အသက် ၅၀ ကျော်သွားလို့ လေ့ကျင့်ခန်းတွေ မလုပ်တော့ဘူးဆိုတာကတော့ မဟုတ်သေးပါဘူး။ ဘယ်အရွယ်ရောက်ရောက် လေ့ကျင့်ခန်းကတော့ လုပ်ကိုလုပ်နေသင့်ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်နေမှ ကိုယ်လက်လှုပ်ရှားမှု မပြတ်ဖြစ်နေမှာပါ။ ကိုယ်လက်လှုပ်ရှားမှု မပြတ်မှ ကျန်းမာကြံ့ခိုင်မှာပါ။

Source: https://cdn-media-2.lifehack.org/

ဒီတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် မလုပ်နိုင်တော့တဲ့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်မလဲ။

ယောဂလေ့ကျင့်ခန်း

Source: https://image.jimcdn.com

ဒီလေ့ကျင့်ခန်းကတော့ အသက်အရွယ်ကြီးရင့်သူတွေအတွက် အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းပါ။ ဘာသာတရား ကိုင်းရှိုင်းသူတွေအဖို့တော့ တရားထိုင်ရင် လေ့ကျင့်ခန်းလုပ်ရသလိုပါပဲ။ စိတ်ကိုတည်ငြိမ်အေးဆေးစေပြီး ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

လမ်းလျှောက်ခြင်း

Source: https://metrouk2.files.wordpress.com

မနက်အစောပိုင်း လူကြီးတွေ လမ်းလျှောက်ထွက်ကြတာကို မြင်ဖူးကြမှာပါ။ လူကြီးတွေအဖို့ နောက်ထပ် သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားပါ။ လေကောင်းလေသန့်ရနိုင်တဲ့ နေရာမျိုးတွေကို လမ်းလျှောက်ထွက်နိုင်ရင် ပိုကောင်းပါတယ်။ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အမောခံနိုင်တဲ့ လေ့ကျင့်ခန်းအမျိုးအစားပါ။

စက်ဘီးနင်းခြင်း

Source: https://bicycledutch.files.wordpress.com/

မြန်မာနိုင်ငံမှာတော့ လူကြီးတွေ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေကြတာကို မြင်နေရဆဲပါပဲ။ ဒါဟာ စက်ဘီးနင်းစက် ဝယ်စရာမလိုဘဲ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်သလို စိတ်ပြေလက်ပျောက် အပျင်းလည်း ပြေစေနိုင် ၊ လုပ်စရာရှိတာ သွားစရာရှိတာတွေလည်း တခါတည်း အပြီးပြတ်တဲ့ လေ့ကျင့်ခန်းပါပဲ။ သူကတော့ ကြွက်သားတွေအတွက်လည်း ကောင်းသလို အမောခံနိုင်ပြီး ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။