ဂျင်းဘောင်းဘီဆိုတာ ယောက်ျားလေးတွေ အရမ်းကို ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီမရှိတဲ့ ယောက်ျားလေးတွေဆိုတာ မရှိသလောက်ရှားပါတယ်။ ယောက်ျားလေးတစ်ယောက်အနေနဲ့ ဂျင်းဘောင်းဘီ အမျိုအစားပေါင်းများစွာ ပိုင်ဆိုင်ကြပါတယ်။ တချို့ဆို ဂျင်းဘောင်းဘီ အမျိုးအစားပုံစံတူကိုတောင် အများကြီး ဝယ်ထားတတ်ကြသူတွေရှိပါတယ်။

အနံ့အသက်ဆိုးတဲ့ ဂျင်းဘောင်းဘီတွေ

Source: www.bcfsydney.wordpress.com

လျှော်တာတောင်မှ အနံ့အသက်တွေ မပြောင်ဘဲ ဘောင်းဘီမှာ အနံ့အသက်စိုထိုင်းထိုင်းတွေ ရှိနေဆဲပဲဆိုရင် တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ ကိုယ်အရမ်းကြိုက်နှစ်သက်တဲ့ ဘောင်းဘီဆိုရင် ပိုနှမြောနေမှာ အသေအချာပါပဲ။

ဘယ်လိုလုပ်ရမလဲ

Source: www.uk.businessinsider.com

ဘောင်းဘီကို သေချာသပ်သပ်ရပ်ရပ်ခေါက်လိုက်ပါ။ ပြီးရင် ကြွပ်ကြွပ်အိတ်တစ်လုံးရှာပြီး ခေါက်ထားတဲ့ ဂျင်းဘောင်းဘီကို အဲဒီကြွပ်ကြွပ်အိပ်ထဲထည့်ပြီး လုံအောင်ပြန်ပိတ်လိုက်ပါ။ ဇစ်ကလေးတွေပါတဲ့ အိတ်မျိုးဆိုပိုကောင်းပါတယ်။ အိတ်လည်း သန့်နေဖို့လိုပါလိမ့်မယ်။

ရေခဲသေတ္တာထဲ ထည့်ပါ

Source: i.pinimg.com

ပြီးရင်တော့ အဲဒီအလုံပိတ်ထားသော ဂျင်းဘောင်းဘီထည့်ထားတဲ့ အိတ်ကို ရေခဲသေတ္တာထဲ ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အနံ့အသက်တွေ မပြောင်ဘဲ စိတ်ပျက်စရာအနံ့ဆိုးတွေ ရှိနေတဲ့ ဘောင်းဘီတွေ အနံ့အသက်ပျောက်ကင်းသွားပါလိမ့်မယ်။