ကမ္ဘာအရပ်ရပ်က အောင်မြင်ကျော်ကြားလူကြိုက်များပြီး ယောက်ျားပီသတဲ့ ရုပ်ရည်ပိုင်ရှင်တွေ အများကြီးပါပဲ။ ဒီထဲကမှ 2018 ခုနှစ်အတွင်း စစ်တမ်းတွေအရ ယောက်ျားအပီသဆုံး ရုပ်ရည်ပိုင်ဆိုင်သူ အမျိုးသားငါးဦး ကို ဖော်ပြပေးလိုက်ပါတယ်။

Lee Min Ho

Source: dramafever.com

ကိုရီးယားသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လီမင်ဟိုကတော့ ဒီနှစ်ရဲ့ ယောက်ျားပီသဆုံးရုပ်ရည်ပိုင်ရှင် အမျိုးသားများရဲ့ အဆင့် ၅ နေရာမှာ ချိတ်နေသူပါ။ လက်ရှိမှာတော့ သူ့ရဲ့ အသက်က ၃၁ နှစ်ရှိနေပါပြီ။ သူဟာ တောင်ကိုရီးယားရဲ့ သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်ပြီး 2009 ခုနှစ်တုန်းက F4 ချစ်သူ ဇာတ်လမ်းတွဲထဲက ဂူဂျွန်ဖြိုး ဇာတ်ကောင်နဲ့  လူသိများ ကျော်ကြားလာတာဖြစ်ပါတယ်။

Godfrey Gao

Source: variety.com

အသက် ၃၄ နှစ်အရွယ် ကနေဒီယံ မော်ဒယ် ဂေါ့ဖရီဂါရိုကတော့ အဆင့် ၄ နေရာမှာ ရပ်တည်နေသူပါ။ ထိုင်ဝမ်လူမျိုးဖခင် နဲ့ မလေးမိခင် တို့မှ မွေးဖွားလာခဲ့သူဖြစ်ပြီး ကလေးဘဝတည်းက ကနေဒါကို ပြောင်းရွှေ့နေထိုင်ခဲ့သူပါ။ လက်ရှိအချိန်မှာလည်း မော်ဒယ်အနေနဲ့သာမက ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲတွေမှာလည်း နာမည်ကျော်ကြား လူကြိုက်များနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Robert Pattinson

Source: hdwallsource.com

သူ့ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးနေစရာ လိုမယ်မထင်ပါဘူး။ တွိုင်းလိုက်ဇာတ်ကားထဲက ဇာတ်လိုက်ဖြစ်တဲ့ သူကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ သရုပ်ဆောင် ၊ မော်ဒယ်လ် ၊ ဂီတပညာရှင်နဲ့ ပရိုဂျူဆာစတဲ့ ဂုဏ်ထူးတွေနဲ့အတူ ယောက်ျားပီသတဲ့ ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။ 2005 ခုနှစ်က စတင်ပြီး အနုပညာလောကထဲ ဝင်ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။

Tom Cruise

Source: The Indian Express

အသက် ၅၆ နှစ်ရှိနေပြီဖြစ်ပေမယ့်လည်း မင်းသားကြီး တွမ်ခရုစ်ကတော့ ဒီနှစ်ရဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေနိုင်ဆဲပါပဲ။ အကယ်ဒမီဆု 3 ဆုနဲ့ Golden Globeဆု ၃ဆု ဆွတ်ခူးရရှိထားတဲ့ မင်းသားကြီး တွမ်ခရုစ်က သူ့ရဲ့ အသက် ၁၉ နှစ်အရွယ်မှာ Endless Love ဆိုတဲ့ ရုပ်ရှင်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

Hritik Roshan

Source: DNA India

၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့ နံပါတ်တစ် ယောကျာ်းပီသတဲ့ ရုပ်ရည်ပိုင်ရှင်ကတော့ ရစ်ဒစ်ရိုရှင်ပဲ ဖြစ်ပါတယ်။ အသက် ၄၈ နှစ် ရှိပြီဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အကစွမ်းရည်တွေကြောင့် ကမ္ဘာမှာ လူကြိုက်များတဲ့ ဘောလီးဝုဒ်သရုပ်ဆောင်တစ်ဦးပါ။ ဘောလီးဝုဒ်သရုပ်ဆောင်ဆိုပေမယ့်လည်း တစ်ကမ္ဘာလုံးလိုလို မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆုပေါင်းများစွာ ပိုင်ဆိုင်ထားသလို ၂၀၁၈ ခုနှစ်ရဲ့ နံပါတ်တစ် အဆင့် ယောကျာ်းပီသသူတစ်ဦးဖြစ်ပါတယ်။