ဝတ်နေကျ အဝတ်အစားတွေ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ငြီးငွေ့နေပြီလား။ ထူးခြားပြီး Stylish ဖြစ်စေမယ့် အပြောင်းအလဲမှုမျိုးကိုလုပ်ချင်ပါသလား။ ဒါဆိုရင်တော့ ဒီနေ့ဖော်ပြပေးမယ့် Article ကနေပြီး အမျိုးသား Street Style ဖက်ရှင်တွေကို Inspiration ရမယ်လို့မျှော်လင့်ပါတယ်။ Street Style ဟာ ယနေ့ခေတ်မှာ အရမ်းရေပန်းစားလာပါတယ်။ အဲ့တာကြောင့်လဲ အမျိုးသားတွေအတွက် ခေတ်စားနေတဲ့ Street Wear Collections ကနေ Idea ယူနိုင်အောင် ခုဖော်ပြပေးမှာဖြစ်ပါတယ်။

Source: thetrendspotter.net

Street Wear တွေရဲ့ Basic Color ကတော့ အနက်ပဲဖြစ်ပါတယ် Street Style ရဲ့အဓိကသဘောတရားကတော့ Casual ဖြစ်တဲ့အဝတ်အစားတွေနဲ့ Funky Jeans တွေ Leather တွေကိုတွဲဖက်ဝတ်ဆင်တာပဲဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မဖြစ်မနေသိသင့်တဲ့ Style Rules ကတော့ ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်တဲ့အဝတ်အစားကို ကောင်းစွာဝတ်ဆင်တတ်ခြင်းပါပဲ။

Source: thetrendspotter.net

အပေါ်မှာပြောခဲ့သလိုပဲ Street Style ဟာ High ဖက်ရှင်နဲ့ Common ဖြစ်တဲ့စတိုင်ကိုတွဲဖက်ပြီးဝတ်ဆင်ခြင်းကိုခေါ်တာပါ။ ယခုဖော်ပြပေးချင်တဲ့ စတိုင်က Traditional Combo လို့ခေါ်တဲ့ ရိုးရှင်းပြီး အခြေခံကျတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ် V-necked Tee ရယ် အညိုရောင် Skinny ဘောင်းဘီကို Shoes နဲ့ဝတ်ဆင်ထားပြီး Accessory အနေနဲ့ Chain ကြိုးရယ် မျက်မှန် အပြင် Bracelets ကိုတွဲဖက်ဆင်ယင်ထားတာပဲ ဖြစ်ပါတယ်။ နွေရာသီပူလွန်းရင်တော့ Shoes အစား Sandals ပြောင်းစီးချင်လဲရပါတယ်။

Source: thetrendspotter.net

Swag Lovers တွေအတွက်ဆိုရင်တော့ Printed R’n’B Cap ကို Denim Jacket ၊ Graphic တီရှပ် အပြင် Ripped Jeans ၊ Sneakers ဖိနပ်တွေနဲ့ တွဲဖက်ပြီးစီးနိုင်ပါတယ်။ တကယ်လို့သင်ဟာပွဲတစ်ခုခု ကိုသွားစရာရှိပြီး အဲ့ဒီပွဲရဲ့ Dress Code ကဘာမှန်းမသိဘူးဆိုရင်တော့ အမြဲအနက်ကို ဦးစားပေးရွေးချယ်တာက အလုပ်ဖြစ်ပါတယ်။ အပေါ်အောက်အနက် Outfit ဝတ်ပြီး နေကာမျက်မှန် ရယ် Sneakers ဒါမှမဟုတ် Boots နဲ့တွဲဝတ်သွားရင် Slay ဖြစ်သွားပါပြီ။ ဒီ လောက်ဆို Street Style နဲ့ပတ်သက်ပြီး ဘယ်လိုဝတ်ဆင်သင့်သလဲဆိုတာကို သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ နောက်ရက်တွေမှာလည်း Men Wear စတိုင် နဲ့ပတ်သက်ပြီးထပ်ပြီး ဝေမျှပေးသွားမှာမို့ စောင့်စားပြီး ဖတ်ပေးကြမယ်လို့မျှော်လင့်ပါတယ်။

Source: thetrendspotter.net