အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးအနေနဲ့ စိတ်အပန်းဖြေဖို့အတွက် Nightclub တွေကို သွားရောက် ပျော်ပါးဖို့ စိတ်ကူးသင့်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဖြစ်စေ၊ ချစ်သူနဲ့ ဖြစ်စေ Nightclub ကို သွား တော့မယ်ဆိုတဲ့ ကွီးတို့အနေနဲ့ Nightclub အမျိုးအစားတွေကို ခွဲခြားသိထားသင့်ပါတယ်။

Dance Club

Source : local.ch

လူငယ်များကြားတွင် အထူးရေပန်းစားလူကြိုက်များတဲ့ Club အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ တနေ ကုန် ပင်ပန်းနွမ်းနယ်ထားသမျှ အားလုံးကို ယူပစ်သလို ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။ တေးဂီတတွေကြားထဲ မှာ မြူးမြူးကြွကြွ လှုပ်ရှားကခုန်ခြင်းဖြင့် စိတ်လက်ပေါ့ပါးနိုင်ပါတယ်။

Sports – Themed Night Club

Source : The Celebration Society

လူကြီး၊လူငယ်မရွေး သဘောကျနှစ်ခြိုက်မှာ အမှန်ပဲ ဖြစ်ပါတယ်။ အဖျော်ယမကာများနှင့် တေးဂီတကို ရောစပ် တည်ခင်းထားပါတယ်။ ဒါ့အပြင် ဘိုးလင်းကစားခြင်း၊ အင်တာနက်ဂိမ်းကစားခြင်း စတဲ့ အပန်းပြေဖွယ် ကစားနည်းများကိုပါ ထည့်သွင်းထားပါသေးတယ်။

Dueling Piano Bars

Source : The Celebration Society

ဖျော်ဖြေရေးကို အဓိကထားသည့် ကလပ်တစ်မျိုးဖြစ်သည်။ တခါတရံ စန္ဒယားကျွမ်းကျင်သူ နှစ်ဦး စိန် ခေါ် တီးခတ်တတ်ကြပြီး ရံဖန်ရံခါမှာ တစ်ဦးက သီချင်သီဆိုပြီး တစ်ဦးက လက်စွမ်းပြတာမျိုးလဲ ရှိပါတယ်။ Rock and Roll , Classic Rock စတဲ့ ဂီတ အမျိုးအစားများကို အများဆုံး တီးခတ်တတ်ကြပါတယ်။

Adult Clubs

Source : 14 News

အရွယ်ရောက်ပြီးသား အမျိုးသာများသာ သွားသင့်သော Club တစ်ခု ဖြစ်ပါတယ်။ အမြဲမဟုတ်ပဲ တခါတလေမှသာ သွားရောက်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ မိန်းကလေးများ အဖော်အချွတ်ဖြင့် က ပြဖျော်ဖြေလေ့ရှိပြီး အဖျော်ယမကာများမှာ အများအားဖြင့် ဈေးနှုန်းမြင့်မားလှပါတယ်။