လူတွေအတွက် စုဆောင်းခြင်းဆိုတဲ့ အလေ့အထရှိဖို့လိုအပ်ပါတယ်။ ငယ်စဉ်က မိဘဆရာသမားတွေက ဆင်းရဲနိမ့်ပါးမှုတွေ မဖြစ်စေဖို့ စုဆောင်းခြင်း အလေ့အထလုပ်ဆောင်ဖို့ ပြောကြ လေ့ကျင့်ပေးကြတာတွေ ကြုံခဲ့ဖူးကြမှာပါ။ တကယ်တော့ စုဆောင်းခြင်းဟာ ချမ်းသာကြွယ်ဝဖို့တင်မဟုတ်ဘဲ အောင်မြင်မှုတွေကိုပါ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

စုဆောင်းခြင်းဖြင့် အောင်မြင်မှုဆီသွားပါ။

Source: profirms.bg

ဘဝမှာ အောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်တော့ စုဆောင်းတတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုအရာတွေကို စုဆောင်းသင့်တယ်လို့ ထင်ပါသလဲ။ တကယ်တော့ ငွေကြေးတင်မကဘဲ ဥာဏ်ပညာ ဗဟုသုတကိုလည်း စုဆောင်းသင့်ပါတယ်။ လက်ထဲမှာ ငွေကြေးတွေ စုဆောင်းသလိုမျိုး ဦးနှောက်ထဲမှာ အသိဥာဏ်တွေ စုဆောင်းပါ။

အောင်မြင်သူတွေ ဘယ်လိုစုဆောင်းတတ်ကြသလဲ။

Source: Zero To Alpha

ကြွယ်ဝချမ်းသာပြီးပျော်ရွှင်အောင်မြင်တဲ့သူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပုံမှန်စုဆောင်းလေ့ရှိကြတယ်လို့ သိရပါတယ်။ စုဆောင်းလေ့မရှိကြတဲ့သူတွေဟာ အောင်မြင်ဖို့ မသေချာပါဘူး။ ငွေကြေးလည်း စုဆောင်းတတ်မှ အသိပညာလည်း စုဆောင်းတတ်မှသာလျှင် အောင်မြင်မှုဆီ ရောက်အောင်သွားနိုင်မှာပါ။

ဝင်ငွေတွေကို ဘယ်လိုစုဆောင်းကြမလဲ။

Source: Kiplinger

ဝင်ငွေတွေကို စုဆောင်းတဲ့နေရာမှာ သုံးလို့ပိုမှ စုဆောင်းမယ်ဆိုတာမျိုးထက် စုဆောင်းပြီးမှ သုံးစွဲတာက ပိုမိုကောင်းမွန်ပါတယ်။ လူတွေက မလိုအပ်တဲ့ အရာတွေကိုလည်း ဝယ်ယူတတ်ကြတဲ့ အလေ့အထရှိပါတယ်။ အဲဒါဟာ အလွန်ဆိုးဝါးတဲ့ လုပ်ရပ်ပါ။ မလိုအပ်တဲ့အရာ အမြောက်အမြားဝယ်ယူသုံးစွဲလိုက်ပြီဆိုရင် လိုအပ်တဲ့အရာတွေကို ထုတ်ပြီး ရောင်းချရတဲ့အချိန် မလွဲမသွေရောက်လာလိမ့်မယ်ဆိုတာ မမေ့ပါနဲ့ ။