တကယ်တော့ မိန်းကလေးတွေမှ ခန္ဓာကိုယ် ကြည့်ကောင်းနေဖို့ ဂရုစိုက်ရမှာ မဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ် ကြည့်ကောင်းနေပြီဆိုရင် ဘယ်လိုအဝတ်အစား ဝတ်ဝတ် စမတ်ကျပြီး စတိုင်ရှိနေမှာပါ။ ဒီလို ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာလည်း လေ့ကျင့်ခန်းတွေကိုချည်းပဲ မလုပ်ဘဲ လူနေမှုပုံစံတွေကိုလည်း ဂရုပြုသတိထားသင့်ပါတယ်။

စားသောက်မှုပုံစံကို သတိထားပါ

Source: safebee.com

အစားအသောက်ကို ရှောင်တယ်ဆိုတာထက် သင့်တင့်မျှတအောင်စားပါ။ ငရုတ်သီး အစပ်စားတာများရင် ဝက်ခြံထွက်လာနိုင်တယ်။ ဒီလိုပါပဲ အဆီအအိမ့်တွေ အစားများလာရင်လည်း ခန္ဓာကိုယ်က ကျစ်လစ်မှုမရှိတော့ဘဲအဆီပိုတွေ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ အစားအသောက်စားတဲ့နေရာမှာလည်း သေချာဂရုတစိုက်စားသောက်ပါ။

GYM ဆော့ပါ

Source: coliseumgymfitness.co.uk

ခန္ဓာကိုယ်အတွက် ပုံမှန် Gym ဆော့ပေးဖို့ လိုပါတယ်။ ဒီလိုမှ ဂျင်မ်သွားပြီး မဆော့နိုင်ဘူးဆိုရင်တောင် နေ့စဉ် ကိုယ့်အိမ်မှာပဲ ကိုယ်လက် လှုပ်ရှားမှု အားကစားတွေ ပြုလုပ်ပေးနေပါ။ ခန္ဓာကိုယ်အတွက်လည်းကောင်းသလို စိတ်လည်းပေါ့ပါးလန်းဆန်းစေပါတယ်။

အရိုးဆုံးဖက်ရှင်က ဆွဲဆောင်မှုအရှိဆုံး

Source: lifestylebyps.com

အမြဲတမ်း လူတွေကြားထဲမှာ ရှင်းနေအောင် ထင်းကနဲ ပေါ်လွင်စေတဲ့ ဖက်ရှင်ကတော့ ဂျင်းနဲ့ တီရှပ်သာ အကောင်းဆုံးပါ။ အဝတ်အစားဝတ်တော့မယ်ဆိုရင် ကိုယ့်ကို ရှင်းပြီးပေါ်လွင်စေတဲ့ အဖြူ နဲ့ အနက်က အရမ်းကို အဆင်ပြေပါတယ်။

ယုံကြည်မှုရှိတာကသာ စမတ်အကျဆုံးပါ

Source: theidleman.com

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတယ်ဆိုရင် စမတ်ကျနေမှာပါ။ ဘယ်လို အဝတ်အစားကောင်းတွေ ဝတ်ဆင်ထားပါစေ ၊ ဘယ်လို တန်ဖိုးကြီး အဆင်တန်ဆာတွေ ဆင်မြန်းထားပါစေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လိုမှ စမတ်ကျ ကြည့်ကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။