နွေဦးပေါက်လာပြီဆိုတာနဲ့ ဆံပင်အရောင်ချိန်းချင်ကြတဲ့ ကိုကို မောင်မောင်တွေအတွက် 2018 ခုနှစ်အတွင်း ခေတ်စားမယ့် ဆံပင်ကာလာလေးတွေကို မျှဝေပေးချင်ပါတယ်။ ဆံပင်အရောင်မချိန်းရ မနေနိုင်အောင် ဆံပင်ကာလာအပေါ်မှာ ရူးသွပ်ကြတဲ့ လူငယ်တွေအတွက် အံကိုက်ဖြစ်စေမယ့် အရောင်လေးတွေ ဒီနှစ်ထဲမှာ ခေတ်စားပါတယ်။ ဘာအရောင်လေးတွေ ခေတ်စားမလဲ ဆိုတာ ကြည့်လိုက်ကြရအောင်။

ခရမ်းနဲ့ ပန်းရောင် ရောဖောက်ထားတဲ့ကာလာစပ်

Source: earthporm.com

ဒီနှစ်ကတော့ ကာလာစပ်တွေ ခေတ်စားမယ့်နှစ်ပါပဲ။ ပထမဆုံး ဖော်ပြပေးချင်တဲ့ ကာလာအရောင်လေးကတော့ ပန်းခရမ်းလို့ ပြောရမယ့် ပန်းရောင် နဲ့ ခရမ်း နှစ်ရောင် စပ်ဖောက်ထားတဲ့ ကာလာအရောင် လေးဖြစ်ပါတယ်။

ကာလာစုံ စပ်ဖောက်ထားတာ

Source: dagpress.com

အထက်ကပြောခဲ့သလိုပါပဲ။ ဒီနှစ် ကာလာစပ်တွေ ခေတ်စားမယ့်အထဲမှာ ရောင်စုံစပ်ထားတဲ့ ကာလာစပ်လေးတွေလည်း အထူးခေတ်စားမှာပါ။ အေ၇ာင်တောက်တောက်လေးတွေ ရောစပ်ဖောက်ထားတဲ့ အရောင်စပ်လေးကလည်း ခေတ်စားမယ့် ဆံပင်ကာလာလေးတွေ ထဲက တစ်ခုပါ။

မီးခိုးရောင်

Source: femalehairstyle2018.com

ဒီနှစ်ထဲမှာ မီးခိုးရောင်ဆံပင်ကာလာကိုလည်း လူတိုင်းလိုလို ချိန်းလာကြပါတယ်။ Smoky Grey ရောင်လေးတွေကိုလည်း  ခုံခုံမင်မင် ဆိုးလာကြတာကို တွေ့ရပါတယ်။ မီးခိုးရောင်ကိုမှ ငွေမျှင်သမ်းတဲ့ မီးခိုးရောင် ၊ မီးခိုးအဖျော့ စသဖြင့် အရောင်မျိုးစုံ ဆိုးလာကြတာပါ။ ကောင်လေးတွေ ကောင်မလေးတွေ တော်တော်များများရဲ့ ခုလတ်တလော အကြိုက်ဆုံး ကာလာလို့ တောင် ပြောရမလိုပါပဲ။

အစိမ်းရောင်

Source: tukuoke.com

အစိမ်းရောင်ကိုလည်း ဟိုက်လိုက် ဖောက်ထားတဲ့ ပုံစံမျိုး ဘေးတစ်ဖက်တစ်ချက်မှာပဲ ဆိုးတဲ့ ပုံစံမျိုးတွေ ခေတ်စားလာပါတယ်။ အစိမ်းရောင်ဆံပင်ကာလာကတော့ လူငယ်ဆန်တဲ့ အသွင်ပုံစံကို ရရှိစေပါတယ်။ အစိမ်းရောင်ကာလာကလည်း လူငယ်တွေကြား ရေပန်းစားတဲ့ ကာလာအရောင်ပါပဲ။

အဝါနဲ့ ရွှေရောင်စပ်ထားတဲ့ ရွှေဝါရောင်

Source: MensOK.com

ခေတ်ကာလတိုင်းတွေမှာ ရွှေဝါေ၇ာင်က တကယ်ကို လူကြိုက်များတဲ့အရောင်ပါ။ ဒီနှစ်ထဲမှာတော့ ရွှေရောင်က တဖက် အဝါက တစ်ဖက် အဲဒီလို အစပ်အကျားလေးတွေခေတ်စားမှာပါ။ ကြောင်တောင်တောင် နိုင်တယ်လို့ တချို့တွေက ထင်ကြပေမယ့်လည်း ဆိုးချင်သူတွေ အတွက်ကတော့ အရမ်းကို အကြိုက်တွေ့စေမယ်ပုံစံပါပဲ။