လူတိုင်းမှာ ဝမ်းနည်းအားငယ်ရတဲ့ အချိန်တွေဆိုတာ ရှိကြမြဲပါ။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဝမ်းနည်းအားငယ်မှုတွေကို ခံစားကြရတာ လူတိုင်းပါပဲ။ ဒီတော့ အရေးကြီးဆုံးအပိုင်းကတော ဒီလို ဝမ်းနည်းအားငယ်နေချိန်မှာ စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးကျမသွားဖို့က အရေးကြီးတာပါ။

ဝမ်းနည်းမှုကို ဖြေဖျောက်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း

Source:www.ecclesiastical.com

ဝမ်းနည်းအားငယ်မှုကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုကြီးလဲလို့ တွေးကောင်းတွေးနိုင်ပေမယ့် ကိုယ့်ရဲ့ အလုပ်မှာ ဒါမှမဟုတ် ပရဟိတ အဖွဲ့တစ်ခုခုမှာ ဒါမှမဟုတ် ဘုရားမှာ ဝေယျာဝစ္စလုပ်တာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်ကြည့်လိုက်ပါ။

ရင်ထဲပြန်တိုးဝင်လာမယ့် ပျော်ရွှင်မှုခံစားချက်

Source:www.betterment.com

လုပ်အားဒါန ၊ ပညာဒါန စတဲ့ အလုပ်တွေက ရင်ထဲက ပျော်ရွှင်မှုခံစားချက်ကို တိုးစေပြီး လန်းဆန်းတက်ကြွစေပါတယ်။ မိမိဘဝအပေါ် ကျေနပ်မှုရှိလာခြင်း ၊ စိတ်ခံစားချက်တွေအပေါ် ထိန်းချုပ်နိုင်စွမ်းမြင့်တက်လာခြင်း ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်ကောင်းမွန်လာခြင်း ၊ စိတ်ဓာတ်ကျဆင်းမှု လျော့နည်းလာခြင်း နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာခြင်း စတဲ့ အကျိုးဆက် တွေကို ရရှိစေပါတယ်။

လူများတဲ့ နေရာတွေမှာ မနေချင်သူတွေအတွက်

Source:www.wazoku.com

အဓိကက ပီတိပါ လူတွေများလွန်းတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားတာတွေ မလုပ်ချင်ဘူးဆိုရင်လည်း အိမ်မှာပဲ မိသားစုတွေနဲ့အတူ ချက်ပြုတ်ပြီး အိမ်ရာမဲ့ကလေးတွေနဲ့တကယ်လိုအပ်သူတွေကို ကျွေးမွေးနိုင်ပါတယ်။

 

Source: spotless-team.co.uk

ပိုင်ဆိုင်မှုမဲ့ရှာသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်တဲ့အခါ မျှဝေပေးကမ်းရတဲ့ ခံစားချက် ပီတိကို နှလုံးသားထဲကနေ အပြည့်အဝ ခံစားလိုက်ရမှာပါ။ တစ်ခုပိုင်ဆိုင်လို့ တစ်ဝက်ခွဲပေးလိုက်ရတာက အမြင်အားဖြင့် ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ရင်ထဲက ဖြစ်ပေါ်လာတဲ့ ပီတိကတော့ ဘာနဲ့မှ မတူပါဘူး။ အများအကျိုးဆောင်ခြင်းက ကုသိုလ်လည်း ရတဲ့အပြင် စိတ်ရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ရှာတွေ့ဖို့ ပိုင်ဆိုင်မှုကို မျှဝေလိုက်ပါ။