ဘွန်ဒက်စ်လီဂါဟာ ဥရောပရပ်ဝန်းမှာတော့ သတ်တမ်းနုတဲ့ ဘောလုံးလိဂ်လို့ပြောလို့ရပါတယ်။ သို့သော် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေဟာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပြီး ပြိုင်ဆိုင်မှုလည်းပြင်းထန်လွန်းလှပါတယ်။ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတွေကိုလည်း ဖော်ပြလိုက်ရပါတယ်။

Jupp Heynckes

Source: football-bible.com

ဂျာမန်နိုင်ငံသားတစ်ယောက်ဖြစ်၍ လိဂ်ပွဲစဉ်ပေါင်း (၂၂၆) ပွဲကစားထားပြီး ဂိုးပေါင်း (၂၂၀) အထိသွင်းပေးထားနိုင်တာလည်းဖြစ်ပါတယ်။ လိဂ်ရဲ့ တတိယဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်ပြီး လိဂ်တွင်ကျင်လည်စဉ်မှာ ကစားခဲ့တဲ့အသင်းကတော့ Borussia Monchengladbac ဖြစ်ပါတယ်။ သူရဲ့ ရွေရောင်ခုနှစ်တွေကတော့ (၁၉၆၀) နဲ့ (၁၉၇၀) ကြားကာလတွေဖြစ်ပါတယ်။

Klaus Fischer

Source: football-bible.com

ဂျာမန်အနောက်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့သူဟာ လိဂ်ဂိုး (၂၆၈) ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါက အသင်းတော်တော်များများမှာကစားခဲ့ပါတယ်။ သူ့တောက်ပခဲ့တဲ့ အချိန်ကာလတွေကတော့ ရှော်ကေးအသင်းမှာပါ။ သူဟာ အဆိုပါအသင်းတွင် လိဂ်ဂိုး (၁၈၂) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ Klaus Fischer ဟာ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးတိုက်စစ်မှူးတစ်ယောက်ပါ။

Gerd Muller

Source: football-bible.com

ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်လုံးတွင် အအောင်မြင်ဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပွဲပေါင်း (၄၂၇) ပွဲတွင် ဂိုးပေါင်း (၃၆၅) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။  Gerd Muller ဟာ အသက် (၁၅) နှစ်အရွယ်ထဲက ဘောလုံးလောကသို့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူရဲ့ ကလပ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပါတယ်။