ကိုယ်ကိုယ်တိုင် ပါတီတစ်ခုဆင်နွှဲဖို့ ဖန်တီးတော့မယ်ဆိုရင် ဘာအတွက် ပါတီလုပ်မှာလဲဆိုတာက ရှိနေပါတယ်။ ကိုယ်လုပ်မယ့် ပါတီက ဘာအတွက်လဲ။ ဒါတွေကို သိမှ ပြင်ဆင်လို့ရမှာပါ။ ဒီတော့ ပါတီအမျိုးအစားတွေကို ခုပဲ ပြောပြပေးမယ်နော်။
မွေးနေ့ပါတီလား
Source: class sibmama.ru
ကိုယ်လုပ်မယ့် ပါတီက မွေးနေ့ပါတီလား။ ဒါဆိုရင်တော့ မွေးနေ့ Theme ကို ကိုယ်ကျင်းပမယ့် အသက်နဲ့ လိုက်ပြီး စိတ်တိုင်းကျ စီစဉ်ဖန်တီးနိုင်ပါတယ်။ မွေးနေ့ပါတီကတော့ အမြဲတမ်း ကိုယ်စီစဉ်ရင် စီစဉ်သလို ထည်ဝါခမ်းနားမယ့် ပါတီမျိုးပါ။
အားလပ်ရက်ပါတီလား
Source:AKPS Photography
ဒါကတော့ အချင်းချင်း အားလပ်ရက်တွေမှာ လုပ်တဲ့ ပါတီအမျိုးအစားပါပဲ။ သူငယ်ချင်းတွေ စုပြီး Gathering လုပ်ကြရုံ ၊ အားလပ်ရက်မှာ စုပြီး စားကြသောက်ကြရုံ ပေါ့ပေါ့ပါးပါး ပါတီအမျိုးအစားလေးပါ။ ခရစ္စမတ်ပါတီတွေ ၊ နယူးရီးယားပါတီတွေလည်း အကျုံးဝင်ပါတယ်။
After Party
Source:weddingdream.com
ဒီပါတီ အမျိုးအစားကတော့ ခေါင်းရှုပ်မသွားပါနဲ့ ။ ပါတီတစ်ခုပါပဲ။ ပွဲအခမ်းအနားတစ်ခုခု ဒါမှမဟုတ် ရှိုးပွဲတစ်ခုခု ပြီးတဲ့နောက်မှာ After Party ဆက်ကျင်းပတဲ့ သဘောပါပဲ။ အထူးသဖြင့် အကယ်ဒမီပေးပွဲလိုမျိုး ၊ ဆုပေးပွဲလိုမျိုး ၊ ရှိုးပွဲတစ်ခုလိုမျိုး ပြီးသွားတဲ့အခါမျိုးမှာ ချစ်သူခင်သူရင်းနှီးသူတွေနဲ့အတူ After Party ဆက်ကျင်းပလေ့ရှိပါတယ်။
Mixer/ Singles Parties
Source: MilanoToday
ဒီပါတီကတော့ ဆင်ဂယ်တွေ အတွက်ပါနော်။ ကိုယ့်ရဲ့ ပါတနာလေးရှာဖို့အတွက် ပြုလုပ်ကျင်းပဆင်နွှဲတဲ့ ပါတီတစ်ခုပေါ့။
House Parties
Source: Ibiza Spotlight
ဒီပါတီလေးကတော့ ရိုးရှင်းပါတယ်။ သူငယ်ချင်းတွေ အချင်းချင်းစုလုပ်တဲ့ ပါတီသဘောမျိးပါပဲ။ စကားတွေပြောကြမယ်၊ ကဲကြမယ်၊ သောက်ကြမယ်။ ဒီပါတီကိုတော့ သောကြာနေ့ည ဒါမှမဟုတ် စနေနေ့ညလိုမျိုးတွေမှာ ကျင်းပတတ်ကြပါတယ်။ TGIF လေးပါပဲ။