တကယ်လို့ သင်ဟာ Dream Pop တို့ Electro Pop တေးဂီတအမျိုးအစားကို စိတ်ဝင်စားတယ်ဆိုရင်တော့ Artist အသစ်ဖြစ်တဲ့ Troye Sivan နဲ့ မိတ်ဆက်ပေးပါရစေ။ Troye Sivan ဟာ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ Electro Pop အဆိုတော်ပဲ ဖြစ်ပါတယ်။ သူရဲ့ ဆန်းသစ်တဲ့ အနုပညာကြောင့် အခုနောက်ပိုင်းမှာ နာမည်ရလာကာ ပိုပြီးအောင်မြင်လာတာပဲ ဖြစ်ပါတယ်။ သူ့ကြောင်းကို အရင်ပြောပြရမယ်ဆိုရင်တော့ South African – Australian အဆိုတော် ၊ တေးရေး သရုပ်ဆောင်ပဲ ဖြစ်ပါတယ်။ သူ မအောင်မြင်ခင်တုန်းက You-Tube မှာ သူ့ရဲ့သီချင်းတွေကို ပရိသတ်တွေကိုချပြပေးခဲ့တဲ့ အပြင် Australian Talent Competitions မှာလည်း ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။
Source: billboard.com
၂၀၁၄ လောက်မှာတော့ Troye ဟာ EMI Australia, Universal Music Australian နဲ့ သူ့ရဲ့ အောင်မြင်မှုအစဖြစ်တဲ့ TRXYE Album ကိုထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီ Album ဟာ U.S Billboard 200 ထဲမှာ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
နောက်ပြီး Single Song ဖြစ်တဲ့ Happy Little Pill ဟာလည်း Australian Music Charts မှာ No.10 နေရာအထိရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၅ ကျပြန်တော့ သူ့ရဲ့ ပေါက်ခဲ့သော Wild သီချင်းပါတဲ့ Blue Neighbourhood Album ကိုထုပ်နိုင်ခဲ့ပါတယ်။ ဒီ Album ထဲက သီချင်းတိုင်းလိုလိုဟာ လူငယ်တွေ ကြားထဲ ရေပန်းစားခဲ့ပါတယ်။
Youth ဆိုတဲ့ သီချင်းတစ်ပုဒ်ဆို Billboard Hot 100 Chart မှာ 40 နေရာကနေပါခဲ့တဲ့အပြင် Billboard Dance Chart မှာ Top 1 နေရာအထိ Hit ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
Source: billboard.com
Troye Sivan အခုနောက်ပိုင်း ၂၀၁၈ မှာ ထွက်ထားတဲ့ Bloom Album ထဲမှာပါတဲ့ Animal ၊ My My My ၊ The Good Side အပြင် Ariana Grande နဲ့အတူ တွဲဖက်သီဆိုထားတဲ့ Dance To This တို့ဆို လူကြိုက်များပြီး နာမည်ကြီးတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။
Bloom သီချင်းဆို LGBTQ+ Pride ကိုထင်ဟပ်စေတဲ့ သီချင်းပဲဖြစ်ပါတယ်။ Bloom Album အတွက် လာမယ့် စက်တင်ဘာလမှာလည်း Tour လုပ်သွားဖို့ရှိတယ်ဆိုတာကို လည်းသိရပါတယ်။