်းကလေးပါ တကယ်လိုအပ်ပါတယ်။ သူငယ်ချင်း အချင်းချင်းလှောင်ပြောင်ရယ်မောကြရင်တောင် ပေါင်းတင်ကပ်ခွာအသုံးပြုပြီး  စိုပြေဝင်းမွတ်နေမယ့် ကိုယ့်မျက်နှာအတွက် ဂုဏ်ယူလိုက်ပါ။

နေရောင်နဲ့ အလွန်အကျွံထိတွေ့တာမျိုး ရှောင်ပါ။

Source: aeon.co

နေရောင်နဲ့ အလွန်အကျွံထိတွေ့တာမျိုး ရှောင်ကြဉ်ပါ။ နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရည်ကို ပျက်စီးစေပါတယ်။ နေပူဒဏ်ထိလွန်းတဲ့ အခါမျိုးမှာ  အသားအရည်ညိုမည်းတာတွေ၊ အရောင်မညီတာတွေ ဖြစ်လာနိုင်ပါတယ်။ နွေရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် အပြင်သွားရင် ထီး ဒါမှမဟုတ် ဦးထုပ်တစ်ခုခု ဆောင်းပြီးမှ ထွက်ကြဖို့ သတိပေးချင်ပါတယ်။

အသားအရေအတွက် လိုအပ်တဲ့ Skin care ပစ္စည်းတွေကို မဖြစ်မနေ အသုံးပြုပါ။

Source: themanual.com

ဒီဖက်ခေတ်မှာ ယောကျာ်းလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းပေးသည့် Skin care အလှကုန်တွေ အများကြီးပေါ်ထွက်နေပါပြီ။ အသားအရေအတွက် လိုအပ်တဲ့ Skin care ပစ္စည်းတွေကို တတ်နိုင်သမျှ သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။ အသားအရေ စိုပြေနေတယ်ဆိုရင် ဘာပဲဖြစ်နေဖြစ်နေ လူတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ နေနိုင်မှာဖြစ်ပါတယ်။