အလုပ်ကြောင့်ပဲ ဖြစ်ဖြစ် ရာထူးတိုးဖို့ပဲ ဖြစ်ဖြစ် လူတွေ့အင်တာဗျူးဆိုတာ ဖြေရပါတယ်။ အင်တာဗျူးတွေဟာ အဖွဲ့အစည်းနဲ့အလုပ်သဘာဝအရ Interviewer တစ်ယောက်တည်း ရှိတတ်သလို အဖွဲ့လိုက်လည်း မေးတတ်ပါတယ်။ အင်တာဗျူးပုံစံဆိုတာ ကိုယ်ရွေးချယ်လို့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အင်တာဗျူးတိုင်းမှာ သိထားသင့်တဲ့ အချက်တွေကို လိုက်နာရင် ကိုယ်ဟာ သူတို့ရဲ့ Top List ထဲ ပါနိုင်ပါတယ်။

(၁) အချိန်မီရောက်ပါစေ

Source: Flickr

ဒါကတော့ အရေးကြီးလှတဲ့ အင်တာဗျူး ကျင့်ဝတ်ပါ။ အချိန်လေးစားသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြစရာ တစ်ခု ဖြစ်သလို ကိုယ့်ကို အင်တာဗျူးမယ့်သူလည်း သဘောတွေ့မယ့်အချက်ပါ။

(၂) လျော်ညီအောင် ဝတ်စားပါ

Source: ShutterStock

အင်တာဗျူးဖို့သွားတာနဲ့မတူဘဲ ရည်းစားနဲ့ချိန်းထားသလိုမျိုး ဝတ်စားရင်တော့ အဆင်မပြေပါဘူး။ ရုံးအတွက် အင်တာဗျူးမှာ မြန်မာဝတ်စုံ သပ်သပ်ရပ်ရပ်နဲ့သွားသင့်သလို နိုင်ငံခြား ကုမ္ပဏီဆိုရင် Suit မဟုတ်တောင် သပ်ရပ်တဲ့ ရှပ်လက်ရှည်နဲ့စတိုင်ပင် ဝတ်ပြီး သွားဖြေသင့်ပါတယ်။

(၃) ယုံကြည်မှုအပြည့်နဲ့ဖြေပါ

Source: cheatsheet

အမေးအဖြေလုပ်နေချိန်မှာ အရေးကြီးတာက စိတ်နေစိတ်ထားပါ။ ကိုယ့်မှာ ထိုက်သင့်တဲ့ လုပ်ငန်းအတွေ့အကြုံတွေ ၊ အသိပညာတွေ ရှိလို့ပဲ ဒီအင်တာဗျူးကို ရောက်လာခဲ့တာပါ။ ဒီတော့ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို ကိုးစားပြီး ယုံကြည်မှု အပြည့်နဲ့ဆက်သွယ်ဖြေဆိုပါ။

(၄) ယဉ်ကျေးပါ

Source: quietrev

ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်လောက်တဲ့ မေးခွန်းတွေ မေးလာချိန်မှာလည်း ယဉ်ယဉ်ကျေးကျေး ပါးပါးနပ်နပ် တုန့်ပြန်နိုင်ဖို့လိုပါတယ်။ လူမှုဆက်ဆံရေးပိုင်း ကျေညက်သူတွေဟာ သူတို့စိတ်ထဲက ခံစားချက်ကို သပ်သပ်ရပ်ရပ် သိမ်းဆည်းထားတတ်သူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေပဲ ဘဝမှာ နေရာပိုရတာကို သိထားသင့်ပါတယ်။