လူတွေကြားထဲမှာ ငုံ့မနေဘဲ ထင်လင်းပြီး ပေါ်လွင်နေစေချင်တာကတော့ လူတတိုင်းလိုလိုပဲ နေမှာပါ။ ဒီထဲမှာ ကွီးတို့လည်း ပါမယ်ထင်ပါတယ်။ ဒီတော့ လူကြားထဲမှာ ထင်းကနဲလင်းနေစေဖို့က ကိုယ့်ရဲ့ လူနေမှုပုံစံ၊ ကိုယ့်ရဲ့ ဖက်ရှင်စတိုင်၊ အပြင်အဆင်နဲ့ ကိုယ့်ရဲ့ လှုပ်ရှားသွာလာမှုတွေကို ဂရုပြုပြီး သတိထားနေဖို့ လိုအပ်ပါတယ်။ ဒါတွေအပြင်ရော ဘာတွေ ထပ်လိုဦးမှာလဲ။
စိတ်ထားဖြူစင်ရမယ်
Source: www.ox.ac.uk
ဘဝမှာ စိတ်ထားဖြူစင်ဖို့က အရေးကြီးဆုံးပါ။ စိတ်ထားဖြူမဖြူ ဘယ်လိုလို့သိနိုင်မှာလဲလို့ စောဒက တက်စရာရှိပေမယ့်လည်း စိတ်ထားဖြူစင်တဲ့သူဟာ ထူးထူးခြားခြားကို လူတွေကြားထဲ ထင်းကနဲ ပေါ်လွင်နေသူဖြစ်ပါတယ်။ စိတ်ထားဖြူမဖြူ မသိနိုင်ဘူးဆိုသော်ငြားလည်း စိတ်ထားဖြူသူ့ရဲ့ မျက်နှာပြင်ဟာ ဘယ်သူနဲ့မှ မတူဘဲ ကြည်လင်ဝင်းပနေပါတယ်။
နှစ်လိုဖွယ် အပြုံးတစ်ခုကို ပိုင်ဆိုင်ထားရမယ်
Source: www.wallpapers4u
ယောက်ျားလေးမို့ ခပ်တည်တည်နေရမယ်ဆိုပြီး မပြုံးဘဲနဲ့တော့ မနေလိုက်ပါနဲ့။ လူတွေက တည်တည်ကြီးနေတတ်တဲ့သူနဲ့ နှစ်လိုဖွယ်အပြုံးရှိသူဆို ပြုံးနေတဲ့မျက်နှာကို ပိုသတိထားတတ်ကြပါတယ်။ ပြုံးနေတာနဲ့ ပေါတောတော နေတာကလည်း မတူပါဘူး။ ဆိုလိုတာက နှစ်လိုဖွယ်ပြုံးပြတာနဲ့ စပ်ဖြဲဖြဲရယ်ကြဲကြဲ မျက်နှာကို သွားနှိုင်းယှဉ်လို့တော့ မရပါဘူး။
အသားအရေစိုပြေနေရမယ်
Source: www.cosmo.com.
လူတွေကြားထဲ မွဲခြောက်ခြောက် အသားအရေနဲ့တော့ ထင်းကနဲပေါ်လွင်ချင်နေလို့ မရပါဘူး။ လူတွေကြားထဲ ပိုပြီးထင်းနေချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အသားအရေပိုင်းဆိုင်ရာကို အလေးထားဂရုစိုက်သင့်ပါတယ်။ ယောက်ျားလေးပဲ အလှပြင်နေစရာမလိုပါဘူးဆိုတဲ့ စကားကို ဒီဘက်ခေတ်မှာ ကြုံးအော်နေလို့ မရတော့ပါဘူး။ ယောကျာ်းလေးလည်း ယောက်ျားလေးအလျှောက် ကိုယ့်အသားအရေကို ထိန်းသိမ်းရပါမယ်။
စမတ်ကျရမယ်
Source: www.topcount.co
ကိုယ်ကကြည့်တော့ ဖိုသီဖတ်သီ ဒါပေမယ့် လူကြားထဲပေါ်လွင်ချင်နေတယ်ဆိုရင်တော့လည်း မဖြစ်သေးပါဘူး။ ဖိုသီဖတ်သီနေနေရင်တော့ ဖိုသီဖတ်သီကောင်ကြီးဆိုပြီးပဲ လူတွေကြားထဲ ပြောစမှတ်တွင်သွားမှာပါ။ ဒီတော့ စမတ်ကျကျနဲ့ လူတွေကြားထဲမှာ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ဝတ်ဆင်တတ်သူတစ်ယောက်လည်း ဖြစ်ဖို့ လိုအပ်ပါတယ်။