[Zawgyi]

ေဒါသထြက္ေနတဲ့ တစ္မိနစ္တိုင္းမွာ သင္ဟာ ေပ်ာ္ရႊင္ျခင္း စကၠန္ ့၆၀ ဆံုးရံႈးေနတယ္လို ့အီမာဆင္က ေျပာခဲ့ဖူးပါတယ္။ ေဒါသဟာ စိတ္အားကို ကုန္ခမ္းေအာင္ ေလာင္ျမိႈက္ေနတဲ့ မီးနဲ ့တူပါတယ္။ ေဒါသေၾကာင့္ဘဝမွာ ဆံုးရံႈးမႈေတြအမ်ားၾကီး ရိွျပီး ဒီလို ဆံုးရံႈးမႈေတြကို မျဖစ္ေအာင္ တားဖို ့ဆိုရင္ ေဒါသကို တိုက္ဖ်က္ႏိုင္မယ့္နည္းလမ္း သိထားဖို ့လိုပါတယ္။

(၁) ဝမ္းဗိုက္နဲ ့အားစိုက္ အသက္ရႈျခင္း

Source: psychologytoday

ဟားဗတ္ေဆးေက်ာင္းကေတာ့ ေဒါသျဖစ္လာရင္ ေလျပင္းျပင္းရႈျပီး ဝမ္းဗိုက္ေဖာင္းလာတာကို စိုက္ၾကည့္ဖို ့အၾကံေပးပါတယ္။ ဗိုက္တစ္ခုလံုး ေလနဲ ့ျပည့္လာတဲ့အထိ ရႈသြင္းလိုက္တာနဲ ့စိတ္ေရာ ကိုယ္ပါ အနားရသြားတာ သိသာပါတယ္။ ဒါဟာ ခႏၶာကိုယ္က ၾကြက္သားေတြပါ ေျပေလ်ာ့ေစျပီး ႏွလံုးခုန္ႏႈန္းကို ခ်ိန္ညိွေပးႏိုင္မွာပါ။

(၂) ဘာမွမေတြးဘဲ ျငိမ္ေနပါပ

Source: Pixabay

ေဒါသေၾကာင့္ ကိုယ့္ကိုယ္ကို အနာမခံပါနဲ ့။ ေဒါသဟာ အဆိုးျမင္စိတ္ကိုပါ ပိုတိုးေစတာေၾကာင့္ ေဒါသထြက္ေနခ်ိန္ ဘာအေၾကာင္းမွ မေတြးဘဲ တစ္ေယာက္ထဲ ဆိတ္ျငိမ္တဲ့ေနရာမွာ တိတ္ဆိတ္ေနတာတို ံ၊ တစ္ေယာက္ေယာက္ကို ကိုယ့္ခံစားခ်က္ေတြ ဖြင့္ေျပာတာတို ့လုပ္ျပီး ေျဖေလွ်ာ့သင့္ပါတယ္။
ေဒါသထြက္ေနခ်ိန္ ေဒါသျဖစ္စရာေနရာက ခဏခြာပါ။ လမ္းေလးဘာေလးေလွ်ာက္ အသက္ေလး ဘာေလးရႈ ၊ စကားေတြ မမွားေအာင္ေနျပီး စိတ္ေလွ်ာ့လိုက္ပါ။ ျပီးမွ အဲဒီျပႆနာျဖစ္ခဲ့တဲ့ ကာယကံရွင္နဲ ့စကားေအးေဆးေျပာျပီး ေဆြးေႏြးသင့္ပါတယ္။

(၃) သင့္ကို ေပ်ာ္ေစတဲ့ အေၾကာင္းေတြ ျမင္ေယာင္လိုက္ပါ

Source: Unsplash

အဆိုးျမင္စိတ္မ်ားေနျပီး စိတ္ပူေလာင္ေနခ်ိန္မွာ ကိုယ့္ကို ေပ်ာ္ရႊင္ေစခဲ့တဲ့ အရာေတြ ၊ အေတြးေတြဆီ ကိုယ့္ကိုယ္ကို ေမာင္းႏွင္လိုက္ပါ။ ေပ်ာ္စရာမွတ္ဥာဏ္က ဒီပူေလာင္ေနတဲ့ စိတ္ကို သက္သာရာရေစပါလိမ့္မယ္။
စိတ္မြန္းၾကပ္စရာအေျခအေနကေန လြန္ေျမာက္ဖို ့ကိုယ့္ကိုယ္ကိုေရာ ေဘးက လူေတြကိုပါ ဟာသေတြ ေျပာေပးဖို ့လိုပါတယ္။ တင္းၾကပ္ပိတ္ေလွာင္ေနျခင္းကေန ေပါ့ပါးသက္သာလာမွာပါ။ ေဒါသျဖစ္စရာေကာင္းတဲ့ အခ်ိန္မွာ ေဝဖန္တာေတြ ၊ အျပစ္တင္တာေတြ လုပ္မယ့္အစား ေပါ့ပါးေအာင္ ျပဳျပင္ျပီးမွ ထိေရာက္ေအာင္ ေဆြးေႏြးတာ အမွန္ဆံုး နည္းလမ္းပါ။

[Unicode]

ဒေါသထွက်နေတဲ့ တစ်မိနစ်တိုင်းမှာ သင်ဟာ ပျော်ရွှင်ခြင်း စက္ကန့်၆၀ ဆုံးရှုံးနေတယ်လို့အီမာဆင်က ပြောခဲ့ဖူးပါတယ်။ ဒေါသဟာ စိတ်အားကို ကုန်ခမ်းအောင် လောင်မြှိုက်နေတဲ့ မီးနဲ့တူပါတယ်။ ဒေါသကြောင့်ဘဝမှာ ဆုံးရှုံးမှုတွေအများကြီး ရှိပြီး ဒီလို ဆုံးရှုံးမှုတွေကို မဖြစ်အောင် တားဖို့ဆိုရင် ဒေါသကို တိုက်ဖျက်နိုင်မယ့်နည်းလမ်း သိထားဖို့လိုပါတယ်။

(၁) ဝမ်းဗိုက်နဲ့အားစိုက် အသက်ရှုခြင်း

Source: psychologytoday

ဟားဗတ်ဆေးကျောင်းကတော့ ဒေါသဖြစ်လာရင် လေပြင်းပြင်းရှုပြီး ဝမ်းဗိုက်ဖောင်းလာတာကို စိုက်ကြည့်ဖို့အကြံပေးပါတယ်။ ဗိုက်တစ်ခုလုံး လေနဲ့ပြည့်လာတဲ့အထိ ရှုသွင်းလိုက်တာနဲ့စိတ်ရော ကိုယ်ပါ အနားရသွားတာ သိသာပါတယ်။ ဒါဟာ ခန္ဓာကိုယ်က ကြွက်သားတွေပါ ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို ချိန်ညှိပေးနိုင်မှာပါ။

(၂) ဘာမှမတွေးဘဲ ငြိမ်နေပါပ

Source: Pixabay

ဒေါသကြောင့် ကိုယ့်ကိုယ်ကို အနာမခံပါနဲ့။ ဒေါသဟာ အဆိုးမြင်စိတ်ကိုပါ ပိုတိုးစေတာကြောင့် ဒေါသထွက်နေချိန် ဘာအကြောင်းမှ မတွေးဘဲ တစ်ယောက်ထဲ ဆိတ်ငြိမ်တဲ့နေရာမှာ တိတ်ဆိတ်နေတာတို ံ၊ တစ်ယောက်ယောက်ကို ကိုယ့်ခံစားချက်တွေ ဖွင့်ပြောတာတို့လုပ်ပြီး ဖြေလျှော့သင့်ပါတယ်။
ဒေါသထွက်နေချိန် ဒေါသဖြစ်စရာနေရာက ခဏခွာပါ။ လမ်းလေးဘာလေးလျှောက် အသက်လေး ဘာလေးရှု ၊ စကားတွေ မမှားအောင်နေပြီး စိတ်လျှော့လိုက်ပါ။ ပြီးမှ အဲဒီပြဿနာဖြစ်ခဲ့တဲ့ ကာယကံရှင်နဲ့စကားအေးဆေးပြောပြီး ဆွေးနွေးသင့်ပါတယ်။

(၃) သင့်ကို ပျော်စေတဲ့ အကြောင်းတွေ မြင်ယောင်လိုက်ပါ

Source: Unsplash

အဆိုးမြင်စိတ်များနေပြီး စိတ်ပူလောင်နေချိန်မှာ ကိုယ့်ကို ပျော်ရွှင်စေခဲ့တဲ့ အရာတွေ ၊ အတွေးတွေဆီ ကိုယ့်ကိုယ်ကို မောင်းနှင်လိုက်ပါ။ ပျော်စရာမှတ်ဉာဏ်က ဒီပူလောင်နေတဲ့ စိတ်ကို သက်သာရာရစေပါလိမ့်မယ်။

စိတ်မွန်းကြပ်စရာအခြေအနေကနေ လွန်မြောက်ဖို့ကိုယ့်ကိုယ်ကိုရော ဘေးက လူတွေကိုပါ ဟာသတွေ ပြောပေးဖို့လိုပါတယ်။ တင်းကြပ်ပိတ်လှောင်နေခြင်းကနေ ပေါ့ပါးသက်သာလာမှာပါ။ ဒေါသဖြစ်စရာကောင်းတဲ့ အချိန်မှာ ဝေဖန်တာတွေ ၊ အပြစ်တင်တာတွေ လုပ်မယ့်အစား ပေါ့ပါးအောင် ပြုပြင်ပြီးမှ ထိရောက်အောင် ဆွေးနွေးတာ အမှန်ဆုံး နည်းလမ်းပါ။