Melody World အဆိုပြိုင်ပွဲကနေ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာပြီး Galaxy Star အဆိုပြိုင်ပွဲကတဆင့် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အဆိုတော် မီးနိုကတော့ တေးသီချင်း နှစ်ပုဒ်ကို Version နှစ်မျိုးနဲ့ ပရိသတ်လက်ထဲ အပ်နှံလိုက်ပါပြီ။
Source: Mee No Facebook
တေးသီချင်းလေးရဲ့ အမည်က မြန်မာ Version နဲ့ဆိုရင်တော့ ငါ့ကိုချစ်ရင် လို့ အမည်ရပြီတော့ English version အနေနဲ့တော့ If you love me လို့အမည်ရပါတယ်။
Source: Mee No Facebook
ဒီတေးသီချင်းကို တေးရေးဆရာ ဝေကြီးက ရေးသားဖန်တီးထားတာဖြစ်ပြီး Triangle music band ကတီးခတ်ပေးထားတာဖြစ်ပါတယ်။ အင်္ဂလိပ် version အတွက် ဘာသာပြန်ပေးသူကတော့ shamoe ပါ။
Source: Mee No Facebook
မြန်မာ version မှာလည်း လူကြိုက်များခဲ့ကြသလို English version မှာလည်း ပရိသတ်လက်ခံမှုကို အမြောက်အများရရှိသွားပါတယ်။ အင်္ဂလိပ် version ဖြစ်တဲ့ if u love me တေးသီချင်းကိုတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Source: Mee No Facebook