Twenty One Pilots လို့ပြောလိုက်တာနဲ့ လူငယ်တွေကြားမှာ ရေပန်းစားပြီးသား ရော့ခ်အဖွဲ့ဆိုတာကို သိပြီကြမှာပါ။ နှစ်အတော်တော်ကြာကြာ ပျောက်သွားပြီးနောက်ပိုင်း အခုတော့ ပရိသတ်ရှေ့မှောက်ကို အနုပညာတွေချပြဖို့ပြန်လည်ရောက် ရှိလာတာကိုတွေ့ရပါတယ်။ မသိသေးတဲ့သူတွေအတွက် Twenty One Pilot အဖွဲ့အကြောင်း အနည်းအကျဉ်းပြန်ပြောပြပေးချင်ပါတယ်။
Source: genius.com
နာမည်ကထူးခြားလို့ ပိုပြီးသတိပြုမိကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ Twenty One Pilot ကို Musical Duo Band လို့လည်းခေါ်ပါတယ် ဘာလို့လည်းဆိုတော့ Lead အဆိုတော် Tyler Jospeh နဲ့ ဒရမ်သမား Josh Dun နှစ်ယောက်တည်းနဲ့ပဲ ဆက်လက်ရှင်သန်နေတာကြောင့်ပါ။ အရင်တုန်းကတော့ Nick Thomas နဲ့ Chris Salih ပါပါဝင်ပြီးဖွဲ့ထားတဲ့ Rock Band ပဲဖြစ်ပါတယ်။ Band ကတော့ ၂၀၀၉ ခုနှစ်ကပေါ်ခဲ့တာဖြစ်ပြီး ၂၀၁၁ လောက်ကြတော့ အဖွဲ့ဝင် ၂ယောက်က အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။ သို့ပေမယ့်လည်း Tyler နဲ့ Joseph ရဲ့ ကြိုးစားမှုတွေကြောင့် ၂၀၁၁ နောက်ပိုင်းမှာ သူတို့နေတဲ့ ဒေသအတွင်း Columbus, Ohio မှာလူသိများလာပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၁ မှာ Regional at Best Album နဲ့ ပရိသတ်တွေဆီကနေ အားပေးမှုကိုရရှိခဲ့တာဖြစ်ပြီး ၂၀၁၃ မှာ Vessel ၊ ၂၀၁၄ မှာ Quiet Is Violent ၊ ၂၀၁၅ မှာ Blurryface တစ်ဆင့်ချင်းစီ အောင်မြင်လာခဲ့ရမှ ခုတော့ Album ၅ခုမြောက်ဖြစ်တဲ့ Trench ကို ချပြတော့မှာပဲဖြစ်ပါတယ်။
Source: genius.com
ထုံးစံအတိုင်း Trench ကို Album လိုက်မထွက်ခင်အတောအတွင်း အဲ့ဒီအခွေထဲမှာပါမယ့် သီချင်းအသစ်နှစ်ပုဒ်ကို Social Media Channel တွေကနေပြီး MTV နဲ့တကွ အရင်ဆုံးချပြပေးခဲ့ပါတယ်။ အမြည်းသဘောဖြစ်ပြီး သူ့တို့ Album ထွက်ရင်လည်း ပရိသတ်အားပေးမှုရအောင် လုပ်တဲ့သဘောပဲဖြစ်ပါတယ်။
သီချင်းအသစ်နှစ်ပုဒ်ကတော့ Jumpsuit နဲ့ Nico And The Niners ပဲဖြစ်ပါတယ်။ ရော့ခ်အမျိုးအစားအခွဲတွေ အများကြီးထဲမှာမှ Alternative Rock ပုံစံဖြစ်လို့ကြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဇွန်လိုင်လကတည်းက ထိုသီချင်းနှစ်ပုဒ်ကိုချပြပေးခဲ့ပေမယ့် Album အသစ်ကိုတော့ အောက်တိုဘာလ ၅ ရက်နေ့လောက်မှ ထွက်မယ်လို့ပြောကြားခဲ့ပါတယ်။ ဒီလို Album ထွက်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း World Tour ကိုလည်း နှစ်ကုန်ပိုင်းအထိ လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောပြပါတယ်။
ထွက်ပြီးသား MTV နှစ်ပုဒ်လုံးဟာ ရိုက်ထားတာတွေပါ ဆန်းကျယ်ပြီး စိတ်ဝင်စရာကောင်းတဲ့အပြင် ရိုးရာမပြတ် Rock Sense ကိုခံစားရမှာဖြစ်ပါတယ်။