ဥရောပဘောလုံးမိုးကောင်းကင်မှာ ထွန်းတောက်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ အာရှသားတွေဟာ ဘောလုံးကို ရူးသွပ်ကြတာ အာလုံးအသိဖြစ်မှာပါ။ သို့ပေမဲ့ အာရှမှာတော့ဘောလုံးအားကစားအနုပညာဟာ ထင်သလောက် မတိုးတတ်ပါဘူး။ ထိုအတွက်ကြောင့် ခြေစွမ်းခြေစရှိတဲ့ အာရှကစားသမားအများအပြားဟာ ဥရောပမြေပ်ါမှာ သွားရောက်ကစားကြပါတယ်။ လစာငွေအများဆုံးရရှိနေတဲ့ အာရှဘောလုံးသမား (၃) ယောက်ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
(၁) Shinji Kagawa -တစ်ပက်လစာ (£130,000)
Source: tsmsportz.com
သူဟာ ဂျပန်ကစားသမားတစ်ယောက်ဖြစ်ပြီး ယခုလက်ရှိမှာတော့ ဒေါ့မွန်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ သူဟာ ခြေစွမ်းကောင်းမွန်တဲဘ အာရှသားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ အနာဂတ်ရောင်ခြည်ဟာ ဘွန်ဒက်လီဂါမှာ ထွန်းတောက်ဆဲဖြစ်ပါတယ်။ သူရဲ့ ယူနိုက်တက်ခရီးစဉ်ကတော့ ပျော်ဖို့မကောင်းခဲ့ပါဘူး။ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် မိခင်ကလပ် ဒေါ့မွန်အသင်းကို ပြည်တော်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ထိုက်သင့်တဲ့ ခြေစွမ်း၊ ထိုက်တန်တဲ့ လစာကို ရရှိထားပြီဖြစ်ပါတယ်။
(၂) Son Heung-min – တစ်ပက်လစာ (£80,000)
Source: tsmsportz.com
သူဟာ ယခုလက်ရှိမှာ စပါးအသင်းမှာကစားနေတာဖြစ်ပါတယ်။ တောင်ကိုရီးယားသားတစ်ယောက်ဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်က လေဗာကူဆင်အသင်းမှ စပါးအသင်းကိုပြောင်းရွေ့လာတာဖြစ်ပါတယ်။ သူဟာ စပါးအသင်းနဲ့ ငါးနှစ်တာစာချုပ်ချုပ်ဆိုထားပြီး ခြေစွမ်းကောင်းတွေကိုပြသနေတာဖြစ်ပါတယ်။ သူရဲ့တစ်ပက်လစာကတောာ့ ပေါင် ၈ သောင်းဖြစ်ပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။
(၃) Shinji Okazaki -တစ်ပက်လစာ (£75,000)
Source: tsmsportz.com
ဂျပန်လူမျိုးတစ်ယောက်ဖြစ်တဲ့ သူဟာ ယခုလက်ရှိမှာ လက်စတာအသင်းမှာကစားနေတာဖြစ်ပါတယ်။ လက်စတာအသင်း အံအားသင့်ဖွယ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့တဲ့ ခရီးမှာ အကောင်းဆုံးပါဝင်ခဲ့သူဖြစ်ပါတယ်။