အခု ဒီစာကို ဖတ်နေတဲ့သူဟာ အသက် ၂၀ လည်း ဖြစ်နိုင်သလို အသက် ၃၀ လည်း ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုက ဘဝမှာ အတိုင်းအတာတစ်ခုအထိ အသက်ရှင် နေထိုင်ပြီးပြီ ဆိုတာပါပဲ။ ဒီအချိန်အထိ နေထိုင်ရှင်သန်ခဲ့သမျှမှာ ကိုယ့်ဘဝအခြေအနေ ဘယ်လို ဖြစ်ခဲ့ပြီလဲဆိုတာကတော့ ကိုယ်တိုင် သိပြီး ဖြစ်ပေမယ့် အနာဂါတ်မှာ ဘယ်လိုနေရမလဲဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းအဖြစ် ရှိနေမှာပါ။

ရှေ့လျှောက် ဘယ်လိုနေထိုင်သင့်သလဲဆိုတာကို အချက် ၅ ချက်နဲ့ အကြံပြုချင်ပါတယ်။

(၁) စိတ်ကို လေ့ကျင့်ပါ။

Source: ShutterStock

နံပါတ်တစ်နေရာမှာ စိတ်ကို လေ့ကျင့်ပါလို့ အကြံပေးချင်ပါတယ်။ စိတ်ဟာ ကိုယ့်ဘဝကို ဦးဆောင်မောင်းနှင်နေတဲ့ အင်ဂျင်တစ်ခုပါ။ ဒီအင်ဂျင်ကောင်းရင် ကောင်းသလောက် သွားမယ့်ခရီး ပိုအဝေးကြီး ရောက်ပါလိမ့်မယ်။ ပိုကောင်းတဲ့ လူဖြစ်အောင် နေတော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ စိတ်ကို နေ့ တိုင်းပြုပြင်ပါ။ မကောင်းတဲ့ အကျင့်ကနေ ကောင်းတဲ့ ဘက်ကို ရွှေ့ဖို့အချိန်ယူလိုက်ပါ။

(၂) ကျန်းမာရေးကို ပိုဂရုစိုက်ပါ

Source: ShutterStock

အခုချိန်ကစပြီး ကိုယ့်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်နိုင်ဖို့က ကိုယ့်အလုပ်လို သဘောထားပါ။ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတွေ စားပါ။ သန့် သန့် ရှင်းရှင်း နေပြီး စိတ်အေးချမ်းစေမယ့် အလေ့အထကို ဆောင်ထားပါ။

(၃) ကိုယ်နဲ့ အံမဝင်သူတွေ ဖယ်ထုတ်လိုက်ပါ

Source: ShutterStock

ကိုယ့်စိတ်ကို ထိခိုက်စေမယ့် လူတွေကို ကိုယ့်အဝန်းအဝိုင်းထဲ မထားဖို့ လိုပါတယ်။ သူတို့ ကို ထားခဲ့လို့ နောင်တမရမှာ သေချာမယ်ဆိုရင် လုပ်ဖြစ်အောင် လုပ်ဖို့တိုက်တွန်းချင်ပါတယ်။ တစ်ချို့သူတွေဟာ တကယ် အရေးမပါပေမယ့် စိတ်ဒုက္ခတော့ ပေးတတ်ပါတယ်။

(၄) ပြန်တွေးတိုင်း ပြုံးနိုင်တဲ့ အလုပ်နဲ့ ငွေရှာပါ။

Source: HypnoTC

ပိုက်ဆံရရင် ပြီးရောဆိုပြီး မသမာတဲ့ နည်းနဲ့ အလုပ်လုပ်ရင် တစ်ချိန်မှာ စိတ်ဆင်းရဲရဖို့ သေချာပါတယ်။ သမ္မာအာဇီဝနဲ့ လုပ်ရင်း ချွေးထွက်ရတယ်ဆိုရင်တောင် လက်မထောင်ပြီး ထမင်းမြိန်မြိန် စားနိုင်မှာပါ။

(၅) စိတ်တူကိုယ်မျှတဲ့ ချစ်သူမျိုး ရှာပါ။

Source: Lelaki Sihat

ပြန်တွေးတိုင်း ပျော်ရတဲ့ အချစ်မျိုးကတော့ ရှားလွန်းလှပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ စိတ်သဘောထားချင်း တူမျှပြီး ရှေ့သွားနောက်လိုက်ညီတဲ့ စိတ်ချမ်းသာစရာ အချစ်မျိုး ရတယ်ဆိုရင် တကယ့် ရွှေပါ။ ဒီလိုအချစ်ကြောင့် လူဟာ ပိုပြီး ရဲရင့်တည်ကြည်လာသလို ဘဝကို ပိုပြီးကောင်းအောင် နေဖို့ ဖြစ်လာပါလိမ့်မယ်။