ခံတွင်းပြဿနာတွေရှိနေပြီလား

Source: https://i.ytimg.com/
ခံတွင်းနံ့ မကောင်းတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တာပါ။ အရင်ဆုံး နှာခေါင်းမှာ ပြည်တည်နာ၊ ထိပ်ကပ်နာ၊ နှာခေါင်းပိတ်ေ၇ာဂါ ရှိနေတာမျိုးနဲ့ ခံတွင်းမှာ အနာရှိနေတာ၊ သွားဖုံးမှာ ပြည်တည်နေတာ၊ သွားမှာ ပြဿနာရှိတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ပထမဆုံး ဒီလို ကျန်းမာရေး ပြသနာတွေရှိလား မရှိဘူးလားဆိုတာ အရင်ဆန်းစစ်ပါ။
ဝမ်းမှန်မှန်သွားရဲ့လား

Source: https://cdn2.curejoy.com/
ဝမ်းမမှန်ဘူးဆိုရင်လည်း ခံတွင်းကို အနံ့ဆိုးစေပါတယ်။ ဘာလို့လဲဆိုတော့ ဝမ်းမှန်မှန်မသွားတဲ့အတွက် ဝမ်းတွင်းမှာ အပူအပုပ် ကင်းစင်တော့မှာ မဟုတ်ပါဘူး။ ဝမ်းတွင်း အပူအပုပ်မကင်းစင်ဘူးဆိုရင် ခံတွင်းကို နံစေပါတယ်။ ဒီတော့ ခံတွင်းအနံ့အသက်ကင်းဖို့ အတွက် ဝမ်းမှန်ဖို့လည်း အရေးကြီးပါတယ်။
ရေများများသောက်ရဲ့လား

Source: https://www.wikihow.com/
လုံလောက်တဲ့ ရေဓာတ်မပြည့်ဘူးဆိုရင်လည်း ခံတွင်းအနံ့ကို နံစေပါတယ်။ ဒီတော့ ရေများများ သောက်ဖို့လည်း လိုပါတယ်။ ဒီအချက်က အပေါ်က အချက်နဲ့လည်း ကိုက်ညီပါတယ်။ ရေများများသောက်တဲ့အခါမှာ ဝမ်းတွင်းက အညစ်အကြေးနဲ့ အပူအပုပ်တွေကို ရေနဲ့ ဆေးချလိုက်သလို ဖြစ့်စေတဲ့အတွက် ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။
အနံ့ပြင်းတဲ့ အစားအစာစားမိခြင်း

Source: http://www.besthealthmag.ca/
အနံ့ပြင်းတဲ့ အစားအစာတွေ စားမိရင်လည်း ခံတွင်းအနံ့ဆိုးစေပါတယ်။ ခံတွင်းအနံ့ဆိုးစေတဲ့ အစားအစာတွေကတော့ ဒညင်းသီး ၊ ဒူးရင်းသီး စတဲ့ အစားအစာမျိုးတွေပါ။ ဒီအစားအစာတွေဟာ ကိုယ်တွင်း အပူများစေသလို ခံတွင်းနံ့ကိုလည်း ဆိုးရွားစေပါတယ်။
အရည်ရွှမ်းတဲ့ အသီးများများစားပါ

Source: http://www.shurya.com/
အရည်ရွှမ်းသီးတွေကို များများစားသုံးပေးမယ်ဆိုရင် ခံတွင်း အနံ့ဆိုးတာကို သက်သာစေပါတယ်။ အရည်ရွှမ်းသီးတွေက ကိုယ်တွင်း အပူအပုပ်ကိုလည်း ကင်းစင်စေပါတယ်။
မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သွားတိုက်ပါ

Sorce: https://www.wikihow.com/
မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သွားတိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ သွားတိုက်တဲ့ပုံစံလည်း မှန်ကန်ရပါမယ်။ ဒါမှသာ ခံတွင်းနံ့ကင်းဝေးပြီး ဖြူဖွေးလှပတဲ့ သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။
ပလုတ်ကျင်းပါ

Source: https://www.wikihow.com/
အခါအားလျော်စွာ ဆားနဲ့ ရေနွေးစပ်ထားတဲ့ ဆားရည်နွေးနွေးလေးကို ပလုတ်ကျင်းပေးသင့်ပါတယ်။ လေးညှင်းပွင့် အနည်းငယ်လောက် ဝါးစားတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ လူတွေနဲ့ စကားပြောတဲ့အခါမျိုးမှာ ခံတွင်းငုံဆေးဆောင်ထားပါ။ ပီကေဝါးပေးတာကလည်း ခံတွင်းနဲ့ တံတွေးကို စိုစွတ်စေပြီး ဗက်တီးရီးယား ပေါက်ဖွားမှုကိုလည်း လျော့နည်းစေပါတယ်။