အကောင်းမြင်စိတ်ရှိသူတွေဟာ နေ့ရက်တိုင်းကို စိတ်ချမ်းချမ်းသာသာ ဖြတ်သန်းကြရပါတယ်။ အရာရာတိုင်းကို အကောင်းမြင်စိတ်ထားရှိတဲ့အတွက် စိတ်အေးချမ်းမှုနဲ့ အတူ ပျော်ရွှင်မှုကိုလည်း ခံစားကြရပါတယ်။ အေးဆေးတည်ငြိမ်စွာ ဘဝကို ဖြတ်သန်းချင်တဲ့အတွက် အကောင်းမြင်စိတ်ကလေးကို မွေးမြူချင်ပါတယ်ဆိုရင် ဘာတွေလုပ်သင့်ပါသလဲ။

ခေါင်းထဲက အဆိုးမြင်စိတ်တွေကို တတ်နိုင်သမျှ ခြေဖျက်ပါ

Source: i.kinja-img.com

တခါတရံ အရာရာကို အဆိုးမြင်နေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်ဟာ ကိုယ့်ကိုပူလောင်စေပါတယ်။ အဆိုးမြင်နေတဲ့အတွက် လောကကြီးကလည်း နေရတာကျဉ်းကြပ်ပြီး ရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒီတော့ အရာရာကို အကောင်းမြင်တတ်အောင် လေ့ကျင့်ရင်း ခေါင်းထဲကအဆိုးမြင်စိတ်တွေကို အတတ်နိုင်ဆုံး ချေဖျက်လိုက်ပါ။

ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့ သတ်မှတ်ချက်တွေက ကိုယ့်အပေါ်မူတည်ပါတယ်

Source: blog.bufferapp.com

ကိုယ့်ရဲ့အမြင်တွေ ကိုယ့်ရဲ့သတ်မှတ်ချက်တွေအားလုံးကလည်း ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ့်ရဲ့ သူတပါးပေါ်မြင်မိတဲ့ ပုံစံတွေဟာ များသောအားဖြင့် အဲဒီလူပေါ်မူတည်နေတာမဟုတ်ဘဲ ကိုယ့်ပေါ်သာ မူတည်နေတာပါ။ ဒီတော့ ကိုယ့်ရဲ့စိတ်ကို ဦးဆုံးဆန်းစစ်စေချင်ပါတယ်။

အကောင်းမြင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ

Source: asset.kompas.com

အရာရာအပေါ် အကောင်းမြင်စိတ်လေးထားပါ။ အဲဒါဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အတွက် ပြောတာပါ။ အဆိုးမြင်သမားတွေဟာ အမြဲတမ်း ပူလောင်နေတတ်ပါတယ်။ ဒါ့ကြောင့် အကောင်းမြင်တတ်တဲ့ အလေ့အထကို ဘယ်သူအတွက်မှ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းဖို့အတွက် မွေးမြူဖို့ ကြိုးစားပါ။

အကောင်းမြင်လာတတ်တာနဲ့အမျှ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်

Source: cdn.meraklisiicin.com

အထက်ကပြောခဲ့သလိုပါပဲ။ အဆိုးမြင်သမားတွေဟာ ပူလောင်မှုကို ခံစားရသလို အကောင်းမြင်တတ်သူတွေဟာလည်း ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူတိုင်းကို အကောင်းဘက်က ဖြည့်တွေးပေးတတ်တဲ့အတွက် စိတ်ဟာ အေးချမ်းမှုကိုခံစားရပြီး နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာဖြစ်ပါတယ်။