နေအရမ်းပူလွန်းလို့ ဘာမှမဝတ်ချင်လောက်အောင် စိတ်အိုက်နေပြီလား။ နွေနေပူမှာ လန်းလို့ရမယ့် ဖက်ရှင်ကျစေတဲ့ အချက်ကလေးတွေကို ဝေမျှပြောပြပေးပါမယ်။ တချို့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေက ဒီတိုင်းဝတ်ဆင်အသုံးပြုတဲ့အခါမှာ ကြောင်တောင်တောင်နိုင်ပါတယ်။ ရာသီဥတုနဲ့ လိုက်ဖက်တင့်တယ်တဲ့ ဖက်ရှင်အသုံးအဆောင်တွေလည်း ဖြစ်ရပါမယ်။

ဖက်ရှင်လည်းကျ အသုံးလည်းဝင်အောင်

Source: www.fashionbeans.com

နွေရာသီရဲ့ ပူလောင်တဲ့ နေ့ရက်တွေမှာတော့ မလိုအပ်ဘဲ အသုံးအဆောင်ပစ္စည်းများများစားစား ဘယ်သူမှ မဝတ်ဆင်ချင်ကြ၊ အသုံးမပြုချင်ကြပါဘူး။ တကယ်လိုအပ်ပြီး စတိုင်လည်းကျမယ့် အသုံးလည်းဝင်မယ့် အရာတွေကိုသာ အသုံးပြုတာအကောင်းဆုံးပါပဲ။ ဒီတော့ နွေရာသီအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် ဖက်ရှင် အသုံးအဆောင်တွေက ဘာတွေဖြစ်မလဲ။

ဦးထုပ်

Source: uk.businessinsider.com

မျက်နှာပေါ်ကို ကျရောက်လာမယ့် အပူဒဏ်တွေ၊ နေလောင်ဒဏ်တွေကို ကာကွယ်ပြီးသားဖြစ်သလို ဦးရေပြားကို နေရောင်မထိအောင် ကာကွယ်ပေးမယ့် ဦးထုပ်ကို ဆောင်းတဲ့အခါမှာ ကိုယ်နဲ့လိုက်ဖက်ပြီး တကယ်ဖက်ရှင်လည်းကျမယ့် ဦးထုပ်ပုံစံအမျိုးအစားကိုသာ ရွေးချယ်အသုံးပြုဖို့ အကြံပေးပါရစေ။

နေကာမျက်မှန်

Source: www.ties.com

နေကာမျက်မှန်ကလည်း ဒီလိုပါပဲ။ တခြားအချိန်တွေမှာ ဝတ်ဆင်အသုံးပြုတဲ့အခါ တမျိုးကြီးဖြစ်နေနိုင်ပေမယ့် နွေနေ့ရက်တွေမှာ တပ်ဆင်အသုံးပြုတဲ့အခါမှာတော့ ဖက်ရှင်လည်းကျသလို ကျန်းမာရေးအတွက်လည်း အတော်ကို အဆင်ပြေပါတယ်။ အထူးသဖြင့် မျက်စိကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ နေကာမျက်မှန်ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ မျက်နှာနဲ့ လိုက်ဖက်မယ့် ပုံစံမျိုးကိုသာ ရွေးချယ်တပ်ဆင်စေချင်ပါတယ်။

ပေါ့ပါးလွတ်လပ်တဲ့စတိုင်

Source: www.pinterest.com

နွေရာသီမှာ ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းတွေထက် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်စတိုင်တွေက ပိုပြီး အဆင်ပြေပါတယ်။ အရောင်ဆိုရင်လည်း လွင်လွင်ကလေးတွေ ဖျော့ဖျော့ကလေးတွေကသာ အသင့်တော်ဆုံးပါ။ ဒီတော့ အိမ်မှာပဲနေနေ အပြင်ကိုပဲထွက်ထွက် ပေါ့ပါးလွတ်လပ်တဲ့ စတိုင်နဲ့ အရောင်လွင်လေးတွေကိုသာ ရွေးချယ်ဝတ်ဆင်ကြပါ။

စွပ်ကျယ်အလန်းစားတွေ

Source: www.mbuyy.com

နွေရာသီမှာ အကောင်းဆုံးကတော့ ဗလပြရတာပါပဲ။ မိုးရာသီတို့ ဆောင်းရာသီတို့မှာ စွပ်ကျယ်ကြီးတွေ ဝတ်ထားရင် ကြည့်လို့တော်မှာမဟုတ်ပါဘူး။ နွေရာသီမှာတော့ စွပ်ကျယ်အလန်းစားတွေ ဝတ်ဆင်ပြီး ကိုယ့်ရဲ့တောင့်တင်းတဲ့ ကိုယ်ခန္ဓာကို ကြွားဝါလို့ရပါပြီ။ အရမ်းမိုက်တဲ့ စွပ်ကျယ်လေးတွေလည်း ဝယ်ဝတ်ဖို့ မမေ့နဲ့နော်။