ချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Home Party လေးတစ်ခုကို ကျင်းပတော့မယ် ဆိုပါစို့။ Home Party ဆိုပေမယ့် အိမ်ထဲမှာ မွန်းကြပ်နိုင်တဲ့အတွက် ခြံဝန်းထဲမှာပဲ ကျင်းပဖို့ စိတ်ကူးထားပါသလား။ ဒါဆို လှပပြီးသက်သောင့်သက်သာ ဖြစ်စေမယ့် ခြံဝန်းလေးကို ပါတီပွဲအတွက် ပြင်ဆင်ဖို့ လိုအပ်လာပါပြီ။

သန့်ရှင်းမှု ပထမ

Source : Southern Living

မြေပြင်ပေါ်မှာ ကျင်းပမယ့် ပါတီပွဲလေးတစ်ခုဖြစ်တဲ့အတွက် သန့်ရှင်းမှုဟာ အရေးကြီးလှပါတယ်။ အမှိုက်သရိုက်များ ကင်းစင်ပြီး စိမ်းလန်းသော မြက်ခင်းလေးနှင့် သစ်ပင်ပန်းမန်တို့ရဲ့ အလှအပဟာ ပါတီပွဲကို ပဏာရစေမှာပဲ ဖြစ်ပါတယ်။

မီးအလှဆင်ခြင်း

Source : Southern Living

ပထမဆုံး ကိုယ့်ခြံဝန်းထဲမှာ ဘယ်လိုအပင်မျိုးရှိသလဲဆိုတာကို ကြည့်ရပါမယ်။ အပင်ကြီးအမျိုးအစားများ (သို့) ပန်းခြုံကဲ့သို့သော အပင်ငယ် အမျိုးအစားများ လားဆိုတာ ခွဲခြားထားရပါမယ်။ ရောင်စုံမီးလုံးများနှင့် အလှဆင်တဲ့ အခါမှာ အပင်တွေပေါ်မူတည်ပြီး သင့်တော်တဲ့ အလှမီးများကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

စားပွဲနှင့် ကုလားထိုင်များ

Source : Amara

ပါတီပွဲတက်ရောက်မည့် ဧည့်သည်များအတွက် စားပွဲနှင့်ကုလားထိုင် စီစဉ်ရာမှာ ရွေးချယ်စရာ နှစ်မျိုး ရှိပါတယ်။ ပုံမှန်စားပွဲ၊ ကုလားထိုင်များနှင့် မြေပြင်ပေါ်တွင် သက်သောင့်သက်သာ ဖြစ်စေမယ့် အခင်းများ၊ စားပွဲခုံအပုတို့ ပဲဖြစ်ပါတယ်။

အစားအသောက်များ

Source : Around My Family Table

ခြံဝန်းထဲမှာ ကျင်းပသော Home Party တစ်ခုဖြစ်တဲ့ အလျှောက် တည်ခင်းဧည့်ခံသော အစားအစာများက လတ်ဆတ်မှုကို အခြေခံထားသင့်ပါတယ်။ လတ်ဆတ်ချိုမြတဲ့ အသီးအနှံတွေက ပါတီပွဲအတွက် မပါမဖြစ် အစားအစာတွေပါပဲ။