လူတိုင်းအောင်မြင်မှုမရနိုင်သလို ရရှိပြီးအောင်မြင်မှုကိုလည်း လူတိုင်းထိန်းသိမ်းထားနိုင်ဖို့ မလွယ်ကူပါဘူး။ အောင်မြင်မှုရဲ့ဒဏ်ကို လူအများစုက ခံနိုင်ရည်မရှိကြလို့ပါပဲ။ ဒါကြောင့် တချို့အောင်မြင်တဲ့သူတွေဟာ သူတို့ရရှိထားတဲ့အောင်မြင်မှုရဲ့ တဖက်ကမ်းဆီကို လက်ပစ်ကူးသွားနေကြပါတယ်။
ကြိုးစားမှုတွေလျှော့ချပစ်ခြင်း
Source: Oklahoma Eagle
အောင်မြင်လာတဲ့သူတစ်ယောက်ဟာ ပန်းတိုင်ရောက်ရှိသွားပြီဆိုတဲ့ အတွေးနဲ့ တချိန်လုံးအားထုတ်လာခဲ့တဲ့ကြိုးစားမှုတွေကို လျော့ချပစ်လိုက်တတ်ပါတယ်။ တကယ်တော့ အောင်မြင်မှုပန်းတိုင်ဆိုတာ ဘဝတလျှောက်လုံး ကြိုးစားပမ်းစားသွားနေရမယ့် နေရာတစ်ခုဖြစ်တယ်ဆိုတာ သတိမူမိဖို့သင့်ပါတယ်။
ဘဝင်မြင့်လာခြင်း
Source: mag-jeunes.com
လူတွေရဲ့အခြေခံသဘာဝမှာ အောင်မြင်မှုတစ်ခုခုကို ရရှိလာတာနဲ့ ကိုယ့်ကိုကိုယ်စွမ်းဆောင်ရှင်တစ်ဦးပမာ အောက်ခြေလွတ်ဘဝင်မြင့်သွားတတ်ကြပါတယ်။ ဒီလိုဘဝမေ့တတ်တဲ့စိတ်မျိုးကို လက်ခံကျင့်သုံးနေခြင်းအားဖြင့် မိမိဟာအောင်မြင်မှုရဲ့တဖက်ကမ်းဆီကို လက်ပစ်ကူးသွားနေတယ်ဆိုတာ ဂရုမပြုမိကြပါဘူး။
ပျော်ပါးမှုတွေနောက်သို့လိုက်သွားခြင်း
Source: Shutterstock
ကိုယ်ရောက်ရှိနေတဲ့နေရာဟာ ဘဝရဲ့ပန်းတိုင်အစစ်ဖြစ်တယ်လို့ မှတ်ယူလိုက်တဲ့သူတွေဟာ ရှိရင်းစွဲ လုံ့လ၊ ၀ီရိယတွေကို ရပ်တန့်လိုက်ပြီး စိတ်လွတ်ကိုယ်လွတ်အပျော်အပါးတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတတ်ပါတယ်။
အထင်သေးစိတ်များဝင်လာခြင်း
Source: lieman.ru
ထိုက်သင့်တဲ့အောင်မြင်မှုကိုရရှိသွားတဲ့အခါ ကိုယ့်ရဲ့ပြိုင်ဘက်တွေအပေါ် လျော့တွက်အထင်သေးတတ်တဲ့စိတ်တွေ ဝင်လာတတ်ပါတယ်။ ငါလိုအောင်မြင်မှုကို သူတို့အလွယ်တကူမရနိုင်ပါဘူးဆိုတဲ့ အတွေးဟာ အောင်မြင်မှုနဲ့ဝေးတဲ့ဆီကို ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။