အခုနောက်ပိုင်း ခေတ်စားလာတဲ့ Business Casual စတိုင်ကို သိပြီးကြပြီလားမသိဘူး။ ကျွန်တော်တို့နိုင်ငံလို ပူအိုက်တဲ့ရာသီဥတုနဲ့တော့ အတော်လေးသင့်တော်တယ်လို့ ပြောရမှာပါပဲ။ သင်ဟာအမြဲတမ်း Air-Con အောက်ထိုင်နေရတဲ့သူဆို ရှပ်အင်္ကျီလက်ရှည် အပြင် Formal တွေဝတ်တာအရေးမကြီးပါဘူး။

Souce: The Fashionisto

သို့ပေမယ့် Sales Person ဒါမှမဟုတ် Client နဲ့တွေ့ဖို့ အပြင်ထွက်ပြီးသွားလာနေရတဲ့သူဆိုရင်တော့ အင်္ကျီနှစ်ထပ် သုံးထပ်နဲ့ ပူအိုက်ပြီး စမတ်ကျတော့မှာမဟုတ်ပါဘူး။ နောက်ပြီး Dress Code ၊ Uniform အပြင် Formal အဝတ်အစားတွေက စတိုင်ကျပေမယ့်စိတ်ကျဉ်းကျပ်ပြီး နေရထိုင်ရမလွတ်လပ်ပါဘူး။

Source: The Fashionisto

ဒီအချက်ကြောင့်ပဲ Business Casual Dress Codes ဆိုပြီး အလုပ်တွင်း စမတ်ကျကျပေါ့ပါးစွာဝတ်ဆင်နိုင်မယ့် ဆင်ယင်မှုကို အလုပ်ခွင်တွေမှာလက်ခံလာပေးကြတာကို ၂၀၁၇ လောက်ကတည်းကစပြီးတွေ့ရှိရပါတယ်။ Business Casual လို့သတ်မှတ်ထားပေမယ့် ပုံသေကားချက် ဝတ်ဆင်စရာမလိုပါဘူး။ ရာသီဥတုအလိုက်တော့ ဝတ်ဆင်မှုကကွာခြားသွားပါတယ်။

Source: The Fashionisto

နွေရာသီအတွက် ဥပမာပေးပြောရရင်တော့ Tie တွေမပါတော့ပဲ Pattern ပါပြီး အရောင်တောက်တဲ့အင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်သင့်တာပဲ ဖြစ်ပါတယ်။ Business Casual ဝတ်ဆင်ပုံအချို့ကိုအောက်မှာ ပုံနဲ့တကွဖော်ပြပေးချင်ပါတယ်။