၂၀၁၈ ခုနှစ်အတွင်းမှာ ခေတ်စားမယ့် ဖက်ရှင်ပုံစံလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဖက်ရှင်ကို စိတ်ဝင်စားကြတဲ့ အမျိုးသားတွေအတွက်တော့ အခု ဖော်ပြပေးမယ့် ဖက်ရှင်ပုံစံလေးတွေကိုကြည့်ပြီး ကိုယ်နဲ့လိုက်ဖက်မယ့် ပုံစံတွေကို ဆင်ယင်ကြဖို့ အကြံပေးချင်ပါတယ်။ ကဲ ၂၀၁၈မှာ ခေတ်စားတဲ့ ဖက်ရှင်တွေက ဘာတွေများလဲ။

အဝါရောင်ဖက်ရှင်

Source: medias.petit-bateau.com

ဒီနှစ်ထဲမှာ အဝါရောင်ဖက်ရှင်တွေ ခေတ်စားမှာပါ။ တကယ်လို့ အရောင်တောက်တောက်ကြီးဝတ်ရမှာ ရှက်တယ်ဆိုရင်တော့ အများကြီးမဝတ်ဆင်သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေပါ့မလားလို့ တွေးနေမိရင် ယုံကြည်မှုရှိတဲ့ပုံစံ မပေါက်ဘဲနေပါလိမ့်မယ်။ ဒါပေမယ့်  ဒီနှစ်ခေတ်စားမယ့် ဖက်ရှင်က အဝါရောင်ဖြစ်တဲ့အတွက် ကိုယ်က အဝါရောင်ဝတ်ရတာ ဘယ်လိုမှ မနေဘူးဆိုရင်တော့ ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

ဟာဝိုင်ရီရှပ်လေးတွေ

Source: https://i2.wp.com/

ဒီနှစ်နွေရာသီမှာ ခေတ်စားမယ့်ဖက်ရှင်တွေထဲက တစ်ခုကတော့ ဟာဝိုင်ရီရှပ်တွေပါ။ အားလုံးလည်း သတိထားမိမယ်ထင်ပါတယ်။ ခုဆိုရင် ဖက်ရှင်ဆိုင်တွေမှာ ဟာဝိုင်ရီရှပ်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ အပြိုင်အဆိုင် တင်နေကြပါတယ်။ ဒီနှစ်ရဲ့ Trend တွေထဲမှာ ဟာဝေယံရှပ်တွေပါဝင်နေတာဖြစ်တဲ့အတွက် ကိုယ်နဲ့ လိုက်ဖက်မယ့် ဒီဇိုင်းလေးတွေ ရွေးချယ်ဝတ်ဆင်ပါ။

ခါးမြင့်ဘောင်းဘီ

Source: https://ae01.alicdn.com/

အရင်က ခေတ်စားခဲ့တာတွေက ချက်ပြုတ်ဘောင်းဘီလို့ ပြောရမှာပါ။ ခုတော့ ချက်ပြုတ်ဘောင်းဘီတွေအစား ခါးမြင့်ဘောင်းဘီတွေ ပြန်လည်ခေတ်စားလာပါတော့မယ်။ ဒီဇိုင်းက ဟိုးအရင်က ခေတ်စားခဲ့တဲ့ ပုံစံပါ။ ခုတော့ ပြန်ပြီး တခေတ်လည်လာခဲ့ပြီလို့ ပြောရမှာပါပဲ။ ဒီတော့ ချက်ပြုတ်ဘောင်းဘီတွေအစား ခါးအထက်ဘောင်းဘီတွေ ပြန်လည် ဝတ်ဆင်ကြပါ။

အစင်းကြားဒီဇိုင်းလေးတွေ

Source: https://cdn.shopify.com

ဒီနှစ်ရဲ့ ခေတ်စားမယ့် အမျိုးသားဖက်ရှင်တွေထဲမှာ အစင်းကြားဖက်ရှင် ပုံစံတွေ အထူးခေတ်စားမှာပါ ။ အရောင်တစ်မျိုးတည်းကို အထူ အစင်းကြားတွေ ခေတ်စားနိုင်သလို ရောင်စုံစင်းကြားလေးတွေလည်း ခေတ်စားမှာဖြစ်ပါတယ်။ Trend နဲ့မပြတ် ဝတ်စားဆင်ယင်ချင်တယ်ဆိုရင်တော့ အစင်းကြားလေးတွေ ဝယ်ယူထားဖို့လည်း မမေ့ပါနဲ့။

အစိမ်းရောင်ဖက်ရှင်

Source: https://media.gq.com/

ဒီနှစ်ထဲမှာ အစိမ်းရောင်ဖက်ရှင်ကလည်း ခေတ်စားမယ့်အထဲမှာ ပါဝင်နေပါတယ်။ လူကြားထဲ ထင်းထင်းလင်းလင်း ပေါ်လွင်ထင်ရှားစေတဲ့ ဖက်ရှင်လည်းဖြစ်သလို နွေအတွက် ခေတ်စားမယ့် ဖက်ရှင်လည်း ဖြစ်ပါတယ်။ အခုက အကွက်ကလေးတွေ ခေတ်စားနေတဲ့ အချိန်ဆိုတော့ အစိမ်းရောင်အကွက်လေးတွေက ပိုပြီး ယောက်ျားပီသချောမောနေစေမှာပါ။