ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ အညီ ထက်မြက်ပြီး တော်လွန်းတဲ့ မိန်းမတွေဟာလည်း တစတစ အများကြီး ပေါ်ထွန်းလာကြပါတယ်။ ဒီလို မိန်းမတွေဟာ အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အတူယှဉ်တွဲ အလုပ်လုပ်ရင်းနဲ့မှ ထက်မြက်တဲ့ မိန်းမတွေရဲ့ အရည်အချင်းတွေဟာ ပေါ်လွင်လာတာပါ။

Source: https://images.askmen.com/
တကယ်တော့ တော်တယ် ထက်မြက်တယ်ဆိုတာ အပြင်ပန်းမှာ မြင်တွေ့နိုင်တဲ့ အရာမဟုတ်ပါဘူး။ တချို့က ထက်မြက်တဲ့ ပုံမျိုး ပေါက်နေပေမယ့် အယောင်ဆောင်သက်သက် ဟန်ဖမ်းထားကြတာပါ။ တကယ်တော့ တော်လွန်း ထက်မြက်လွန်းတဲ့ မိန်းကလေးတွေ ပုံစံက ဒီလိုမျိုးပါ။
ခေတ်မီတိုးတက်တဲ့ အတွေးအမြင်တွေရှိခြင်း

Source: http://www.baedaily.com/
တစ်ခုခုဆို ခေတ်နောက်ပြန်ဆွဲချင်ကြတဲ့ အတွေးအခေါ်မျိုးဟာ များသောအားဖြင့် မိန်းမတွေမှာသာ ရှိကြတာပါ။ တကယ်တမ်း ထက်မြက်လွန်းတဲ့ မိန်းမတွေကတော့ ခေတ်နဲ့အမီ တုံ့ပြန်တွေးခေါ်နိုင်စွမ်းရှိကြပါတယ်။ ရှေရိုးစွဲအတွေးအခေါ်တွေကြားမှာ ပိတ်မိမနေတတ်ကြပါဘူး။
နယ်ပယ်စုံမှာ ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ခြင်း

Source: http://cdn.skim.gs/
ထက်မြက်လွန်းတဲ့ မိန်းမတွေဟာ ယောက်ျားတွေနဲ့အတူ ရင်ပေါင်တန်း အလုပ်လုပ်ကိုင်ဖို့လည်း ကြောက်ရွံ့မနေပါဘူး။ ယောက်ျား မိန်းမဆိုတာတွေထက် လူဆိုတဲ့အမြင်ကိုပဲ သူတို့ လက်ကိုင်ထားပါတယ်။ သူတို့အဖို့ ယောက်ျားဆိုတာ အားကိုးဖို့ဆိုတဲ့ စကားလုံးကို ငြင်းချက်ထုတ်ချင်ကြတဲ့သူတွေပါ။
စိတ်ရှည်ရှည်နဲ့ ဇွဲရှိခြင်း

Source: https://www.simplemost.com
ထက်မြက်လွန်းတဲ့ မိန်းမတွေက ဒေါသကြီးတယ်လို့ လူတွေက ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သူတို့ဟာ အလိုရှိရာကို ရဖို့အတွက် တကယ်ကို ဇွဲ လုံ့လ ဝီရိယအပြည့်ထားပြီး စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနိုင်ကြသူတွေဖြစ်ပါတယ်။
အရာရာကို အသေးစိတ်ပြင်တတ်ခြင်း

Source: http://www.kickassfacts.com/
ဒါကတော့ ထက်မြက်တဲ့ မိန်းမမှ မဟုတ်ပါဘူး။ မိန်းမအများစုက အရာရာကို အသေးစိတ်ပြင်ဆင်တတ်ကြပါတယ်။ ထက်မြက်သူအမျိုးသမီးတွေကတော့ အဲဒီ မိန်းမတွေရဲ့ ဗီဇဖြစ်တယ် အရာရာကို အသေးစိတ်ပြင်ဆင်တတ်မှုကို သူတို့ဘဝအတွက်ပါ ရောနှောပြီး အရာရာကို ကြိုတင်စဉ်းစားတွေးခေါ်ပြီး ပြင်ဆင်တတ်ကြသူတွေပါ။
ဖြတ်ထိုးဥာဏ်ကောင်းခြင်း
ထက်မြက်သူ အမျိုးသမီးတွေဟာ ဖြတ်ထိုးဥာဏ်တွေလည်း အရမ်းကောင်းပါတယ်။ ကိစ္စတစ်ခုခုကို စဉ်းစားဆုံးဖြတ်တဲ့အခါမှာ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းရှိကြပါတယ်။ အရာရာကို အဆင်ပြေအောင် ဖြတ်ထိုးဥာဏ်နဲ့ ဆောင်ရွက်နိုင်စွမ်း ရှိကြသူတွေဖြစ်ပါတယ်။