တစ်နေကုန်ရုံးလုပ်ငန်းတွေမှာ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ အလုပ်တွေလုပ်နေခဲ့ရတဲ့ အမျိုးသားတွေအတွက် ညနေရုံးဆင်းချိန်တွေဟာ အလွန်မှစိတ်ချမ်းသာဖွယ် ဖြစ်နေပါလိမ့်မယ်။ ညနေခင်းအချိန်လေးတွေကလည်း တိုတောင်းလွန်းလှတဲ့အတွက် သေချာအသုံးချနိုင်မှ အကျိုးရှိမှာဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်မှာထိုင်မလား

Source: thoughtcatalog.com

ပင်ပန်းနွမ်းနယ်မှုတွေကို ရေခဲစိမ်ဘီယာအေးအေးလေးနဲ့ မျှောချကြမလား။ သူငယ်ချင်းတွေစုဖွဲ့ပြီး ရုံးဆင်းတာနဲ့ သက်သောင့်သက်သာရှိပြီး ဝန်ဆောင်မှုကောင်းတဲ့ဘီယာဆိုင်လေးတွေမှာ စကားတွေပြောကြမလား။ ဆေးဖြစ်ဝါးဖြစ်တော့ ဘီယာအေးအေးလေးတွေကို မှီဝဲလို့ရနိုင်ပါတယ်။

ချစ်သူနဲ့ စားသောက်ဆိုင်ကောင်းကောင်းမှာထိုင်မလား

Source: AskMen

ရုံးဆင်းချိန်မှာ ချစ်သူကိုသူမရုံးမှာသွားကြိုပြီး အစားအသောက်ကောင်းတဲ့ဆိုင်မှာ တူတူစားကြမလား။ ရန်ကုန်မြို့ထဲမှာ စားသောက်ဆိုင်ကောင်းကောင်းတွေကလည်း အများကြီးရှိတယ်ဆိုတော့ သင့်အတွက်အဆင်ပြေလွယ်ကူစေမှာပါ။ သူမကိုအချိန်ပေးတဲ့အတွက် ချစ်သူကလည်း ပျော်ရွှင်ကြည်နူးနေမှာပဲဖြစ်ပါတယ်။

မိသားစုနဲ့တီဗွီရှေ့မှာထိုင်မလား

Source: Pinterest

သင်ဟာ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ဖြစ်နေခဲ့ရင်တော့ မိသားစုဆီကို ရုံးဆင်းတာနဲ့ပြေးသွားလိုက်ပါ။ သင့်ဇနီးက သင့်အတွက်အရသာရှိတဲ့ညစာကိုပြင်ဆင်ပြီး စောင့်မျှော်နေမှာပဲဖြစ်ပါတယ်။ သားသမီးတွေအလယ်မှာ ချစ်ဇနီးနဲ့တီဗွီကလာတဲ့အစီအစဉ်ကောင်းတွေကိုကြည့်ရှု့ပြီး ညနေချိန်တွေကိုကုန်ဆုံးစေတာဟာလည်း ကြည်နူးဖွယ်ခံစားချက်တစ်ခုပါပဲ။

ရုပ်ရှင်ရုံထဲမှာထိုင်မလား

Source: mashable.com

ရုံးအလုပ်တွေကလည်းတအားများတယ်၊ နာမည်ကြီးရုပ်ရှင်ကလည်း ရုံကနေချတော့မယ်။ ဒီတော့ သင့်ရဲ့ညနေခင်းရုံးဆင်းချိန်တွေ ကိုအကျိုးရှိရှိအသုံးချဖို့အတွက် ရုပ်ရှင်ရုံတွေဖက်ကို ခြေဦးလှည့်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ ချစ်သူလေးနဲ့ဖြစ်စေ ညနေပိုင်းရုပ်ရှင်ကြည့်ခြင်းဟာ ကိုယ့်အတွက်အလုပ်လည်းမပျက်သလို ရုံတင်သမျှရုပ်ရှင်တိုင်းကိုလည်း လက်မလွတ်တမ်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။