အိမ်မှာ ပါတီကျင်းပဖို့အတွက် ဒီဇိုင်းအပြင်အဆင်တွေရော အစားအသောက်တွေကော ပြင်ဆင်လို့တော့ ပြီးပါပြီ။ ပါတီလာတဲ့သူတွေ ပျင်းရိမနေဘဲ ၊ တိတ်ဆိတ်ခြောက်သွေ့မနေဘဲ ၊ အူတိအူကြောင် ဖြစ်မနေဘဲ ပါတီနဲ့အတူ စီးမြောလို့ ရအောင် ဘယ်လိုအရာတွေ ထပ်ဖြည့်ရမလဲ စဉ်းစားရကြပ်နေပြီလား။ နည်းလမ်းကောင်းလေးတွေ လက်တို့ပေးမယ်နော်။

ပါတီတွင်း ရေကူးကန်နဲ့ ရေမြှုပ်ဘောတွေ ထည့်လိုက်ပါ။

Source: Shutterstock

ရေကူးကန်ပါပါမယ်ဆိုရင်တော့ ရေမြှုပ်ဘောလို အလှလေးတွေ ပြင်ဆင်ပေးထားသင့်ပါတယ်။ လူတွေလည်း ပျော်ရွှင်မှုရစေနိုင်သလို စိတ်လက်ပေါ့ပါးစေတဲ့ စိတ်ခံစားမှုတွေကိုပါရရှိစေနိုင်မှာပါ။ စိတ်လွတ်ကိုယ်လွတ် ကစားရတာဖြစ်တဲ့အတွက် ပါတီတွင်း ရင်းနှီးမှုကို ရရှိနိုင်သလို အူတိအူကြောင်လည်း ဖြစ်မနေတော့ပါဘူး။

ဂိမ်းတွေကိုလည်း မမေ့သင့်ပါ။

Source: Shutterstock

ကစားနည်းတွေကို မကြိုက်တဲ့သူတွေရယ်လို့ မရှိပါဘူး။ ပါတီတွင်းမှာ ဘယ်လိုကစားလို့ရနိုင်မလဲဆိုတဲ့ ကစားနည်းတွေကိုလည်း ကြိုတင်တွေးထားသင့်ပါတယ်။ တွေးမိတဲ့ ဂိမ်းအမျိုးအစားတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ကော့တေးလ်ဘားကိုလည်း ထည့်တွက်ပါ။

Source: Shutterstock

ဆော့ကစားစရာ ဂိမ်း ရှာမတွေ့ဘူး ၊ စဉ်းစားမရဘူးဆိုရင်တော့ ကော့တေးလ်ဘားမှာ အရက်တွေ ၊ ဘီယာတွေ ၊ ဝိုင်တွေ ၊ ကော့တေးလ်တွေ အပြိုင်သောက်ပြီး ဆော့ကစားနိုင်ပါသေးတယ်။ ဒီ ဂိမ်းကလည်း တော်တော်များများ ဆော့ကစားတတ်ကြတဲ့ ဂိမ်းဖြစ်ပြီး အရမ်းကို ပျော်စရာကောင်းပါတယ်။ ကိုယ့် limit ကိုယ်တော့ ထိန်းဖို့ လိုတာပေါ့နော်။