Zawgyi Version




ရှပ်အင်္ကျီ အဖြူ












Source: Bright Side

Unicode Version

ဖက်ရှင်တွေက အမြဲတမ်းပြောင်းလဲနေကြတာပါ။ လူတယောက်နဲ့ ပထမဆုံးတွေ့တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် စတိုင်လ်ကျကျ ဝတ်ဆင်သွားဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အသေးစိတ်ကအစ လိုက်ကြည့်နေမှာ မို့လိုပါ။

ဥပမာ အမျိုးသမီးတွေရဲ့ ၅၂% လောက်ဟာ အမျိုးသားတွေရဲ့ ဖိနပ်ကို ကြည့်ပြီး သူတို့ရဲ့ personality ဆုံးဖြတ်ကြတယ်။ ပြီးတော့ သူတို့က ဖက်ရှင်တခုတည်းကို ကြည့်တာမဟုတ်ပဲ ဘယ်လောက်ထိ စတိုင်ကျကျ ဝတ်ဆင်ထားလဲဆိုတာကိုပါ လိုက်ပြီးတော့ ကြည့်တတ်ကြတယ်။

ဒီနေ့မှာတော့ kwee page ကနေ အမျိုးသားရဲ့ မှားယွင်းနေတဲ့ ဝတ်စားဆင်ယင်မှု အယူအဆလေးတွေကို ပြောပြပေးသွားမှာပါ။

ရှပ်အင်္ကျီ အဖြူ

ပုံမှန်ဆိုရင် ရှပ်အင်္ကျီ အဖြူ တွေအကုန်လုံးက suit ဝတ်စုံ ဒါမှမဟုတ် စတိုင်ဖန် တွေနဲ့ တွဲဝတ်မှာ အဆင်ပြေတာပါ။ တကယ်လို စတိုင်ကျကျ ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုပုံမှန် ရှပ်အိင်္ကျီ အဖြူတွေကို ဂျင်းဘောင်းဘီတွေ ဒါမှမဟုတ် တခြား ပုံမှန်မဟုတ်တဲ့ ဘောင်းဘီတွေနဲ့ တွဲမဝတ်ပါနဲ့။

ရှုးဖိနပ်စီးတဲ့ အချိန်မှာ ခြေအိတ်မဝတ်တာ

ကမ်းခြေမှာ စီးတဲ့ ရှုးဖိနပ်တဲ့ ကြိုးသိုင်းရှုးဖိနပ်တွေက လွဲရင် ကျန်တဲ့ရှုးဖိနပ်တွေအားလုံးနီးပါးဟာ ခြေအိတ်မပါပဲနဲ့ စီးတာက အဆင်မပြေပါဘူး။ ရှုးဖိနပ် စီးတဲ့အခါမှာ ခြေထောက်က ချွေးထွက်ပြီး ဖိနပ်ကိုပျက်စီးစေတဲ့အပြင် အနံဆိုးတွေ ထွက်စေပါတယ်။

ဒါကြောင့် ရှုးဖိနပ်စီးမယ်ဆိုရင် ခြေအိတ်ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ခြေအိတ်ကိုမမြင်စေချင်ဘူးဆိုရင် ခြေမျက်စီဖုံး ခြေအိတ်တွေကို ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။

ရှပ်အင်္ကျီ အရွယ်အစား

ဘောင်းဘီထဲ ထည့်ဝတ်လို့ရတဲ့ ရှပ်အင်္ကျီ တွေကို ရွေးချယ်ဝတ်ဆင်တာက အကောင်းဆုံးပါ။ တချို့ အမျိုးသားတွေက ရှပ်အိင်္ကျီတွေကို ဘောင်းဘီထဲ ထည့်ဝတ်လေ့ မရှိကြဘူး။ ရှပ်အင်္ကျီတွေက ဘောင်းဘီထဲ ထည့်ဝတ်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာပါ။ ဒါကြောင့် ရှပ်အင်္ကျီ အကုန်နီးပါးက ရှည်နေကြတာပါ။

တကယ်လို့ အိင်္ကျီကို ဘောင်းဘီထဲ ထည့်မဝတ်ချင်ဘူးဆိုရင်တော့ ကိုယ်နဲ့ ကွတ်တိကျတဲ့ ရှပ်အိင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။ ဘောင်းဘီအိက်ကပ် ဖုံးသွားတဲ့အထိ ရှပ်အိင်္ကျီကို မဝတ်ဖို့အရေးကြီးပါတယ်။

အိမ်းင်္ကျီလက်ရှည်ပါတဲ့ တီးရှပ်တွေ

တံတောင်ဆစ်ရောက်လောက်အောင်ထိ အိမ်းင်္ကျီလက်ရှည်ပါတဲ့ တီးရှပ်တွေက ရပ်အဆိုတော်တွေအတွက်တောင် ရုပ်ဆိုးလွန်းလှပါတယ်။

အိမ်းင်္ကျီတွေက ကွီးတို့ကို အလှဆင်ပေးတဲ့ အရာတွေပါ။ နောက်တခါ တီးရှပ်ဝယ်မယ်ဆိုရင် အိမ်းင်္ကျီလက်က လက်ဖျံ အလယ်လောက်ပဲရောက်တဲ့ တီးရှပ်ကိုပဲ ရွေးဝယ်ပါ။

ပိုပြီးလက်တိုတဲ့ တီးရှပ်တွေကတော့ ကွီးတို့ရဲ့ ကြီးမားတဲ့ လက်မောင်းကိုပြဖို့ အသုံးဝင်ပါတယ်။

Source: Bright Side