အဆီတွေပိုလာပြီ၊ ဝလာပြီဆိုရင် လူတွေက လေ့ကျင့်ခန်းတွေ၊ ဂျင်မ်သွားဆော့တာတွေနဲ့ ကိုယ်ခန္ဓာကို ပြန်လည်ထိန်းသိမ်းတတ်ကြပါတယ်။ ဒီလေ့ကျင့်ခန်းတွေက တကယ်လိုအပ်တယ်ဆိုပေမယ့်လည်း အစားအသောက်တွေကို အရင်လို တဝတပြဲစားသောက်နေမယ်ဆိုရင်တော့ ဝိတ်ပြန်ကျဖို့ ခက်ခဲပါလိမ့်မယ်။

စားသောက်မှုပုံစံကြောင့်လည်း ပြောင်းလဲစေတယ်

Source: www.cbsnews.com

တကယ်တော့ ခန္ဓာကိုယ်အဆီတွေများလာတာတွေ၊ ဝိတ်တွေတအားတက်လာတယ်ဆိုတာတွေက အစားအသောက်နေထိုင်နေမှုပုံစံတွေကြောင့်လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံတွေကိုလည်း သေချာပြန်လည်ဆန်းစစ်သင့်ပါတယ်။

အဆီအဆိမ့်ပါတာတွေ ရှောင်ပါ

Source: trendymods.com

တတ်နိုင်သမျှ အဆီအဆိမ့်အစားအစာတွေကို ရှောင်ကြဉ်ရမှာပါ။ အဆီအဆိမ့်တွေက ဗိုက်တွင်းအဆီတွေစုသွားစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ အဆီအဆိမ့်တွေ ဘယ်လောက်တောင်ပါဝင်နေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

အသင့်စားအစားအစာတွေ

Source: www.marshallradio.net

အသင့်စားအစားအစာတွေကလည်း ကိုယ်အလေးချိန်တက်စေတဲ့ အစားအစာတွေထဲမှာပါဝင်ပါတယ်။ ဒီအသင့်စားအစားအစာတွေက ဘယ်လိုပုံစံနဲ့ ပြုလုပ်ထားသလဲဆိုတာ မသိနိုင်တဲ့အတွက် ဒီလိုအစားအစာတွေကိုလည်း တတ်နိုင်သလောက် ရှောင်ကြဉ်စေချင်ပါတယ်။ ဒါ့ပြင် ချိစ်တွေ၊ ဆီကြော်မုန့်တွေကိုလည်း ရန်သူလိုသဘောထားပြီး ရှောင်ပါ။

တတ်နိုင်သမျှ ဆီလျှော့စားပါ

Source: nutrineat.com

မြန်မာလူမျိုးတွေက ဟင်းချက်ရင် ဆီပြန်ချက်ကြတာ ဓလေ့ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ငယ်စဉ်ကတည်းကစွဲလာတဲ့ အလေ့တစ်ခုမို့ ဖျက်ရခက်တာကို နားလည်ပေမယ့် ကျစ်လစ်တဲ့ခန္ဓာကိုယ်ကို လိုချင်တယ်၊ အဆီပိတ်နေတာမျိုးကို အလိုမရှိဘူးဆိုရင်တော့ ဆီပြန်ဟင်းတွေ စားနေတာကို လျှော့ချပါ။ ရေကျဲချက်စားတာက ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။