[Zawgyi]

အလုပ္ခြင္မွာ စြမ္းေဆာင္ရည္ေကာင္းတဲ့ ဝန္ထမ္းတစ္ေယာက္ျဖစ္ခ်င္ပါသလား။အလုပ္ခြင္မွာအျမဲတမ္းတက္ၾကြလန္းဆန္းၿပီး စြမ္းေဆာင္ရည္ေကာင္းဖို႔ဆိုတာ လြယ္လြယ္နဲ႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ဒါေပမယ့္သင့္အေနနဲ႔ အခုေျပာျပမယ့္ အခ်က္ေလးေတြကိုလုပ္ေဆာင္ၾကည့္မယ္ဆိုရင္ေတာ့ ဝန္ထမ္းတိုင္း အားက်ေလးစားရတဲ့ စြမ္းေဆာင္ရည္ေကာင္းသူတစ္ေယာက္ျဖစ္လာမွာျဖစ္ပါတယ္။

(၁) အလုပ္စားပြဲကိုရွင္းလင္းပါ

Source : www.bayshorestaffing.com

အလုပ္စားပြဲဆိုတာ ဝန္ထမ္းတိုင္းအတြက္ အခ်ိန္အမ်ားဆံုးေနရတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ကိုယ့္ရဲ႕ အလုပ္စားပဲြက သန္႔ရွင္းသပ္ရပ္မႈမရွိ ရႈပ္ပြေနရင္ အလုပ္လုပ္ရတာ Feeling ေကာင္းမွာမဟုတ္ပါဘူး။ဒါေၾကာင့္ကိုယ့္အေနနဲ႔ သပ္ရပ္ရွင္းလင္းေနတဲ့အလုပ္စားပြဲေလးျဖစ္ဖို႔ အျမဲထိန္းသိမ္းသင့္ပါတယ္။အလုပ္စားပြဲအစားအစာတာမ်ဳိး စာရႊက္စာတမ္းေတြကိုျပန္႔က်ဲထားတာမ်ဳိးလံုးဝမျဖစ္ပါေစ။မနက္ခင္းအလုပ္ေရာက္ကတည္းက ကိုယ့္ရဲ႕စားပြဲကိုသန္႔ရွင္းေရးအလုပ္သင့္ပါတယ္။သပ္သပ္ရပ္ ရပ္နဲ႔သန္႔ရွင္းမႈရွိတဲ့အလုပ္စားပြဲကသင့္စိတ္ကိုလည္းရွင္းလင္း ေနေစမွာျဖစ္ၿပီးစိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ အလုပ္လပ္ႏိုင္မွာျဖစ္ပါတယ္။

(၂) တိုးတက္မႈကိုအျမဲမွတ္တမ္းတင္ထားပါ

Source : YouWorkForThem

ကိုယ့္အေနနဲ႔ အလုပ္စဝင္တဲ့အခ်ိန္ကစၿပီး ယေန႔အထိအလုပ္ မွာဘာေတြတိုးတက္လာလဲ။ဘယ္လိုေအာင္ျမင္မႈေတြလုပ္ေဆာင္ၿပီးၿပီလဲဆိုတာ အျမဲမွတ္တမ္းတင္ထားသင့္ပါတယ္။ဒါမွ လည္းကိုယ့္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုျပန္ၾကည့္ၿပီး အားအင္ေတြရရွိကာ ေနာက္ထပ္ျဖတ္သန္းရအုန္းမယ့္အနာဂတ္အတြက္ တက္ၾကြေနမွာျဖစ္ပါတယ္။ဒါေၾကာင့္ျဖစ္ႏိုင္ရင္စာအုပ္ေလးတစ္အုပ္သီးသန္႔ေဆာင္ထားပါ။ၿပီးရင္ေတာ့ ကိုယ့္ရဲ႕ေအာင္ျမင္တိုးတက္မႈကိုအျမဲမွတ္တမ္းတင္ထားဖို႔အႀကံျပဳခ်င္ပါတယ္။

(၃) ေလ့လာသင္ယူပါ

Source : About | Lightspeed

အလုပ္ခြင္မွာ စြမ္းေဆာင္ရည္ေကာင္းတဲ့ သူတိုင္းဟာဒီတိုင္းေနရင္းထိုင္ရင္းေတာ့ ျဖစ္လာတာမဟုတ္ပါဘူး။မသိေသးတဲ့ ပညာရပ္ေတြဆက္လက္ေလ့လာမယ္။ကိုယ့္အထက္ကစီနီယာေတြစီမွာ ေလ့လာသင္ယူမယ္။အေတြ႔အႀကံဳေတြထဲကျပန္လည္ သင္ယူမယ္စသည္ျဖင့္ ေလ့လာသင္ယူမႈကိုအဆက္မျပတ္လုပ္ေဆာင္ခဲ့ၾကတာပါ။သင့္အေနနဲ႔လည္း ကိုယ္မွာလိုအပ္ေနေသးတဲ့အရာေတြအတြက္ တက္ခ်င္ေယာင္ေဆာင္မေနနဲ႔ ပဲ တျခားစီနီယာေတြစီကသင္ယူသင့္သလို ကိုယ္တိုင္လည္း ေလ့လာမႈေတြျပဳလုပ္သင့္ပါတယ္။ဒါမွလည္းလိုအပ္တဲ့ပညာေတြအကုန္ျပည့္ဝၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့သူတစ္ေယာက္ျဖစ္မွာျဖစ္ပါတယ္။

(၄) အလုပ္ကိုေစတနာထားပါ

Source : coreaxis.com

အလုပ္ကိုေစတနာထားရင္ အလုပ္ကလည္းသင့္ကိုျပန္လည္ ေစတနာထားမွာျဖစ္ပါတယ္။တာဝန္ေက်ဆုိရံုေလာက္ပဲ အလုပ္လုပ္ၿပီး အခ်ိန္တန္လစာယူမယ္စိတ္ကူးေနရင္ေတာ့ အလုပ္ခြင္မွာ ထက္ျမတ္တဲ့ဝန္ထမ္းတစ္ေယာက္ျဖစ္လာႏိုင္မွာမဟုတ္ပါဘူး။ဒါေၾကာင့္ဘာပဲလုပ္လုပ္ေစတနာအရင္းခံၿပီးလုပ္ ပါ။ကိုယ့္ဘက္ကအတက္ႏိုင္ဆံုးႀကိဳးစားၿပီးအေကာင္းဆံုးလုပ္ေဆာင္ေပးပါ။သင့္ရဲ႕ႀကိဳးစားမႈအတြက္ထိုက္သင့္တဲ့ခံစားခြင့္ျပန္လည္ရရွိမွာျဖစ္သလို စြမ္းေဆာင္ရည္ေကာင္းတဲ့ လူတစ္ေယာက္အျဖစ္လည္း အမ်ားကခ်ီးက်ဴးေလးစားမိၾကမွာအမွန္ပါပဲ။

[Unicode]

အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကောင်းတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ချင်ပါသလား။အလုပ်ခွင်မှာအမြဲတမ်းတက်ကြွလန်းဆန်းပြီး စွမ်းဆောင်ရည်ကောင်းဖို့ဆိုတာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့်သင့်အနေနဲ့ အခုပြောပြမယ့် အချက်လေးတွေကိုလုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ ဝန်ထမ်းတိုင်း အားကျလေးစားရတဲ့ စွမ်းဆောင်ရည်ကောင်းသူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

(၁) အလုပ်စားပွဲကိုရှင်းလင်းပါ

Source : www.bayshorestaffing.com

အလုပ်စားပွဲဆိုတာ ဝန်ထမ်းတိုင်းအတွက် အချိန်အများဆုံးနေရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့ အလုပ်စားပွဲက သန့်ရှင်းသပ်ရပ်မှုမရှိ ရှုပ်ပွနေရင် အလုပ်လုပ်ရတာ Feeling ကောင်းမှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်အနေနဲ့ သပ်ရပ်ရှင်းလင်းနေတဲ့အလုပ်စားပွဲလေးဖြစ်ဖို့ အမြဲထိန်းသိမ်းသင့်ပါတယ်။အလုပ်စားပွဲအစားအစာတာမျိုး စာရွှက်စာတမ်းတွေကိုပြန့်ကျဲထားတာမျိုးလုံးဝမဖြစ်ပါစေ။မနက်ခင်းအလုပ်ရောက်ကတည်းက ကိုယ့်ရဲ့စားပွဲကိုသန့်ရှင်းရေးအလုပ်သင့်ပါတယ်။သပ်သပ်ရပ် ရပ်နဲ့သန့်ရှင်းမှုရှိတဲ့အလုပ်စားပွဲကသင့်စိတ်ကိုလည်းရှင်းလင်း နေစေမှာဖြစ်ပြီးစိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အလုပ်လပ်နိုင်မှာဖြစ်ပါတယ်။

(၂) တိုးတက်မှုကိုအမြဲမှတ်တမ်းတင်ထားပါ

Source : YouWorkForThem

ကိုယ့်အနေနဲ့ အလုပ်စဝင်တဲ့အချိန်ကစပြီး ယနေ့အထိအလုပ် မှာဘာတွေတိုးတက်လာလဲ။ဘယ်လိုအောင်မြင်မှုတွေလုပ်ဆောင်ပြီးပြီလဲဆိုတာ အမြဲမှတ်တမ်းတင်ထားသင့်ပါတယ်။ဒါမှ လည်းကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကိုပြန်ကြည့်ပြီး အားအင်တွေရရှိကာ နောက်ထပ်ဖြတ်သန်းရအုန်းမယ့်အနာဂတ်အတွက် တက်ကြွနေမှာဖြစ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်စာအုပ်လေးတစ်အုပ်သီးသန့်ဆောင်ထားပါ။ပြီးရင်တော့ ကိုယ့်ရဲ့အောင်မြင်တိုးတက်မှုကိုအမြဲမှတ်တမ်းတင်ထားဖို့အကြံပြုချင်ပါတယ်။

(၃) လေ့လာသင်ယူပါ

Source : About | Lightspeed

အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကောင်းတဲ့ သူတိုင်းဟာဒီတိုင်းနေရင်းထိုင်ရင်းတော့ ဖြစ်လာတာမဟုတ်ပါဘူး။မသိသေးတဲ့ ပညာရပ်တွေဆက်လက်လေ့လာမယ်။ကိုယ့်အထက်ကစီနီယာတွေစီမှာ လေ့လာသင်ယူမယ်။အတွေ့အကြုံတွေထဲကပြန်လည် သင်ယူမယ်စသည်ဖြင့် လေ့လာသင်ယူမှုကိုအဆက်မပြတ်လုပ်ဆောင်ခဲ့ကြတာပါ။သင့်အနေနဲ့လည်း ကိုယ်မှာလိုအပ်နေသေးတဲ့အရာတွေအတွက် တက်ချင်ယောင်ဆောင်မနေနဲ့ ပဲ တခြားစီနီယာတွေစီကသင်ယူသင့်သလို ကိုယ်တိုင်လည်း လေ့လာမှုတွေပြုလုပ်သင့်ပါတယ်။ဒါမှလည်းလိုအပ်တဲ့ပညာတွေအကုန်ပြည့်ဝပြီး စွမ်းဆောင်ရည်ကောင်းတဲ့သူတစ်ယောက်ဖြစ်မှာဖြစ်ပါတယ်။

(၄) အလုပ်ကိုစေတနာထားပါ

Source : coreaxis.com

အလုပ်ကိုစေတနာထားရင် အလုပ်ကလည်းသင့်ကိုပြန်လည် စေတနာထားမှာဖြစ်ပါတယ်။တာဝန်ကျေဆိုရုံလောက်ပဲ အလုပ်လုပ်ပြီး အချိန်တန်လစာယူမယ်စိတ်ကူးနေရင်တော့ အလုပ်ခွင်မှာ ထက်မြတ်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဘာပဲလုပ်လုပ်စေတနာအရင်းခံပြီးလုပ် ပါ။ကိုယ့်ဘက်ကအတက်နိုင်ဆုံးကြိုးစားပြီးအကောင်းဆုံးလုပ်ဆောင်ပေးပါ။သင့်ရဲ့ကြိုးစားမှုအတွက်ထိုက်သင့်တဲ့ခံစားခွင့်ပြန်လည်ရရှိမှာဖြစ်သလို စွမ်းဆောင်ရည်ကောင်းတဲ့ လူတစ်ယောက်အဖြစ်လည်း အများကချီးကျူးလေးစားမိကြမှာအမှန်ပါပဲ။