လူတွေက ဦးနှောက်ကြည်လင်ပြီး ထက်မြက်စေဖို့အတွက် လုပ်လို့ရတာ မှန်သမျှ လိုက်လုပ်တတ်ကြပါတယ်။ တကယ်တော့ ဦးနှောက်ကြည်လင်ပြီး ထက်မြက်စေမယ့်အရာဟာ ကိုယ့်လက်တစ်ကမ်းမှာပဲ ရှိတယ်ဆိုတာ သတိမမူတတ်ကြပါဘူး။ ဘယ်လိုအရာတွေနဲ့ ဦးနှောက်ကြည်လင်အောင် လုပ်ကြမလဲ။

လေ့ကျင့်ခန်းတွေက ဦးနှောက်အတွက်အလွန်ကောင်းပါတယ်

Source: The Independent

စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းနဲ့ အစားအသောက်တွေထက် ခန္ဓာကိုယ် လှုပ်ရှားမှုတွေက ဦးနှောက်အတွက် အထောက်အပံ့ ပိုမိုရရှိစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ စိတ်လက်ပေါ့ပါးသွားတာ သိကြမှာပါ။ တကယ်တော့ စိတ်ပဲပေါ့ပါးသွက်လက်တာမဟုတ်ပါဘူး မှတ်ဥာဏ်ကိုလည်း ထက်မြက်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ

Source: The Independent

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ထဲမှာ Brain-Derived Neurotropic Factor (BDNF) လို့ ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို ထုတ်ပေးပါတယ်။ BDNF  ဆိုတာ ဦးနှောက်ဆဲလ်အသစ်တွေကို ကြီးထွားစေပြီး ဆဲလ်တွေကို ချိတ်ဆက်မှုတိုးစေကာ မှတ်ဥာဏ်ကို ဖွံ့ဖြိုးစေတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

BDNF ပမာဏများရင် ဘာဖြစ်တတ်လဲ။

Source: Best Health Magazine Canada

ဦးနှောက်ထဲမှာ BDNF  ပမာဏများလေလေ မှတ်ဥာဏ်တိုးလေလေဖြစ်လို့ ခန္ဓာကိုယ်လှုပ်ရှားမှုကို ပုံမှန်လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှာ ရက်သတ္တပတ်အဆုံးမှာ အပြင်းအထန်လုပ်တာထက် နေစဉ်ပုံမှန်လုပ်သွားတာက ပိုကောင်းပါတယ်။ သင်ဟူား ဦးနှောက်မှတ်ဥာဏ်  တိုးဖို့ Cross World Puzzle ကစားတတ်သူဆိုရင် အခုကစပြီး လမ်းလျှောက်တဲ့ အလေ့အထကို မွေးမြူပါ ၊ အေရိုးဗစ်လေ့ကျင့်ခန်း နဲ့ အခြားလေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။