လူတိုင်း အသက်ရှည်ရှည်နေလိုကြပါတယ်။ အသက်ရှည်ဖို့အတွက် ကျန်းမာရေးတွေလိုက်စားကြသူတွေ၊ ဈေးကြီးတဲ့ဆေးတွေနဲ့ ကိုယ့်ရဲ့အသက်ကို ဆွဲဆန့်ကြသူတွေအများကြီးပါ။ တကယ်တော့ အသက်ရှည်ကျန်းမာဖို့ဆိုတာ ပျော်ရွှင်လန်းဆန်းတဲ့ နှလုံးသားနဲ့ ဦးနှောက်ပိုင်ဆိုင်မယ်ဆိုရင် သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။
အနှိပ်ခံပါ
Source: chapelspa.co.uk
ညောင်းညာကိုက်ခဲမှုတွေအတွက် အနှိပ်ခံပါ။ အနှိပ်ခံခြင်းအားဖြင့် ပိတ်နေတဲ့အကြောတွေ ပွင့်လန်းလာပြီး လန်းဆန်းတက်ကြွလာပါလိမ့်မယ်။ အနှိပ်ခံလိုက်ရင် အညောင်းမိပြီး စိတ်နုံးနေတာတွေလည်း ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။
Yoga ကျင့်တာ ဒါမှမဟုတ် တရားထိုင်တာမျိုးလုပ်ပါ
Source: resveralife.com
စိတ်ကိုအေးဆေးတည်ငြိမ်နေအောင် Yoga ကျင့်တာ ဒါမှမဟုတ် တရားထိုင်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒါတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ခေါင်းထဲမှာ ရှင်းကြည်နေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ အသက်ရှုရင်း ပြုလုပ်ရတဲ့ အရာတွေဖြစ်တဲ့အတွက် အဆုတ်ကိုလည်း အားကောင်းစေပါတယ်။
တေးသီချင်းမြူးမြူးလေးတွေ နားဆင်ပါ
Source: prsuit.com
စိတ်တွေရှုပ်ထွေးနောက်ကျိနေတဲ့အခါမျိုးမှာ တေးသီချင်းမြူးမြူးလေးတွေနဲ့ လန်းဆန်းတက်ကြွမှုယူပါ။ စိတ်လန်းဆန်းတက်ကြွနေမယ်ဆိုရင် အရာရာကို အကောင်းမြင်နေပြီး တစ်နေ့တာလုံးကို ပျော်ရွှင်မှုတွေနဲ့အတူ စိတ်အနှောင့်အယှက် ကင်းကင်း ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
အိပ်ရေးဝအောင် အိပ်ပါ
Source: pandalifehacks-codelabgh
အိပ်ရေးဝအောင်အိပ်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးမဝသူဟာ တစ်နေ့တာကို ဘယ်လိုမှ စိတ်လက် ကြည်ကြည်သာသာ ဖြတ်သန်းနိုင်မှာ မဟုတ်ပါဘူး။ အိပ်ရေးမဝတဲ့အတွက် လေးလံထိုင်းမှိုင်းနေပြီး ဘယ်အရာကိုမှ ကောင်းကောင်းမွန်မွန် ဆုံးဖြတ်ချက်ချနိုင်တော့မှာ မဟုတ်ပါဘူး။