ကမ္ဘာနဲ့အ၀ှမ်း ခေတ်မှီတိုးတာလာတာနဲ့ အမျှ ပျော်ပွဲရွှင်ပွဲများဟာလည်း အသွင်ဆန်းသစ်စွာ အဆင့် အတန်းမြင့်မားလာခဲ့ပါတယ်။ ယနေ့ခေတ် ပျော်ပျော်ပါးပါးနေတတ်တဲ့ ကွီးတို့အတွက် ခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့ Pool Party အကြောင်းကို ဖေါ်ပြပေးချင်ပါတယ်။

Pool Party ဆိုတာ

မိုးရာသီ ကုန်ဆုံးကာစ အချိန်နဲ့ နွေရာသီများမှာ အများဆုံး ကျင်းပလေ့ရှိကြပါတယ်။ လူကြီး၊လူငယ် မရွေး စိတ်ဝင်စားတဲ့ Party တစ်မျိုးပဲ ဖြစ်ပါတယ်။

ဘယ်လိုနေရာတွေမှာ ကျင်းပလေ့ရှိကြလဲ။

ကမ်းခြေများနဲ့ ဟိုတယ် ရေကူးကန်တွေမှာ အများဆုံး ကျင်းပလေ့ရှိကြပါတယ်။ နေ့ခင်းပိုင်း သဲသောင် ပြင်တွေပေါ်မှာ သူငယ်ချင်းအုပ်စုများ၊ ချစ်သူများ ပျော်ရွှင်စွာ ရေကစားရင်း ပါတီပွဲဆင်နွဲတတ်ကြသလို၊ ညပိုင်း ဟိုတယ် ရေကူးကန်တွေမှာလည်း စိတ်လှုပ်ရှားဖွယ် Pool Party များကို ကျင်းပတတ်ကြပါတယ်။

တေးဂီတ

အမိုက်စား DJ တေးဂီတ များနဲ့ Pool Party တွေဟာ သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ DJ Music တွေနဲ့ ရေကူးလိုက်၊ စားလိုက်သောက်လိုက်၊ ကခုန်လိုက်ဖြင့် တကယ့်ကို ပျော်ရွှင်ဖွယ် ပါတီပွဲလေးတစ်ခု ဖြစ်စေမှာပါ။

Pool Party Dress

Pool Party ဆိုတဲ့အတိုင်း Bikinis တွေနဲ့ ကွီးတို့ရဲ့ အမိုက်စားခန္ဓာကိုယ်ကို ပေါ်လွင်စေမှာပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် Bikinis ၀တ် ကောင်မလေးလန်းလန်းတွေနဲ့လည်း ပျော်စရာကောင်းတဲ့ ဇတ်လမ်းတွေ ဖြစ် သွားနိုင်ပါတယ်။