ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူးဆိုတဲ့ စကားရှိပါတယ်။ ဝမ်းမကောင်းခဲ့ရင် နေထိုင်မကောင်းတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ မအီမသာခံစားရတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဝမ်းချုပ်နေရင်ဝမ်းမှန်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ။
ဆေးတွေချည်း သောက်မနေပါနဲ့
Source: www.netdoctor.co.uk
ဝမ်းမမှန်ဘူးဆိုပြီး ဆေးတွေလှိမ့်သောက်တာမျိုးမလုပ်ပါနဲ့။ နောက်ဆုံးမှာ အဲဒီဝမ်းပျော့ဆေးတွေ၊ ဝမ်းမှန်ဆေးတွေမသောက်ရင် ဝမ်းမသွားတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဆေးတွေသောက်သုံးတာမျိုးမဟုတ်ဘဲ သဘာဝအတိုင်းဝမ်းမှန်စေမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။
ရေများများသောက်ပါ
Source: www.wddty.com
ရေများများသောက်ပေးခြင်းဟာ ဝမ်းထဲကအပူအပုပ်တွေကို ကင်းစင်စေပါတယ်။ ဝမ်းပုံမှန်သွားစေနိုင်တဲ့ သဘာဝဆေးနည်းကလည်း ရေများများသောက်ခြင်းပါပဲ။ ဒီတော့ ဝမ်းမှန်ချင်တယ်၊ ဝမ်းချုပ်တာပျောက်စေချင်တယ်ဆိုရင်တော့ ရေများများသောက်ဖို့မမေ့ပါနဲ့။
ဟင်းသီးဟင်းရွက် များများစားပါ
Source: www.shutterstock.com
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။ နေ့စဉ် ကိုယ်စားသုံးနေကျနေ့လည်စာတို့ ညစာတို့မှာ ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ထည့်သွင်းစားသုံးပေးရုံနဲ့ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဓာတ်စာတွေကို ရရှိစေနိုင်မှာပါ။
အမျှင်ဓာတ်များများပါတာစားပေးပါ
Source: www.sciencedaily.com
အုတ်ဂျုံ၊ ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်းသီးတွေနဲ့ သဘောင်္သီးတွေအပြင် အမျှင်ဓာတ်များများပါတဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို စားသုံးပေးတာဟာ ဝမ်းကိုမှန်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထူးအထောက်အကူပြုပါတယ်။
ဝမ်းချုပ်နေရင်
Source: www.lifealth.com
ဝမ်းတော်တော်ချုပ်နေတယ်ဆိုရင်တော့ မန်ကျည်းမှည်နဲ့ထန်းလျက်ကို ကြိုပြီးမန်ကျည်းဖျော်ရည်လုပ်သောက်ခြင်း၊ ဒိန်ချဉ်သောက်ပေးခြင်းဖြင့် အပူအပုပ်ကင်းစင်ပြီး ဝမ်းမှန်စေမှာဖြစ်ပါတယ်။