အူစိန်ဘော့ဟာ ဂျမေကာနိုင်ငံသား နာမည်ကျော် အပြေးကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့ အပြေးပြိုင်ပွဲတွေမှာ ရွေတံဆိပ်များစွာရရှိထားတဲ့ ကစားသမားတစ်ယောက်ပါ။ အရပ် (၆) ပေ (၅) လက်မရှိပြီး အသက်ကတော့ ယခုအချိန်မှာ (၃၁) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

Source: golofootball.blogspot.it

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို အူစိန်ဘော့ဟာ အပြေးပြိုင်ကွင်းတွေကို သိပ်မနှစ်သက်ပါဘူး။ အပြေးပြိုင်ပွဲတွေမှာ ထူးချွန်ပြီး ကျည်ဆန်ကဲ့သို့လျှင်မြန်လေ့ရှိတဲ့ သူရဲ့ တစ်နှစ်ဝင်ငွေက ဒေါ်လာ (၆၀) ဘီလီယံနီးပါးပါ။ အဘက်ဘက်က ပြည့်စုံနေပြီလည်း ဖြစ်ပါတယ်။ သူ့အိမ်မက်ကတော့ မပြည့်သေးပါဘူး။ သူ့အိမ်မက်က အိုးထရဒ်ဖိုဒ်ကွင်းကြီးထဲမှာ ဘောလုံးကစားနိုင်ဖို့ပါ။ အူစိန်ဘော့ မန်ယူအသင်းမှာ ကစားခွင့်ရမလားဆိုတဲ့ မေးခွန်းတွေဟာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ထဲက မီဒီယာတွေ ပါးစပ်ဖျားမှာ ပျံနှံနေတာပါ။

Source: businessinsider.com

မကြာသေးမီလပိုင်းက သူဟာ ဂျာမန်ဘီလူး ဒေါ့မွန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ပါသေးတယ်။ သူ့ရည်မှန်းချက်ကတော့ မန်ယူအသင်းမှာ ကစားရဖို့ပါပဲ။ နည်းပြကြီးဖာဂူဆန်လက်ထက်ထဲက အူစိန်ဘော့သာ ဖြစ်ချင်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုပြီး ဖာဂူဆန်ကိုယ်တိုင် ဖွင့်ဟ၀န်ခံခဲ့ဖူးပါတယ်။ မော်ရင်ညိုလက်ထက်မှာရော အူစိန်ဘော့ရဲ့ အတွေးစိတ်ကူးတွေ တကယ်ဖြစ်လာမှာလား။

အိုလံပစ်ရွေတံဆိပ် (၈) ခုအထိရရှိထားခဲ့ဘူးတဲ့ အူစိန်ဘော့ဟာ မကြာသေမီက ဒေါ့မွန်အသင်းနဲ့ အပေါ့စားလေ့ကျင်းခန်းဆင်ခဲ့ပြီး ယခုအချိန်မှာတော့ တောင်အာဖရိကကလပ် Mamelodi Sundowns မှာစတင်ကစားနေပါပြီ။ ကွင်းလယ်ကစားတစ်ယောက်အနေနဲ့ ကစားတာဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာတော့ အူစိတ်ဘော့ဟာ ဂိုးတစ်ဂိုးတောင် သွင်းယူလိုက်ပါသေးတယ်။ သူရဲ့ ဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ခွင့်ရရေးဆိုတဲ့ စိတ်ကူးဟာ တောက်ပလာနေပါပြီ။

Source: telegraph.co.uk

“ကျွန်တော်မန်ယူအသင်းမှာ ကစားရရင်သေပျော်ပါပြီဆိုတဲ့” မန်ယူပရိသတ်အပြေးသမားလေး အူစိန်ဘော့ရဲ အိမ်မက်တွေ တကယ်ဖြစ်လာနိုင်မလားဆိုတာ သူ့ရဲ့ပရိတ်သတ်ကြီးကလည်း အလွန်ကိုမျှော်လင့်စောင့်ဆိုင်းနေလျက်ရှိပါတယ်။