[Zawgyi]

ယေန႔ေခတ္ဖက္ရွင္ေရစီးေၾကာင္းကို ျပန္ေလ့လာၾကည့္မယ္ဆိုရင္ တမူထူးျခားၿပီးဆန္းသစ္ေနတဲ့ Trendအမ်ားစုဟာ ေခတ္ေဟာင္းဖက္ရွင္ေတြကို အသစ္တစ္ဖန္ျပန္လည္ဆန္းသစ္ထားၾကတာျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္စုစီမွာ Timeless ျဖစ္ေနတဲ့ဖက္ရွင္ Trendေတြဟာ ယေန႔ေခတ္မွာေတာ့ “Old But Gold”အျဖစ္ ျပန္လည္ဆန္းသစ္လာၾကတာအေသခ်ာပါပဲ။ အမ်ိဳးသားဖက္ရွင္အေနနဲ႔ စတင္ျဖစ္ေပၚလာတာကေတာ့ 40s ကထဲကျဖစ္ပါတယ္။ ေခတ္ေဟာင္း Trend အားလံုးထဲမွာမွ Timeless အျဖစ္ဆံုးနဲ႔ ဖက္ရွင္အက်ဆံုးဆယ္စုႏွစ္trendတစ္ခုကိုျပပါဆိုရင္ေတာ့ 80s ဖက္ရွင္ေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္တမူထူးျခားၿပီးဖက္ရွင္က်တဲ့ ပုရိသေတြျဖစ္ေစဖို႔ သိထားသင့္တဲ့ 80s trendေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) Hairstyle

Source : Fashionbeans

Hairstyle အေနနဲ႔ေျပာရမယ္ဆိုရင္ အတိုထားျခင္းထက္ ခပ္ရွည္ရွည္စတိုင္ကပိုၿပီးေရပန္းစားခဲ့သလို အမ်ိဳးသားေတြအေနနဲ႔ ေယာက်္ားပီသတဲ့အသြင္ကိုေဆာင္ေစႏိုင္တဲ့ Hairstyle ေတြပဲျဖစ္ပါတယ္။ဆံပင္ကိုအလယ္အလတ္အေနအထားကေန အရွည္အတြင္းမွာ ခပ္ေခြေခြဆံသားျဖစ္ေအာင္ ပံုသြင္းေလ့ရွိၾကပါတယ္။ ဥပမာ-ပိုင္တံခြန္လို႔ေျပာလိုက္ရင္ ေျပးျမင္မိၾကမယ့္ဆံပင္ပံုစံမ်ိဳးပါ။ဒီHairstyle ဟာ justin bieberနဲ႔ harrystylesတို႔လို ကမ႓ာေက်ာ္အႏုပညာရွင္ေတြ ခုထက္ထိလက္ကိုင္ထားၾကတဲ့ စတိုင္တစ္ခုပဲျဖစ္ပါတယ္။

(၂) Sports Wear

Source : Fashionbeans

အမ်ိဳးသားေတြသာမက အမ်ိဳးသမီးဖက္ရွင္ေတြမွာပါ Jeans pant ေတြ style pantေတြအစား ေပါ့ပါးၿပီး စတိုင္က်လို႔ အစားထိုးေနရာယူလာၾကတာကေတာ့ sweatpantနဲ႔ jogging pantေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္အားကစားဖက္ရွင္ဟာ လူငယ္ဆန္ေစတဲ့ ဖက္ရွင္အေနနဲ႔ တစ္ေခတ္ထလာတယ္လို႔ေျပာလို႔ရပါတယ္။ဒါ့အျပင္ယေန႔ေခတ္မွေပၚလာတာလားဆိုရင္ မဟုတ္ပါဘူး။အားကစား ဖက္ရွင္ေတြဟာ ေပါ့ပါးၿပီးအထာက်က်မိမိုက္ေနေစတဲ့အတြက္ 80s trendကထဲက ေနရာယူလာတာျဖစ္ပါတယ္။Gymမသြားျဖစ္ရင္ေတာင္ ခုပဲ jogging pant ရယ္ sneaker ရယ္နဲ႔ရိႈးထုတ္လိုက္ေတာ့ေနာ္။

(၃) ဂ်င္းကာလာအေဖ်ာ့မ်ား

Source : Fashionbeans

Denim ရဲ႕ကာလာစိုိစုိဂ်င္းေတြထက္ ယခုလက္ရွိခ်ိန္ထိ ေခတ္စားေနတာကေတာ့ အေရာင္ခြၽတ္ထားသလို ခပ္ေဖ်ာ့ေဖ်ာ့ဂ်င္းေတြပဲျဖစ္ပါတယ္။ ေနာက္တစ္ခုအေနနဲ႔ကေတာ့ အၿပဲအျခစ္ေတြပါတဲ့ ဂ်င္းေဘာင္းဘီစတိုင္ေတြပဲျဖစ္ပါတယ္။ ၿပဲရာျခစ္ရာနဲ႔ဂ်င္းေဘာင္းဘီေတြက ယခုခ်ိန္မွလူငယ္ေတြၾကားေခတ္စားလာတာမဟုတ္တာအေသခ်ာပါပဲ။တစ္ခုသတိျပဳရမွာကေတာ့ သ႐ုပ္ပ်က္တဲ့ထိၿပဲစုတ္မေနဖို႔ပဲျဖစ္ပါတယ္။

(၄) အဆင္စံုႏွိပ္ထားတဲ့ Shirt မ်ား

Source : Fashionbeans

ပန္းပြင့္ပံုပါတဲ့ shirtေတြဟာ အမ်ိဳးသမီးေတြနဲ႔ပဲလိုက္ဖက္တယ္လို႔ မထင္လိုက္ပါနဲ႔။ ခပ္ပြပြနဲ႔ဟာေဝယံရွပ္လိုမ်ိဳး ရွပ္အက်ီလက္တိုေတြဟာ 80sကထဲက အမ်ိဳးသားေတြၾကားေခတ္စားလာခဲ့တာျဖစ္ပါတယ္။ ဝတ္ရတာသက္ေတာင့္သက္သာရွိေစတဲ့အျပင္ လူငယ္ဆန္ဆန္မိမိုက္ေနေစတာမို႔ ဝယ္ထားဖို႔ေတြေဝမေနပါနဲ႔ေတာ့။

[Unicode]

ယနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် တမူထူးခြားပြီးဆန်းသစ်နေတဲ့ Trendအများစုဟာ ခေတ်ဟောင်းဖက်ရှင်တွေကို အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်ထားကြတာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်စုစီမှာ Timeless ဖြစ်နေတဲ့ဖက်ရှင် Trendတွေဟာ ယနေ့ခေတ်မှာတော့ “Old But Gold”အဖြစ် ပြန်လည်ဆန်းသစ်လာကြတာအသေချာပါပဲ။ အမျိုးသားဖက်ရှင်အနေနဲ့ စတင်ဖြစ်ပေါ်လာတာကတော့ 40s ကထဲကဖြစ်ပါတယ်။ ခေတ်ဟောင်း Trend အားလုံးထဲမှာမှ Timeless အဖြစ်ဆုံးနဲ့ ဖက်ရှင်အကျဆုံးဆယ်စုနှစ်trendတစ်ခုကိုပြပါဆိုရင်တော့ 80s ဖက်ရှင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်တမူထူးခြားပြီးဖက်ရှင်ကျတဲ့ ပုရိသတွေဖြစ်စေဖို့ သိထားသင့်တဲ့ 80s trendတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Hairstyle

Source : Fashionbeans

Hairstyle အနေနဲ့ပြောရမယ်ဆိုရင် အတိုထားခြင်းထက် ခပ်ရှည်ရှည်စတိုင်ကပိုပြီးရေပန်းစားခဲ့သလို အမျိုးသားတွေအနေနဲ့ ယောကျ်ားပီသတဲ့အသွင်ကိုဆောင်စေနိုင်တဲ့ Hairstyle တွေပဲဖြစ်ပါတယ်။ဆံပင်ကိုအလယ်အလတ်အနေအထားကနေ အရှည်အတွင်းမှာ ခပ်ခွေခွေဆံသားဖြစ်အောင် ပုံသွင်းလေ့ရှိကြပါတယ်။ ဥပမာ-ပိုင်တံခွန်လို့ပြောလိုက်ရင် ပြေးမြင်မိကြမယ့်ဆံပင်ပုံစံမျိုးပါ။ဒီHairstyle ဟာ justin bieberနဲ့ harrystylesတို့လို ကမ္ဘာကျော်အနုပညာရှင်တွေ ခုထက်ထိလက်ကိုင်ထားကြတဲ့ စတိုင်တစ်ခုပဲဖြစ်ပါတယ်။

(၂) Sports Wear

Source : Fashionbeans

အမျိုးသားတွေသာမက အမျိုးသမီးဖက်ရှင်တွေမှာပါ Jeans pant တွေ style pantတွေအစား ပေါ့ပါးပြီး စတိုင်ကျလို့ အစားထိုးနေရာယူလာကြတာကတော့ sweatpantနဲ့ jogging pantတွေပဲဖြစ်ပါတယ်။ ဒါကြောင့်အားကစားဖက်ရှင်ဟာ လူငယ်ဆန်စေတဲ့ ဖက်ရှင်အနေနဲ့ တစ်ခေတ်ထလာတယ်လို့ပြောလို့ရပါတယ်။ဒါ့အပြင်ယနေ့ခေတ်မှပေါ်လာတာလားဆိုရင် မဟုတ်ပါဘူး။အားကစား ဖက်ရှင်တွေဟာ ပေါ့ပါးပြီးအထာကျကျမိမိုက်နေစေတဲ့အတွက် 80s trendကထဲက နေရာယူလာတာဖြစ်ပါတယ်။Gymမသွားဖြစ်ရင်တောင် ခုပဲ jogging pant ရယ် sneaker ရယ်နဲ့ရှိုးထုတ်လိုက်တော့နော်။

(၃) ဂျင်းကာလာအဖျော့များ

Source : Fashionbeans

Denim ရဲ့ကာလာစိုစိုဂျင်းတွေထက် ယခုလက်ရှိချိန်ထိ ခေတ်စားနေတာကတော့ အရောင်ချွတ်ထားသလို ခပ်ဖျော့ဖျော့ဂျင်းတွေပဲဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ အပြဲအခြစ်တွေပါတဲ့ ဂျင်းဘောင်းဘီစတိုင်တွေပဲဖြစ်ပါတယ်။ ပြဲရာခြစ်ရာနဲ့ဂျင်းဘောင်းဘီတွေက ယခုချိန်မှလူငယ်တွေကြားခေတ်စားလာတာမဟုတ်တာအသေချာပါပဲ။တစ်ခုသတိပြုရမှာကတော့ သရုပ်ပျက်တဲ့ထိပြဲစုတ်မနေဖို့ပဲဖြစ်ပါတယ်။

(၄) အဆင်စုံနှိပ်ထားတဲ့ Shirt များ

Source : Fashionbeans

ပန်းပွင့်ပုံပါတဲ့ shirtတွေဟာ အမျိုးသမီးတွေနဲ့ပဲလိုက်ဖက်တယ်လို့ မထင်လိုက်ပါနဲ့။ ခပ်ပွပွနဲ့ဟာဝေယံရှပ်လိုမျိုး ရှပ်အကျီလက်တိုတွေဟာ 80sကထဲက အမျိုးသားတွေကြားခေတ်စားလာခဲ့တာဖြစ်ပါတယ်။ ဝတ်ရတာသက်တောင့်သက်သာရှိစေတဲ့အပြင် လူငယ်ဆန်ဆန်မိမိုက်နေစေတာမို့ ဝယ်ထားဖို့တွေဝေမနေပါနဲ့တော့။